တိုက်ပွဲသတင်း

နောင်းမီတွင် KIA မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂ဦးထိခိုက်ဒဏ်ရာရရှိ

တနိုင်းလီဒိုလမ်း နောင်းမီကျေးရွာတွင် စစ်ရေးလှုပ်ရှားသွားလာသော စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီဘက် ၂ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

ဩဂုတ်လ ၁၁ရက်နေ့ ညနေပိုင်း ၅နာရီဝန်းကျင်ခန့်တွင် ဒွမ်ဘန်ကျေးရွာ ခလရ ၂၉၈ တပ်ရင်းမှ စစ်အင်အား ၆၀ ဝန်းကျင်က နောင်းမီကျေးရွာဘက်သို့ ခြေလျင်ဖြင့် တက်လာခဲ့ရာ ယခင်နောင်းမီကျေးရွာ ရွာဟောင်း အနီးတွင် KIA အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု နောင်းမီဒေသခံတစ်ဦး KNG ကို ပြောဆိုသည်။

“အရင် ရွာဟောင်းနားမှာဟုတ်တယ်။ တိုက်ပွဲဖြစ်တာတော့မဟုတ်ဘူး။ KIA က ကြိုတင်ထောင်ထားတဲ့ မိုင်းလို့ပြောတယ်။ ပေါက်ကွဲတာက တစ်ကြိမ်ဘဲ။ အဲ့နေရာမှာ ဗမာ စစ်သားတွေ ၂ယောက်က ဒဏ်ရာရသွားလို့ ဆေးရုံးကားနဲ့ လာတင်သွားတယ်”ဟုပြောဆိုသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့သည် လက်ရှိအချိန်အထိ နောင်မီကျေးရွာအဝင်အနီးရှိ ပြည်သူ့စစ်တပ်စခန်း နေရာတွင် ဆက်လက်ရှိနေသေးကြောင်း သိရပါသည်။

ဝါရာဇွပ်ဒေသခံ တစ်ဦးပြောဆိုချက်အရ နောင်မီကျေးရွာတွင် အဆိုပါ စစ်ကောင်စီ စစ်ကြောင်းအဖွဲ့ကို ကား ၃စီးဖြင့် သယ်ယူရန် စီစဉ်နေပြီး ရှဒူးဇွပ်ကျေးရွာဘက်သို့ စစ်အင်အားတိုးချဲ့ရန်လည်း ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုထားသည်။

ဩဂုတ်လ ၁၁ရက်နေ့ နံနက်ပိုင်း ၃နာရီဝန်းကျင်တွင် ရှဒူးဇွပ် စံပြကျေးရွာအတွင်းရှိသော မင်းဇင်သန့်ပြည်သူ့စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သွားရောက်တိုက်ခိုက်ခဲ့သောကြောင့် ၂ဖက်တပ် တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်။

Show More

Related Articles

Back to top button