သတင်း

အင်းတော်တွင် ငှက်ဖျားပိုးလာကုသည့် လူနာ နှင့် လူနာစောင့်ကို PDF ဟုစွပ်စွဲကာ စစ်ကောင်စီတပ် ဖမ်းဆီး

အင်းတော် ပြည်သူ့ဆေးရုံကြီးတွင် ငှက်ဖျားပိုးဝင်၍ ဆေးလာကုသည့် လူနာ နှင့် အစောင့်နှစ်ဦးကို PDF ဟု စွပ်စွဲကာ စစ်ကောင်စီတပ်မှ ဖမ်းဆီးထားပြီး လက်ရှိချိန်ထိ ပြန်မလွတ်သေးကြောင်း ဒေသခံများထံ မှ သိရသည်။

ဩဂုတ်လ ၂၁ ရက်နေ့ ညပိုင်းတွင် အင်တော်မြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် ငှက်ဖျားပိုးဝင်၍ ဆေးလာကုသည့် အမျိုးသားတစ်ဦးနှင့် လူနာစောင့်အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦး ၃ ဦးတို့ကို PDF ဟု စွပ်စွဲကာ စစ်ကောင်စီက ဖမ်းဆီးထားကြောင်း အင်းတော်မြို့နယ် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၁ ရက်နေ့မှာ လူနာတစ်ယောက် ငှက်ဖျားပိုးဦးနောက်မှာ ဝင်လို့ရောက်လာတယ်။ လူနာတစ်ယောက် အဲ့ဒါကို ရဲတွေက PDF ပါ PDF မို့လို့ ငှက်ဖျားဖြစ်တာဆိုပြီးတော့ ရဲတွေက တစ်ခါတည်းဖမ်းသွားတယ်။ လူနာကိုတော့ ဆေးရုံမှာပဲခြေလက်ကို ချုပ်ထားတယ်။ လူနာစောင့် နှစ်ယောက်ကိုတော့ ဖမ်းသွားလိုက်တယ်။ လူနာကတော့ သတိပြန်ဝင်လာပြီတဲ့ ပထမကတော့သတိလစ်နေတာ ဖမ်းသွားတဲ့ နှစ်ယောက်လည်း ဒီနေ့ထိပြန်မလွတ်ပေးသေး ဘူးဟုပြောဆိုသည်။

လူနာဖြစ်သူမှာ ဆေးကုသမှုခံယူနေဆဲ ဖြစ်ပြီး လူနာစောင့် ၂ဦးကို အင်းတော်နယ်မြေရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။

အဆိုပါ စွပ်စွဲခံရသေညာ ၃ဦးသည် အင်းတော်မြို့နယ် PDF အဖွဲ့နှင့် ဆက်စပ်မှုမရှိကြောင်း အင်းတော် PDF တာဝန်ရှိသူတစ်ဦး ပြောသည်။

သူတို့ကဘယ်ရွာကလည်းတော့သေချာမသိရသေးဘူး လယ်လုပ်တဲ့သူတွေလို့သိရတယ် မြို့ထဲကတော့မဟုတ်ဘူး။ ရွာထဲက PDF တော့မဟုတ်ဘူး ဟုပြောသည်။

လက်ရှိ PDF ဖြစ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးခံရမှုသည် ဆေရုံသို့ ဆေးလာရောက်ကုသသည့် ပြည်သူများ၏ ကိုယ်ရေးမှတ်တမ်းကို စစ်ကောင်စီသို့ သတင်းပေးမှုကြောင့် ဖြစ်သည်ဟုသိရသည်။

စစ်ကောင်စီအဖွဲ့မှ ဆေရုံသို့ ဆေးလာရောက်ကုသသူများကို မသင်္ကာမှုဖြင့် ဖမ်းဆီးရိုက်နက်မှုများ ယခင်ကလည်း ရှိခဲ့ကြောင်းလည်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။

ပြည်သူတွေကို အခုလိုမျိုးစွပ်စွဲပြီး ဖမ်းတော့အခက်အခဲကတော့ရှိတယ်။ သူတို့အဲ့လိုမျိုးအချက်အလက်တွေ ပေးပို့တော့စွပ်စွဲခံရတဲ့လူလည်းနစ်နာတယ် ဆေးရုံ ဆေးခန်းတွေလည်း မပြရဲကြတော့တဲ့အထိပဲ ဟု ဒေသခံတစ်ဦးကပြောသည်။

အင်းတော် PDF အနေဖြင့် ယခုကဲ့သို့ စစ်ကောင်စီနှင့်ပူးပေါင်းသည့် လျှပ်စစ်ရုံး နှင့် အခြားဌာနဆိုင်ရာရုံးများတွင် သတိပေးဗုံးဖောက်ခွဲမှုများရှိခဲ့ပြီး ပြည်သူ့ဆေးရုံအုပ်ကြီးကိုလည်း ရှေ့ဆက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သတိပေးထားသည်ဟု သိရသည်။

Show More

Related Articles

Back to top button