,

Breaking News :

ဖားကန့်တွင် အရပ်သား ၈၀ ကျော်ကို စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ထား

ကသာမြို့တွင် ရဲကားဖြင့် လိုက်လံပစ်ခတ်သဖြင့် လူငယ် ၁ ဦးသေဆုံး

ဦးရွှေမင်း ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့ တနိုင်ဒေသတွင် စတင်အခြေချ၊ ဒေသခံများကန့်ကွက်

ဖားကန့် ဆိပ်မူ စစ်ရှောင်ပြည်သူ ၅၀၀ ကျော်အတွက် အရေးပေါ်အကူအညီလိုအပ်နေ

ကရင်ချောင်ကျေးရွာအနီးက ကျောက်စိမ်းတူးသည့် အလုပ်သမား ၃၀ ကျော် ဖမ်းဆီးခံထားရ

ကားမိုင်းထွေအုပ်ရုံး ဗုံးဖောက်ခွဲခံရပြီး အုပ်ချုပ်ရေးမှူး ဒဏ်ရာပြင်းထန်ရရှိကာ ၁ ဦးသေဆုံး

ဖားကန့်တွင် အရပ်သားကား ၂ စီးကို စစ်ကောင်စီတပ် ပစ်ခတ်သဖြင့် ပြည်သူ ၁ ဦးသေဆုံး

ခင်ဦးတွင် ဒေသခံ ၂ သောင်းကျော်ထွက်ပြေးတိမ်းရှောင်နေရပြီး ဆေးဝါး၊ ဆောင်နှင့် အဝတ်အထည်များလိုအပ်နေ

ဖားကန့်တွင် ၁၀၀၀၀ ကျပ်တန်ငွေစက္ကူအတု ပိုမိုအသုံးပြုလာနေ

လုံးခင်းတွင် ဆိုင်ကယ်စီးနှင်လာသည့် လူငယ်တစ် ဦး သေနတ်ပစ်သတ်ခံရ

ကချင် စစ်ကိုင်း အစပ် KIA စခန်း ၂ နေရာကို စစ်ကောင်စီ မှ ဂျက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

စစ်ကောင်စီတပ်မှ စစ်ရေးလေ့ကျင်နေသည့် မြင်ကွင်း – ပုံဟောင်းအသုံးပြုထားသည် Photo – Crd

ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းအစပ် ၂ နေရာတွင် စစ်ကောင်စီတပ်မှ ယမန်နေ့ည ၁၀ နာရီဝန်းကျင်တွင် ဂျက်လေယာဉ် ၂စီး စီဖြင့် လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်ခံရသော နေရာများမှာ ကသာ မိုးတားအနီး တဝိုက်နှင့် မိုးညှင်းခရိုင်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ နယ်မြေတွင်ဖြစ် Yak 130 အမျိုးအစား ဂျက်တိုက်လေယာဉ် ၂စီးဖြင့် လာရောက် ဗုံးကျဲတိုက်ခိုက်ခဲ့ဟု KIA ရှေ့တန်း သတင်းရင်းမြစ် တစ်ဦးက KNG ကို ပြောသည်။

“မနေ့ည လာပစ်တာက ၂ နေရာမှာ ဟုတ်တယ်။ တစ်နေရာမှာ ၂စီးစီနဲ့ လာပစ်တယ်။ မိုးတားဘက်လာပစ်တယ်။ နောက် တပ်မဟာ ၈ လာပစ်သွားတယ်။ သူတို့လာပစ်တဲ့ အချိန်ကလည်း သိပ်မကွာကြဘူး။ အဓိကတော့ KIA နှင့် PDF ရှိတယ်လို့ ထင်တဲ့ နေရာတွေမှာ လိုက်ပစ်ပုံရတယ်။ ထိခိုက်မှုက မရှိဘူးလို့ပြောတယ်” ဟု ပြောဆိုသည်။

အဆိုပါ ဂျက်လေယာဉ် ၄ စီးသည် ည ၁၀ နာရီခန့် မန္တလေးတိုင်း တံတားဦးမှ လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ထို့နောက် ယနေ့ နံနက်ပိုင်း ၆ နာရီဝန်းကျင်တွင်လည်း မြစ်ကြီးနား-မန္တလေး လမ်းပေါ် နဘားအထွက်တွင် စစ်ကောင်စီတပ်နှင့် KIA ၊ PDF ပူးပေါင်းတပ်တို့ကြား နံနက် ၁၁ နာရီဝန်းကျင်အထိ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

နဘားတွင် ဖြစ်ပွားနေသော တိုက်ပွဲ အခြေအနေနှင့် ပတ်သက်ပြီး အသေးစိတ် မသိရသေးပါ။

ယခုရက်ပိုင်း စစ်ကိုင်းဒေသ ကသာမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ စစ်အင်အားဖြည့်တင်းမှုများရှိနေပြီး ဩဂုတ်လ ၂၂ရက်နေ့တွင်လည်း ဘန့်ဘွေးကျေးရွာတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်ကို KIA နှင့် PDF အဖွဲ့တို့ သွားရောက်တိုက်ခိုက်မှုကြောင့် တိုက်ပွဲပြင်းထန်ခဲ့သည်။

Read Previous

ဟိုပင်မြို့ NLD ပါတီဝင်တစ်ဦးကို KIA က ပစ်သတ်လိုက်သည် ဆိုသော သတင်းအမှားဖြန့်နေ

Read Next

အင်းတော်တွင် ငှက်ဖျားပိုးလာကုသည့် လူနာ နှင့် လူနာစောင့်ကို PDF ဟုစွပ်စွဲကာ စစ်ကောင်စီတပ် ဖမ်းဆီး