Fact Checkသတင်း

Wave pay နှင့် KBZ pay Level-1 အကောင့်များကို ပိတ်သိမ်းတော့မည်ဆိုပြီး မဟုတ်မမှန် သတင်းအမှားဖြန့်နေ

ပြည်သူအများစု အသုံးပြုနေသော “Wave Pay Level 1 အကောင့်များ နှင့် KBZ Pay Level 1 အကောင့်များကို စက်တင်ဘာလ ၁၃ ရက်နေ့ နောက်ဆုံးထားပီး ပိတ်သိမ်းတော့မည်” ဆိုသော သတင်းအမှားများသည် လတ်တလော Telegram အကောင့်များတွင် ပြန့်နှံနေသည်ကို တွေ့ရသည်။

အဆိုပါ အကြောင်းအရာများကို ဩဂုတ်လ ၂၄ ရက်နေ့တွင် “Ko Kant” Telegram အကောင့်တွင် စတင်ရေးသားပြီး “Snow Queen” “BaNyunt” စသည့် Telegram အကောင့်များတွင်လည်း ပြန်လည် မျှဝေထားသည်ကို တွေ့ရသည်။

Wave Money Call Center 09790009000 နှင့် KBZ Customer Service 3211 ကို KNG မှ ဆက်သွယ်မေးမြန်းကြည့်ရာမမှန်ကန်ပါဘူးရှင်၊ ဘာလို့လဲဆိုတော့ ညီမတို့အကောင့်တွေအနေနဲ့က Customerတွေ မသိပဲနဲ့လည်း ပိတ်ပိုင်ခွင့်မရှိဘူး၊ ပြီးလို့ရှိရင် Customer တွေ ပိတ်မယ်ဆိုမှပဲ ပိတ်ပေးလို့ရတယ်ပေါ့နော်၊ Customer အကောင့်တွေကို ဘာမှ လုပ်ပိုင်ခွင့်မရှိဘူး၊ ကိုယ်သဘောကိုယ်သဘာဝပြီအရပဲလေ၊ ပြီးတော့ ဒီလိုမျိုး ညီမတို့ ဖေ့ဘုတ်မှာဆိုလည်း ဆိုရှယ်မီဒီယာမှာဆိုရင်လည်း KBZpay blue mark ပါတဲ့ page ကသာလျှင် တရားဝင်ပါ၊ တစ်ခုခု ဖြစ်ရင် အဲ pageမှာပဲ ကြေညာသွားမှာပါ။ လာမည့်စက်တင်ဘာလ တွင်လည်း ပိတ်သိမ်းဖို့ အစီအစဥ်မရှိပါဘူးဟု Kpay Customer Service က ပြန်လည်ဖြေကြားခဲ့သည်။

ထို့ကြောင့် Wave Pay level 1 နှင့် KBZ pay level 1 အကောင့်များကို စက်တင်ဘာလ ၁၃ ရက်နေ့တွင် နောက်ဆုံးထား ပိတ်သိမ်းတော့မည်ဆိုသည့်အချက်မှာ မဟုတ်မမှန် ဟောလဟာလ သက်သက်ဖြစ်ကြောင်း သိရှိနိုင်သည်။

ယခုလို ကာလများတွင် လူတစ်စုသည် ပြည်သူလူထုများ စိုးရိမ်မှုဖြစ်ပွားအောင် သတင်းအမှားများကို ရည်ရွယ်ချက် ရှိရှိ လုပ်ကြံကာ ရေးသားဖြန့်ဝေနေကြသည်ကို တွေ့ရပါသည်။

Show More

Related Articles

Back to top button