သတင်း

ဖားကန့်တွင် စစ်ကောင်စီသတင်းပေးဆိုရသည့် အမျိုးသားတစ်ဦး ထပ်မံ ပစ်သတ်ခံရ

ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာတွင် သြဂုတ် ၂၅ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီသတင်းပေး ဒလန်ဟုဆိုရသော အမျိုးသားတစ်ဦး သေနတ်ပစ်သတ်ခံရကြောင်း ဒေသခံများထံမှသိရသည်။

ဟောင်ပါးကျေးရွာနှင့် တာမခံကျေးရွာကြားရှိ ဥရုချောင်း ချောင်းကမ်းအနီးတွင် သတ်ခံလိုက်ရခြင်းဖြစ်ပြီ ရုပ်အလောင်းကို နေ့လယ်ပိုင်းမှသာဒေသခံများက တွေ့ရှိခဲ့ကြောင်း ဟောင်ပါးကျေးရွာနေ အမျိုးသမီးတစ်ဦးက KNG သတင်းကိုပြောသည်။

စစ်ကောင်စီသတင်းပေးဒလန် သတ်ခံရတယ်လို့ ဒီလိုဘဲပြောကြတယ်။ သူ့ရင်ဘတ်မှာ သေနတ်ဒဏ်ရာနှစ်ချက်တွေ့တယ်ဟု ဟောင်ပါးကျေးရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။

သတ်ခံရသော အမျိုးသားသည် ဟောင်ပါးကျေးရွာမှ အသက် ၅၈ နှစ်အရွယ်ရှိ ဦးကျော်သန်းဆိုသူဖြစ်ပြီး ၎င်းအား မည်သည့်အဖွဲ့အစည်းမှ သတ်ဖြတ်သွားသည်ကို မသိရသေးကြောင်း ဒေသခံများကပြောသည်။

ရုပ်အလောင်းကို ကြက်ခြေနီအသင်းမှ ယမန်ည ၈ နာရီဝန်းကျင်ခန့်တွင် လာ‌ရောက်သယ်ယူပြီး ဖားကန့် ရင်ခွဲရုံသို့ပို့ဆောင်လိုက်ကြောင်းသိရသည်။

ဖားကန့်ဒေသတွင် ယခုကဲ့သို့ စစ်ကောင်သတင်းပေး ဒလန်ဟုဆိုရသော သူများ ပစ်သတ်ခံရမှု မကြာခဏ ကြုံတွေ့နေရပြီး ယခုနှစ်အတွင်း ပစ်သတ်ခံရသူ ၂၀ ကျော်အထက်ရှိပြီဖြစ်သည်။

Related Articles

Back to top button