သတင်း

လုံးခင်းတွင် PDF နှင့် ဆက်စပ်သူတစ်ဦးဖမ်းခံရပြီး အိမ်နှင့်ကား မီးရှို့ဖျက်ဆီးခံရ

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ပုံကျေးရွာတွင် PDF နှင့် ဆက်စပ်သူ အမျိုးသားတစ်ဦးကို ယမန်ည ၉နာရီဝန်းကျင် စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

ဖမ်းဆီးခံရသူသည် အသက် ၃၀နှစ်အရွယ်ရှိ ကိုဇော်မင်းဦးခေါ်သူဖြစ်ပြီး သူ၏ ပိုင်ဆိုင်သည့် အိမ်နှင့်ကားတစ်စီးကိုလည်း မီးရှို့ဖျက်ဆီးသွားသည်ဟု ဇော်မင်းဦးနှင့် နီးစပ်သူ ဒေသခံတစ်ဦး KNG ကိုပြောသည်။

မနေ့က ညတွင်းကြီးမှာလာဖမ်းသွားတာ အိမ်သားတွေ ကိုတော့ အပြင်မှာခေါ်ထုတ်ထားတယ်။ ပြီးရင် မောက်လျက်အိပ်ခိုင်းပြီး ဘယ်သူ့ကိုမှခေါင်းမထောင် နဲ့ ခေါင်းထောင်ရင်ပစ်မယ်ဆိုပြီး အိမ်ကိုမီးရှို့သွားတယ်။ ဇော်မင်းဦးရဲ့ Kluger ကားတစ်စီးလည်းမီးရှို့သွားတယ်ဟုပြောသည်။

ကိုဇော်မင်းဦးဖမ်းဆီးခံရမှုတွင် ၎င်း၏ ယာဉ်မောင်းဖြစ်သူ လူငယ်တစ်ဦးပါရှိကြောင်းသိရသည်။

အဓိကဖမ်းတာက PDF နဲ့ဆက်စပ်တယ်ဆိုပြီးဖမ်းတာ။ စစ်သားတွေက အိမ်နောက်ဖေးဘက်ကနေလာပြီး ဝင်ဖမ်းသွားတာ။ သူ့ရဲ့ ယာဉ်မောင်းလည်းပါသွားတယ်ဆက်ဆိုသည်။

လက်ရှိ ယာဉ်မောင်းအပါ ကိုဇော်မင်းဦးကို မည်သည့်နေရာတွင် ဖမ်းဆီးထာသည်ကို မသိရှိရသေကြောင်း ဆက်လက်သိရသည်။

အလားတူ ယမန်နေ့တွင် ဖားကန့်မြို့ မှော်ဝှမ်းရပ်ကွက်နေ ကြံ့ခိုင်ရေးပါတီမှ ကိုကျော်ဦးကို အမည်မသိအဖွဲ့အစည်းတစ်ခုက လာရောက်ဖမ်းဆီးသွားသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။

Show More

Related Articles

Back to top button