သတင်း

အင်းတော် ပျူစောထီး သင်တန်းမှူးကို အင်းတော် PDF ရှင်းလင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်က ပျူစောထီးသင်တန်းပေးနေသည့် သင်တန်းမှူးကို အင်းတော်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (နယ်မြေ ရှင်းလင်းရေးအဖွဲ့ ) က ယမန်နေ့တွင် သုတ်သင် ရှင်းလိုက်ကြောင်း သိရသည်။

အင်းတော်မြို့နယ်၊ မဲဇာ ပျူစောထီးသင်တန်းမှူး ဦးမောင်နိုင်သည် သြဂုတ် ၂၇ ရက်နေ့တွင် ဗန်းမောက်မြို့မှ အင်းတော်မြို့သို့ ဆင်းလာစဥ် အင်းတော် PDF (နယ်မြေရှင်းလင်းရေး)အဖွဲ့က သုတ်သင်ရှင်းလင်းလိုက်ကြောင်း အင်းတော် PDF မှ တာဝန်ရှိသူ တစ်ဦးက KNG ကိုပြောသည်။

သူက ပျူစောထီးသင်တန်းမှူးပါ သူ့ရဲ့ သင်တန်းဆင်းလက်အောက်ခံတွေလည်း ဓားပြမှုတွေထဲမှာ ပါဝင်ပက်သက်နေတယ် အဲ့ဒါကြောင့်မို့လို့ရှင်းလင်းရေးတပ် ဖွဲ့ရ ရှင်းလင်းလိုက်တာ ၂၇ ရက်နေ့မနက်ပိုင်းလောက်မှာဖမ်းမိပြီးအဲ့နေ့ညပိုင်းလောက်မှာ ရှင်းလင်းလိုက်တာ ”ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရှင်းလင်းခံလိုက်ရသည့် ဦးမောင်နိုင်သည် ဝန်းသို (၁၁၁)တပ်မှ အငြိမ်းစား စစ်မှု ထမ်းဟောင်းတစ်ဦးဖြစ်ပြီး စစ်ဆေးမေး မြန်းချက်အရ အင်းတော်နယ်တစ် လျှောက် ဗျူစောထီး သင်တန်းများပေးခဲ့ဖူးကြောင်း သိရသည်။

ဦးမောင်နိုင် သင်တန်းပေးခဲ့သည့် ပျူစောထီး သင်တန်းဆင်းတပ်ဖွဲ့များသည် လွန်ခဲ့သည့် မေလ၊ ဇွန်လအတွင်းတွင် မန္တလေးမြစ်ကြီးနား လမ်းပိုင်း ခရီးသည်များနှင့် ကားသမားများထံ၌ ဓားပြတိုက်မှုများလည်း ကျူးလွန်ခဲ့ကြောင်းသိရသည်။

အင်းတော် PDF အနေဖြင့် ပျူစောထီးများကို ဖမ်းဆီးကွပ်မျက်ခြင်းမှာ ယခုပထမ ကြိမ်ဖြစ်ပြီး နောက်ထပ် စစ်ကောင်စီ ထောက်တိုင် များကိုလည်း စုံစမ်း စစ်ဆေးကာ အရေးယူသွားမည်ဟု ပြောဆိုသည်။

Show More

Related Articles

Back to top button