သတင်း

ဆေးရုံတွင် ငှက်ဖျားပိုး လာကုစဥ် ဖမ်းစီးခံရသည့် လူနာ နှင့် လူနာစောင့်နှစ်ဦးကို စစ်ကောင်စီ အမှုဖွင့်ထား

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် အင်းတော်ပြည်သူ့ဆေးရုံကြီးတွင် ငှက်ဖျားပိုးဝင်၍ ဆေးလာကုသည့် လူနာနှင့် လူနာစောင့်နှစ်ဦးကို PDF ဟု စွပ်စွဲကာ စစ်ကောင်စီတပ်မှ ဖမ်းဆီးထားပြီး အကြမ်းဖက်မှုဖြင့် အရေးယူထားကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

ဩဂုတ်လ ၂၁ ရက်နေ့ ညပိုင်းတွင် အင်တော်မြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် ငှက်ဖျားပိုးဝင်၍ ဆေးလာကုသည့် အမျိုးသားတစ်ဦး နှင့် လူနာစောင့်အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦး တို့ကို PDF ဟု စွပ်စွဲကာ စစ်ကောင်စီက ဖမ်းဆီး၍ လက်ရှိ အင်းတော်မြို့မ ရဲစခန်းရှိ အချုပ်ခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး အကြမ်းဖက်မှု ပုဒ်မဖြင့် အမှုဖွင့် တရားစွဲဆိုထားကြောင်း အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

အဲ့ဖမ်းသွားတဲ့သုံးယောက်က ပြန်မလွတ်သေးဘူး။ သူတို့ကိုအမှုဖွင့်ပြီး အမှုတွဲတောင် ခရိုင်ကို တင်ထားတယ်ကြားတယ်။ ရိုးရိုးအမှုလောက်ဆို မြို့နယ်နဲ့ပြီးတယ် အခုခရိုင်ကိုတင်ထားတယ် ပုဒ်မ ၅၀() နဲ့ လို့သိရတယ်။ သူတို့သုံးယောက်လုံး အဲ့ရဲစခန်းမှာပဲ နေမကောင်းတဲ့ တစ်ယောက်လည်း ရဲစခန်းကို ပြောင်းရွေ့လိုက်ပြီ” ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖမ်းခံရသည့် သုံးဦးအနက် လူနာစောင့်နှစ်ဦးသည် သြဂုတ် ၂၁ ရက်နေ့ကတည်းက အင်းတော် ရဲစခန်းတွင်ချုပ်ထားပြီး လူနာအမျိူးသမီးကိုမှု ဆေးရုံတွင် ခြေလက်ကြိုးသုတ်၍ ဆေးကုသစေပြီး အနည်းငယ်သက်သာလာချိန်တွင် အင်းတော် ရဲစခန်းသို့ပြောင်းရွေ့လိုက်ရာ မိသားစုဝင်များနှင့်လည်း ဆက်သွယ်မရသေးကြောင်း သိရသည်။

အဆိုပါ သုံးဦးကို တရားစွဲဆိုထားသည့် ဥပဒေပုဒ်မ ၅၀ () သည် ထောင်ဒဏ်တစ်သက် တစ်ကျွန်းအထိ ချမှတ်နိုင်သည့် ဥပဒေ ပုဒ်မဖြစ်သည်။

စွပ်စွဲခံရသူ ၃ ဦးသည် အင်းတော်မြို့နယ် PDF အဖွဲ့နှင့် ဆက်စပ်မှု မရှိကြောင်း အင်းတော် PDF တာဝန်ရှိသူတစ်ဦး ပြောသည်။

သူတို့ကဘယ်ရွာကလည်းတော့သေချာမသိရသေးဘူး လယ်လုပ်တဲ့သူတွေလို့သိရတယ် မြို့ထဲကတော့မဟုတ်ဘူး။ ရွာထဲက PDF တော့မဟုတ်ဘူး” ဟုပြောသည်။

အင်းတော်ပြည်သူ့ဆေးရုံကြီးတွင် ယခုလိုဖြစ်ရပ်များ ပုံမှန်ရှိနေသဖြင့် ဆေးလာကုသည့်ဒေသခံများအနေဖြင့် အခက်အခဲ ကြုံတွေ့နေကြောင်း သိရသည်။

Show More

Related Articles

Back to top button