သတင်း

စာဖတ်ပရိသတ် စိတ်ဝင်စားမည့် ခေါင်းစဉ်ဖြင့် သတင်းအမှားများကို ဖြန့်နေ

မင်းအောင်လှိုင်မိသားစုလုံးကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖမ်းချုပ်လိုက်ပီ၊ သူတို့ အလှည့်ရောက်ပြီဟေ့” ဆိုပြီး Youtube ပေါ်တွင် ဗီဒီယို ကြည့်ရှုမှုများအောင် သတင်းခေါင်းစဥ်အမှား ပြုလုပ်ထားသော ဗီဒီယိုတစ်ပုဒ် စတင်ဖြန့်နေသည်ကို တွေ့ရသည်။

အဆိုပါ သတင်းအမှားကို “DVB Myanmar Media” Youtube Channel တွင် ဩဂုတ်လ ၂၉ ရက်နေ့တွင် စတင်ဖြန့်ဝေလာခဲ့ပြီး ယခုအချိန်တွင် ဗီဒီယို ဝင်ရောက်ကြည့်ရှုသူ နှစ်ထောင်အထိ ရှိနေပြီဖြစ်သည်။

သတင်းအမှားဟု ဆိုရခြင်းမှာ မင်းအောင်လှိုင်တို့ မိသားစုကို အမျိုးသားညီညွတ်ရေးအစိုးရမှ ဖမ်းချုပ်ထားခြင်း မရှိသည်ကို နေ့စဉ် သတင်းများကိုဖော်ပြနေသော သတင်းမီဒီယာများတွင် ဖော်ပြထားခြင်း မရှိပါ။

ထို့ကြောင့် ဖော်ပြပါ အကြောင်းအရာမှာ သတင်းအမှားသာဖြစ်သည်ကို တွေ့မြင်နိုင်သည်။

လွန်ခဲ့သည့် ဩဂုတ်လ ၂၅ ရက်နေ့တွင်လည်းမင်းအောင်လှိုင်မိသားစုလုံးကို UN တပ်တွေ ဖမ်းလိုက်ပြီး မင်းအောင်လှိုင် ဘဝပျက်ပြီးဟေ့ဆိုပြီး ဗီဒီယို သတင်းခေါင်းစဥ်အမှား တစ်ပုဒ်ကို “DVB Myanmar Media” Youtube Channel တွင် ဖော်ပြခဲ့သည်ကို တွေ့ရသည်။

ယခုလို သတင်းခေါင်းစဥ်အမှားဖြင့် Youtube ဗီဒီယိုများ ပြုလုပ်လျှက်ရှိသော “DVB Myanmar Media” Youtube Channel မှ အကြောင်းအရာများသည် သတင်းဖတ်ရှုသော ပရိတ်သတ်များကို သတင်းအမှားပေးနေသည့်သာမက အဆိပ်အတောက်လည်း ဖြစ်စေနိုင်သည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် သတင်းများကို ဖတ်ရှုရာတွင် သတင်းအကြောင်းအရာများကို ဒေသတွင်းသတင်းမီဒီယာများမှ ဖော်ပြထားသော သတင်းများနှင့် တိုက်စစ်ပြီးမှ ယုံကြည်သင့်ပါသည်။

Show More

Related Articles

Back to top button