တိုက်ပွဲသတင်း

ခင်ဦးတွင် စစ်ကောင်စီနှင့်ပြည်သူ့ကာကွယ်ရေးတပ်များတိုက်ပွဲဖြစ် စစ်ကောင်စီဘက်က ၁၀ ဦး ခန့်သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် ပျဥ်ထောင်ကျေးရွာတွင် ပျူစောထီး၊ စစ်ကောင်စီ ပူးပေါင်းတပ် နှင့် နယ်မြေခံ ကာကွယ်ရေးတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၁၀ ဦးခန့် သေဆုံးကာ ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့က ပျဥ်ထောင်ကျေးရွာတွင် ရောက်ရှိနေသော ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့များကို နယ်မြေခံကာကွယ်ရေးတပ်များမှ ဒရုန်းဖြင့်ပစ်ခတ်ခဲ့ပြီးနောက် တဲစုကျေးရွာ ဦးတည်လာတဲ့ အင်အား ၄၀ ပါ စစ်ကြောင်းနှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ရောင်နီပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပျဥ်ထောင်ရွာက ပျူတွေ လုံခြုံရေးယူနေတဲ့အချိန် မြို့နယ် ပကဖက ဒရုန်းနဲ့ပစ်တယ် အောင်တော့မအောင်မြင်ခဲ့ဘူး။ အဲ့မှာအင်အား ၄၀ ကျော်လောက်နဲ့ တဲစုရွာကို ကင်းပုန်းဝပ်ပြီး တက်လာတယ်။ အဲ့မှာ တဲစုမှာ ကျနော်တို့အဖွဲ့တွေက တဲစုရွာကို ရောက်နေတာ တဲစုရွာကို ဝင်လို့မရအောင် ကျနော်တို့ကလည်းကင်းပုန်းချထားတယ် အဲ့မှာသူတို့က မသိပဲတက်လာတာ အဲ့မှာဝပ်ကျင်းမှာဝပ်နေတဲ့ အဖွဲ့တွေက မောင်းပြန်တွေနဲ့တစ်ပြိုင်တည်းပစ်တော့တာပဲ  ဟု ရောင်နီပြောက်ကျားအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထိတွေ့တိုက်ပွဲမှာ ၂ မိနစ်ခန့်သာကြာမြှင့်ခဲ့ပြီး စစ်သားနှင့် ပျူစောထီးများ အထိနာခဲ့ကာ ဒဏ်ရာရရှိသူများကိုလည်း လှည်း ၃စီး နှင့် သံချပ်ကာ ကားဖြင့်သယ်ယူသွားသည်ဟု သူက ဆက်ပြောသည်။

တဲစုကျေးရွာသည် ခင်ဦးမြို့၏ အနောက်ဖက်ခြမ်းတွင် တည်ရှိပြီး စစ်ကောင်စီ နှင့် ပျူစောထီးတို့ တပ်စွဲနေထိုင်သည့် ပျဥ်ထောင်ကျေးရွာနှင့် ကပ်လျက်ရှိပြီး တစ်ရွာနှင့်တစ်ရွာ လှမ်းမြင်ရသည့် အကွာအဝေးသာရှိကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါ တိုက်ခိုက်မူကို ရောင်နီပြောက်ကျားအဖွဲ့၊ Khin U Dynamite SquadN.L.R.G.F အဖွဲ့နှင့် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပါဝင်ခဲ့သည်ဟု သိရသည်။

Show More

Related Articles

Back to top button