,

Breaking News :

ဖားကန့်တွင် အရပ်သား ၈၀ ကျော်ကို စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ထား

ကသာမြို့တွင် ရဲကားဖြင့် လိုက်လံပစ်ခတ်သဖြင့် လူငယ် ၁ ဦးသေဆုံး

ဦးရွှေမင်း ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့ တနိုင်ဒေသတွင် စတင်အခြေချ၊ ဒေသခံများကန့်ကွက်

ဖားကန့် ဆိပ်မူ စစ်ရှောင်ပြည်သူ ၅၀၀ ကျော်အတွက် အရေးပေါ်အကူအညီလိုအပ်နေ

ကရင်ချောင်ကျေးရွာအနီးက ကျောက်စိမ်းတူးသည့် အလုပ်သမား ၃၀ ကျော် ဖမ်းဆီးခံထားရ

ကားမိုင်းထွေအုပ်ရုံး ဗုံးဖောက်ခွဲခံရပြီး အုပ်ချုပ်ရေးမှူး ဒဏ်ရာပြင်းထန်ရရှိကာ ၁ ဦးသေဆုံး

ဖားကန့်တွင် အရပ်သားကား ၂ စီးကို စစ်ကောင်စီတပ် ပစ်ခတ်သဖြင့် ပြည်သူ ၁ ဦးသေဆုံး

ခင်ဦးတွင် ဒေသခံ ၂ သောင်းကျော်ထွက်ပြေးတိမ်းရှောင်နေရပြီး ဆေးဝါး၊ ဆောင်နှင့် အဝတ်အထည်များလိုအပ်နေ

ဖားကန့်တွင် ၁၀၀၀၀ ကျပ်တန်ငွေစက္ကူအတု ပိုမိုအသုံးပြုလာနေ

လုံးခင်းတွင် ဆိုင်ကယ်စီးနှင်လာသည့် လူငယ်တစ် ဦး သေနတ်ပစ်သတ်ခံရ

ကပ်ဘေးနှစ်ခုကို အံတုရင်း ကြပ်တည်းလာသော လူနေမူဘဝ

ပုံ – ညစာအတွက် ထမင်းချက်နေသော ဒေါ်ဝင်း

မကျယ်မကျဉ်း အနေတော် ခြံဝန်းလေးထဲ ထံရံကာသွပ်မိုးထားတဲ့ အိမ်ကလေးအောက်မှာ နေထိုင်လာတာနှစ် ၂၀ ကျော်ရှိပြီဖြစ်တဲ့ အမျိုးသမီးကြီးတစ်ယောက်ဟာ မွေးထားတဲ့ဝက်မကြီးအတွက် အစာချက်ရင်း တစ်ဖက်မှာလည်း မိသားစုအတွက်ဟင်းချက်ကာ “အိမ်ထောင်သက် ၂၀ ကျော်အတွင်း ဒီကာလလောက်ခက်ခဲတာ မကြုံဖူးသေးဘူးလို့” ဆိုပါတယ်။

အဲ့ဒီ အမျိုးသမီးကတော့ မြစ်ကြီးနားမြို့နယ်က လူတန်းစားအလွှာပေါင်းစုံနေထိုင်ကြတဲ့ ရွာလေးတစ်ရွာက အသက် ၄၀ ကျော်အရွယ် ဒေါ်ဝင်း ဆိုသူဖြစ်ပါတယ်။ ဒေါ်ဝင်းမှာ သူ့အမျိုးသား ကိုကျော်ရယ် သူသားလေးနှစ်ယောက် သူ့သမီးလေးတစ်ယောက် သူအပါအဝင် မိသားစုဝင် ၅ ဦးရှိတယ်လို့ သူကဆိုပါတယ်။

ဒေါ်ဝင်းတို့မိသားစုဟာ နာနတ်သီးစိုက်ပြီးတော့ အသက်မွေးကြတဲ့ တောင်သူမိသားစုများဖြစ်ကြပြီး နာနတ်ရာသီမဟုတ်တဲ့ ကျန်အချိန်မှာတော့ အမျိုးသားဖြစ်သူက နေ့စားလုပ်လိုက်နဲ့ မိသားစုဘဝကိုရပ်တည်ခဲ့ကြတာပါ။

ဒီလိုနဲ့ သူတို့ မိသားစုဟာ ကိုဗစ်-၁၉ ကပ်ဘေးမတိုင်ခင်အထိ မိသားစု စားဝတ်နေရေး အဆင်ပြေနေခဲ့တယ်လို့ ဆိုရမှာပါ။

ကိုဗစ်မတိုင်ခင်ကာလတွေမှာ ဒေါ်ဝင်းတို့စိုက်တဲ့ နာနတ်သီးကို တရုတ်ပြည်က စျေးကောင်းပေးဝယ်ယူကြတဲ့အတွက် နာနတ်သီးပေါ်ချိန်ဆို သားသမီးသုံးယောက်အတွက် ပညာရေးစရိတ် ပူပန်စရာတစ်ခုမျှ မရှိခဲ့ပါ။

သို့သော် ကိုဗစ်ရောဂါ မြန်မာနိုင်ငံကို စတင်ကူးစက်လာတဲ့အချိန်ကစလို့ ဒေါ်ဝင်းတို့ မိသားစုရဲ့ အဓိကဝင်ငွေဖြစ်တဲ့ နာနတ်စိုက်ပျိုးမှုကနေ ရတဲ့ဝင်ငွေတွေနည်းပါးလာပါတယ်။ တရုတ်ပြည်က မြန်မာနိုင်ငံမှ ကုန်တင်သွင်းခွင့်ကို ၂၀၁၉ ဇွန်လကစလို့ ပိတ်ပင်လိုက်ပါတယ်။

မြန်မာပြည်နဲ့ ကမ္ဘာတစ်ဝှမ်းမှာ ကိုဗစ်ကပ်ရောဂါ ရိုက်ခိုက်မှုဒဏ်ကို တစ်နှစ်နီးပါး ကြုံနေရချိန်မှာပဲ မြန်မာပြည်တွင် စစ်တပ်က တိုင်းပြည်အာဏာကို ရယူလိုက်တော့ မြန်မာပြည်က ပြည်သူအားလုံး ကပ်ဘေးနှစ်ခုကို တစ်ပြိုင်နက် ခံစားလာရပါတော့တယ်။

အခုဆိုရင် စစ်တပ်က တိုင်းပြည်အာဏာကိုရယူထားတာ တစ်နှစ်ခွဲကျော်လာပြီဖြစ်ပါတယ်။ အခုလို အာဏာသိမ်းတာ ကာလကြာလာတာနဲ့အမျှ တစ်ပြိုင်နက် ဒေါ်လာစျေးနူန်း မြင့်တက်လာပြီး စိုက်ပျိုးရေးနဲ့အသက်မွေးတဲ့ ဒေါ်ဝင်းတို့ မိသားစုအပေါ်  ကုန်စျေးနူန်းတက်လာတဲ့ ဒဏ်ကို စတင်ကြုံတွေ့လာရပါတယ်။

“‌နာနတ်သီးစိုက်တော့ မြေသြဇာသုံးရတယ်။ မြေသြဇာမသုံးရင် အသီးမလှဘူး အသီးမလှတော့ စျေးနှိမ်တာပေါ့ မြေသြဇာစျေးက ကိုဗစ်မတိုင်ခင်က တစ်အိတ်ကို ၃ သောင်းကျော်ပဲကျတယ်။ အခုက တစ်အိတ်ကို ၁သိန်း၇သောင်းလောက်ဖြစ်သွားပြီ။ အဲ့တော့ မြေသြဇာသုံးဖို့ လုံးဝမဖြစ်နိုင်တော့ဘူးလေ” ဟု ဒေါ်ဝင်းက ဆိုပါတယ်။

အဆိုးဆုံးကတော့ အခြေခံစားသောက်ကုန်များဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်ကြက်သွန်တွေဟာ ဒေါ်ဝင်းဆိုသလို ‘သုံးရက်လောက်ကြာရင်စျေးကတစ်မျိုးဖြစ်နေပြီ’ ဖြစ်တာကြောင့် ကုန်စျေးနူန်းမြှင့်တက်မှုဒဏ်ကို ‌ဒေါ်ဝင်းတို့မိသားစု အလူးအလဲ ခံစားနေရပါတယ်။

ကပ်ဘေးနဲ့ နိုင်ငံရေးပဋိပက္ခကိုအံတုရင်း  ကြပ်တည်းလှတဲ့ အခြေနေတွေကြောင့် ကျောင်းတက်ရမယ့်အရွယ်‌ သားသမီးသုံးယောက်မှာ တစ်ယောက်ကိုသာ ‌ကျောင်းထားပေးနိုင်တော့တယ်လို့ ဒေါ်ဝင်းက ဝမ်းနည်းစွာပြောပြပါတယ်။

“အငယ်ကောင်လေးကိုပဲ ကျောင်းထားနိုင်တော့တယ် သမီးလေးက ၉ တန်းဆိုတော့ ကျူရှင်စရိတ်ကျောင်းအတွက် အသုံးစရိတ်တွေကဘယ်လိုမှ မလိုက်နိုင်တော့ဘူး။ သားကြီးကတော့ ၁၀တန်းနဲ့ ကျောင်းနားပြီး စျေးဆိုင်တစ်တဆိုင်မှာ အရောင်းအဖြစ်ဝင်လုပ်နေရတယ်။ ပညာသင်ရမယ့်အချိန်မှာ ကလေးတွေကိုကျောင်းမထားပေးနိုင်တော့တဲ့အတွက် စိတ်ထဲမကောင်းဘူး ဒီလိုတွေဖြစ်လာလိမ့်မယ်လို့လုံးဝမတွေးမိခဲ့ဘူး” လို့ ဒေါ်ဝင်းတစ်ယောက် သားသမီးအတွက် ပူဆွေးနေရကြောင်း ဆိုပါတယ်။

နှစ်၂၀ကျော်လောက် နာနတ်သီးစိုက်ပျိုးလိုက်၊ ကျဘမ်းအလုပ်လုပ်လိုက်နဲ့ အသက်မွေးခဲ့တဲ့ ဒေါ်ဝင်းတို့လင်မယား ကိုဗစ်ကပ်ဘေးကာလအတွင်း စားသောက်နေထိုင်ရေး ခက်ခဲမူရှိခဲ့ပေမဲ့ အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း သူတို့ဘဝတွေ ပိုပြီးခက်ခဲလာတာ ဖြစ်ပါတယ် ။

ဒေါ်ဝင်းတစ်ယောက် ပုံမှန်ဆို အမျိုးသားက ကျဘမ်းလုပ်လို့ရလာတဲ့ပိုက်ဆံ၊ နာနတ်ပေါ်ချိန် ရလာတဲ့ပိုက်ဆံနဲ့ မိသားစု အသုံးစရိတ်အတွက် စီမံခန့်ခွဲရင်း နေရပေမဲ့ အခုတော့ သူကိုယ်တိုင် မိသားစုအတွက် တစ်ဖက်တစ်လမ်းက ဝင်ငွေရဖို့ အလုပ်ထွက်လုပ်‌နေရပြီလို့ဆိုပါတယ်။

“အခုဆို အိမ်မှာ ထမင်းဟင်းချက်ဖို့သမီးကလုပ်တယ် ကျမကတော့ အမျိုးသားနဲ့အတူအလုပ်ထွက်လုပ်တယ် ခြံရင်းပေါင်းနုတ် ကောက်စိုက်ချိန်ဆိုကောက်စိုက် ရိတ်ချိန်ဆို လိုက်ရိတ် ကျဘမ်းလိုက်လုပ်နေရတယ် ဒါလည်း ဝင်ငွေနဲ့ထွက်ငွေက မမျှတဘူး” လို့ သူမကဆိုပါတယ်။

မိသားစုဘဝ ရပ်တည်ဖို့အတွက် ဝင်ငွေက အလွန်အရေးကြီးပေမဲ့ ဝင်ငွေရှိရင်တောင် ကုန်စျေးနူန်းကြီးမြှင့်မူကြောင့် ထွက်ငွေနဲ့ မမျှတတဲ့ မြန်မာပြည်အတွင်း နေထိုင်တဲ့ သာမန်လူတန်းစားနှင့်အခြေခံလူတန်းစားများအတွက် ဘဝရပ်တည်ရေးအတွက် အဖြေမရှိသေးပါ။

တစ်ပူပေါ် နှစ်ပူဆင့်တဲ့ မြန်မာပြည်တစ်ဝှမ်းမှာ ကပ်ဘေးနှစ်ခုရဲ့  ရိုက်ခတ်မူကိုဒေါ်ဝင်းတို့လို  အခြေခံလူတန်းစားတွေကတော့ ဆင်းရဲငတ်မွတ်မူဒဏ်ကို အလူးအလဲခံနေကြရပြီဖြစ်ပါတယ်။

ဒေါ်ဝင်းတို့လို အခြေခံလူတန်းစား‌တွေကြုံနေရတဲ့အခက်အခဲများဟာ တစ်နေ့တစ်ခြားပိုလို့ များလာတာကြောင့် ဒီထက်များ အခြေနေဆိုးလာခဲ့ရင် ထမင်းတစ်နပ်အတွက် ဘယ်လိုရှာဖွေစားသောက်ရပါ့မလဲ မတွေးရဲစရာပါ။

Read Previous

မုံရွေးနှင့် ကြေးမုံရွာရှိ ဒေသခံများ ဖမ်းဆီးရိုက်နက်ခံရပြီး နေအိမ်တစ်ချို့ ဖမ်းရှို့ဖျက်ဆီးခံရ

Read Next

ခေါင်လန်ဖူးမြို့နယ်တွင် ဆန်တစ်အိတ်လျှင် ကျပ် တစ်သိန်းခွဲအထိ စျေးမြင့်တက်