မှော်မောင်းလျှံကျေးရွာအနီး အမျိုးသားတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးနေ
ဖားကန့်မြို့နယ် မှော်မောင်းလျှံ(Mau Maw Layang) ကျေးရွာအနီးတွင် အမည်မသိ အမျိူးသားတစ်ဦး ဓာတ်ထိုးဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်း ကို ယနေ့နံနက်ပိုင်းတွင် ဒေသခံများကတွေ့ရှိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၁၅ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်တွင် ဖားကန့်မြို့နှင့် မှော်မောင်းလျှံရွာကြား မှော်မောင်းလျှံကျေးရွာထိပ် ကားလမ်းဘေးတွင် အမည်မသိ အမျိုးသားတစ်ဦး ဓားထိုးဒဏ်ရာများဖြင့် သေဆုံးနေကြောင်းရုပ်အလောင်းကို မျက်မြင်တွေ့ခဲ့သူ ဒေသခံတစ်ဦးက KNG ကိုပြောသည်။
”ဘယ်သူ ဘယ်ဝါမသိရဘူး သတ်ခံထားရတာက မနေ့ည ၁၂ ည ၁၂ နာရီနောက်ပိုင်းလောက်မှာ သတ်ခံထားရတာ။ အလောင်းကတောင့်တင်းနေပြီ ကြောမှာ ထိုးသွင်းဒဏ်ရာ ၅ချက်ရှိတယ်။ လည်ပင်းကတော့လှီးထားတာပြတ်ခါနီးနီးပဲ။ အလောင်းကိုတော့ ဆာလာအိတ်နဲ့ဖုံးထားတာ လမ်းဘေးမှာပဲ”ဟု မှော်မောင်းလျှံ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ သေဆုံးရုပ်အလောင်းကို လက်နောက်ပြန်ကြိုးသုတ်ကာ မျက်လုံးနှစ်ဖက်ကိုလည်း တိတ်အဝါရောင်ဖြင့် စည်းခံထားရကြောင်း သိရသည်။
”အလောင်းကိုတော့ လူမှုကူညီရေးအသင်းတစ်ခုက ကောက်သွားတယ်။ ဖားကန့်ရင်ခွဲရုံပို့ထားတယ်ကြားတယ်။ အခုထိတော့ ပိုင်ရှင်မဲ့အလောင်းပဲပိုင်ရှင်မပေါ်လာသေးဘူး”ဒေသခံတစ်ဦးက ပြောသည်။
ဖားကန့်မြို့နယ်တွင် ယခုနှစ်အတွင်း ဓားထိုးသတ်ခံရသူနှင့် သေနတ်ပစ်သတ်ခံရသူ ၂၀ ဦးထက်မနည်းရှိလာပြီဖြစ်ပြီး အားလုံးမှာ အမျိုးသားများဖြစ်ကြသည်။ ထို့အပြင် အမျိုးသား ၄ ဦးအထိ တစ်ပြိုင်နက် တစ်နေရာတည်း အစုလိုက်သတ်ခံရသည့် ဖြစ်စဥ်မျိုးလည်း ယခုနှစ် မေလ ၃၁ ရက်နေ့က ဆွတ်အောင်ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည်။