သတင်း

ဖားကန့်မှာ လွတ်လပ်ရေးနေ့တစ်ရက်တည်းသာ ဖုန်းအင်တာနက်လိုင်းဖွင့်ပေး

ဖားကန့်မြို့နယ်မှာ လွတ်လပ်ရေးနေ့ တစ်ရက်တည်းသာ ဖုန်းအင်တာနက်လိုင်းအချို့ပြန်ဖွင့်ပေးခဲ့ပြီးနောက် ဒီကနေ့မှာ ပြန်ပိတ်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

ကာလကြာရှည် ဖုန်းအင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီက ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့မှာ ATOM နှင့် Mytel ဖုန်းအင်တာနက်လိုင်းတွေကို ဖွင့်ခဲ့ပေမယ့် ဒီကနေ့ မှာ ပြန်ပိတ်သွားတာလို့ မမုံကျေးရွာ ဒေသခံတစ်ဦး က KNG ကိုပြောပါတယ်။

ဒီကောင်တွေ သက်သက်နဲ့လုပ်တာပါ။ မနေ့က လွတ်လပ်ရေးနေ့မို့ ခနဖွင့်ပေးတဲ့သဘောဖြစ်မယ်။ အခုပြန်ပိတ်သွားပြီ မနေ့ညပိုင်းကတည်း က ပိတ်သွားတာခုထိ ပြန်မဖွင့်တော့ဘူးလို့ ပြောပါတယ်။

စစ်ကောင်စီ က ATOM နှင့် Mytel အင်တာနက်လိုင်းကိုသာ ခေတ္တဖွင့်ပေးခဲ့တာဖြစ်ပြီး MPT  Ooredoo တွေကိုတော့ မဖွင့်ပေးခဲ့ကြောင်း သိရပါတယ်။

ဖားကန့်မြို့နယ်မှာ ကချင်ပြည်နယ်ထဲက ကာလကြာရှည် ဖုန်းအင်တာနက်လိုင်း ပိတ်ခံထားရတဲ့ မြို့နယ်ဖြစ်တာကြောင့် စီးပွားရေး၊ လူမှုရေးစတဲ့ ကိစ္စရပ်တွေမှာ နစ်နာနောက်ကျနေပြီး အင်တာနက်အသုံးပြုလိုသူတွေကတော့ တစ်နာရီ ကျပ် ၅၀၀၀ ၊ ကျပ် ၁၀၀၀၀ အထိပေးသုံးနေရတယ်လို့ သိရပါတယ်။

အလားတူ စစ်ကောင်စီတပ်ဟာ ဖုန်းအင်တာနက်လိုင်း ပိတ်ထားပေမယ့် စစ်တပ်ပိုင် Mytel Wifi ကို တပ်ဆင်ပေးပြီးတော့ ဝင်ငွေရှာဖွေဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

Show More

Related Articles

Back to top button