လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

လဝါးဒေသခံ အမျိုးသားနှစ်ဦးကို စစ်တပ်က ဖမ်းဆီးထားကြောင်း ဒေသခံများပြော

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လဝါးကျေးရွာအုပ်စု မဂေါင်းတောင်ကျေးရွာမှ အမျိုးသားနှစ်ဦး ပျောက်ဆုံးနေပြီး စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ဒေသခံများ ပြောဆိုသည်။

လဝါးကျေးရွာအုပ်စု မဂေါင်းတောင်ကျေးရွာမှ အသက် ၄၂ နှစ်အရွယ်ရှိ  ဦးအင်ဗွင်ဘရန်နန်  နှင့် အသက် ၁၇ နှစ်အရွယ် မောင် ရိန်အောင်  နှစ်တို့သည် ဖေဖော်ဝါရီလ ၅ ရက်နေ့က ကာမိုင်းမြို့သို့ နေ့ချင်းပြန်စျေး ဝယ်သွားရာမှ ယနေ့ထိမိသားစုဝင်များနှင့် အဆက်အသွယ်မရ ပျောက်ဆုံးနေပြီး ဒေသခံများပြောဆိုချက်အရ စစ်တပ်က ဖမ်းထားသည်ဟု သိရသည်။

ပျောက်သွားတာက တနဂ်နွေနေ့တုန်းကတည်းကဗျ သူတို့က ဘုရားကျောင်းပြီးပြီး ကာမိုင်းကို စက်သုံးဆီနဲ့ သုံးဘီးပြင်ဖို့ဆိုပြီး စက်ပစ္စည်းလေး သွားဝယ်မယ်ဆိုပြီးသွားလိုက်ကြတာ မပြန်မလာဘူး။ ဖုန်းတွေလည်းဆက်တာအကုန် စက်ပိတ်ထားတယ်ဆက်မရဘူး နောက်တော့ တဖြေးဖြေးချင်းစုံစမ်းတော့ ကာမိုင်း စစ်တပ်ကုန်းမှာ ဖမ်းထားတယ်ဆိုပြီး စုံစမ်းသိရှိရတယ်ဗျဟုအဖမ်းခံရသူနှစ်ဦးနှင့် ရင်းနှီးသည့် ဒေသခံတစ်ဦးကပြောသည်။

ပျောက်ဆုံးနေသည့် ဦးအင်ဗွင်ဘရန်နန်သည် တောင်သူဖြစ်ပြီး မောင်ရိန်အောင်သည် ကျောင်းသားဖြစ်ကြောင်း ကိုဗစ်ကြောင့် ကျောင်းပိတ်ထားသည့် အချိန်ကျောင်းနားထား၍ မိဘကို အလုပ်အကိုင်ပြုနေသည့် လူငယ်တစ်ဦးဖြစ်ကြောင်း သိရသည်။

ကာမိုင်းမှာစစ်တပ်ဂိတ်တော့မရှိဘူးဗျ။ တကယ်လို့ဖမ်းခံရတာမှန်ရင်တော့ သူတို့အပြင်ထွက်တဲ့ခါတိုးပြီး မသင်္ကာလို့ ဖမ်းထားတာဖြစ်နိုင်တယ်တကယ်တော့ ရိုးရိုးသားသားတောင်သူတွေပါ။ ဘာကြောင့်ဖမ်းလဲတော့ မသိရသေးဘူးဟုဒေသခံတစ်ဦးက ပြောသည်။

ယင်းအမျိူးသားနှစ်ဦးကို စစ်တပ်ကဖမ်းထားကြောင်းအချက်ကိုဒေသခံများ၏ ပြောဆိုချက်မှ သိရသော်လည်း အသေးစိတ်ကို KNG ကအတည်ပြုနေဆဲ ဖြစ်သည်။

ကာမိုင်းမြို့အနီး ဖားကန့်မြစ်ကြီးနားလမ်းပေါ်၌ ထိုင်ထားသည့် စစ်တပ်ဂိတ်ကို KIA နှင့် PDF တို့က ၂၀၂၂ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် သွားရောက်တိုက်ခိုက်ခဲ့ရာ ယင်းဂိတ် ရုပ်သိမ်းသွားပြီး ယနေ့ထိ ကာမိုင်းအနီး၌ စစ်တပ်ဂိတ်မရှိတော့ကြောင်း သိရသည်။

Show More

Related Articles

Back to top button