Month: March 2023

  • Mar- 2023 -
    22 March
    သတင်း

    ဖမ်းဆီးခံရသည့် ရှမ်းနီစာပေနှင့်ယဉ်ကျေးမှု ဥက္ကဋ္ဌ နာရီပိုင်းအတွင်း ပြန်လည်လွှတ်မြောက်

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ရှမ်းနီစာပေနှင့် ယဉ်ကျေးမှု ဥက္ကဋ္ဌ ဦးအောင်ဖေ သည် ဖမ်းဆီးခံရပြီးနောက် ၂ နာရီအကြာတွင် ပြန်လည်လွှတ်မြောက်လာကြောင်း ဒေသခံများမှ သိရသည်။ မတ်လ ၂၁ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်…

    Read More »
  • 22 March
    သတင်းဆောင်းပါးလုံခြုံမှု ပျောက်ဆုံးလာတဲ့ ကျောက်စိမ်းမြေ

    လုံခြုံမှု ပျောက်ဆုံးလာတဲ့ ကျောက်စိမ်းမြေ

    “လုံတော့ မလုံခြံဘူးပေါ့ဗျာ တစ်နေ့တစ်နေ့ကြောက်နေရတာပေါ့ ဘယ်နေ့များကိုယ့်ကိုလာဖမ်းမလဲ ကိုယ်ကတော့ဘာမှ မလုပ်ပေမယ့် စိတ်ကတော့ကြောက်စိတ်ရွံ့မှုတွေခံစားနေရတာပေါ့ မလုံခြုံပါဘူး နေ့ခင်းတောင်ကြောက်နေရတာ ညဆိုပိုဆိုးပေါ့” ဒါကတော့ ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းဒေသ ရှရော်ခ (Sharaw Hka) ကျေးရွာမှာနေတဲ့ ကျောက်တူး သမားလေးတစ်ယောက်ရဲ့…

    Read More »
  • 22 March
    သတင်းမီးလောင်သွားသော ငွေပျော်စံပြကျေးရွာ နေအိမ် ၂ လုံး

    ငွေပျော်စံပြကျေးရွာ နေအိမ် ၂ လုံးမီးလောင်ကာ သက်ကြီးရွယ်အိုတစ်ဦး မီးလောင်ဒဏ်ရာရ

    မြစ်ကြီးနား ငွေပျော်စံပြ စစ်ရှောင်ကျေးရွာတွင် ယမန်နေ့ညက နေအိမ် ၂ လုံး မီးလောင်မှုဖြစ်ပွားပြီး အသက် ၇၀ ကျော်အရွယ် အဘိုးအို ၁ ဦး ကျောကုန်းတစ်ခြမ်း မီးလောင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယမန်နေ့ည ၁၁…

    Read More »
  • 21 March
    မြေယာနှင့် သဘာဝပတ်ဝန်းကျင်မြေရှားလုပ်ကွက်ရှိ မိုးကာတဲများကို ဒေသခံများ သွားရောက်ဖျက်ဆီးနေစဉ်

    မြေရှားတူးဖော်ရေး လုပ်ငန်းခွင်ရှိ မိုးကာတဲများကို ဒေသခံများ သွားရောက် ဖျက်ဆီး

    ဗန်းမော်ခရိုင် မံစီမြို့နယ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေရှိ မြေရှားတူးဖော်ရေး လုပ်ငန်းရပ်တန့်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ပြီးနောက် လုပ်ငန်းခွင်ရှိ မိုးကာတဲများကို ဒေသခံများ ယနေ့ သွားရောက် ဖျက်ဆီးလိုက်ကြောင်း သိရသည်။ အင်ဘာပါနှင့် ဒိန်ဆင်းပါဒေသတွင် မြေရှားတူးဖော်နေသော တရုတ်ကုမ္မဏီများကို အပြီးထွက်ခွာသွားရန်…

    Read More »
  • 21 March
    စစ်ပြေးဒုက္ခသည်များ

    ကွတ်ခိုင် စစ်ရှောင်များကို နာမည်ဖျက်သိမ်းပြီး ကျေးရွာအဖြစ်ပြောင်းလဲနေထိုင်ကြရန် စစ်ကောင်စီ ပြောဆို

    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ စစ်ရှောင်စခန်း ၇ ခုအား စစ်ရှောင်စခန်းနာမည် ဖျက်သိမ်းပြီး ကျေးရွာအဖြစ်ပြောင်းလဲနေထိုင်ကြရန် စစ်ကောင်စီအဖွဲ့ဝင်များက စစ်ရှောင်များကို ခေါ်ယူပြောဆိုခဲ့ကြောင်းသိရသည်။ မတ် ၁၄ ရက်နေ့တွင် စစ်ရှောင်စခန်း ၇ ခုမှ တာဝန်ရှိသူများကို စစ်ကောင်စီအဖွဲ့ဝင် ထွေအုပ်အရာရှိတစ်ဦးက…

    Read More »
  • 21 March
    သတင်း

    ဖားကန့်တွင် နေထိုင်ခွင့် ပိတ်ဆို့ခံထားရသည့် မျောက်ကုန်းကျေးရွာတွင် ပြည်သူများပြန်လည်နေထိုင်

    ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မျောက်ကုန်းကျေးရွာတွင် ကျေးရွာနေပြည်သူများကို ရပ်ကွက်အတွင်းသို့ ဝင်ရောက်နေထိုင်ခွင့် ပိတ်ဆို့ခံထားရသည့် ၃ ရက်ခန့်အကြာမှ ပြန်လည်နေထိုင်ခွင့် ပြုထားကြောင်းသိရသည်။ ပြီးခဲ့သော မတ်လ ၁၈ ရက်နေ့ မှစကာ လုံးခင်းသာသနာ့နယ်မြေ မျောက်ကုန်း(ဒေသခေါ်)နေရာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့်…

    Read More »
  • 20 March
    သတင်း

    လက်နက်ကြီးကျည်ထိမှန်ထားသည့် သားအမိနှစ်ဦးအတွက် ဆေးကုရန်အတွက် အရေးပေါ်အကူအညီ လိုအပ်နေ

    ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ထိခိုက်ခဲ့သည့် သားမိနှစ်ဦးအတွက် ဆေးကုသရန် အကူအညီလိုအပ်နေကြောင်း မိသားစုနှင့် နီးစပ်သူများမှ သိရသည်။ မတ်လ ၁၈ ရက်နေ့ ည ၆ နာရီအချိန်တွင် လုံးခင်းအုပ်စု သာသနာ့နယ်မြေ (ဒေသအခေါ် မျောက်ကုန်း) အနီး ရဲကားတစ်စီးကို KIA နှင့် PDF ပူးပေါင်းတပ်မှ…

    Read More »
  • 20 March
    မြေယာနှင့် သဘာဝပတ်ဝန်းကျင်

    ပူတာအိုဒေသတွင် ကြိမ်ခုတ်ယူ ရောင်းဝယ်မှုပြန်လည်ရှိလာ

    ကချင်ပြည်နယ် မြောက်ပိုင်း ပူတာအိုဒေသရှိ ကျေးရွာများတွင် ယခုနောက်ပိုင်း ကြိမ် အလွန်အကျွံ ခုတ်ယူကာ တရုတ်နိုင်ငံသို့ ရောင်းချမှုများ ပြန်လည်တွေ့မြင်လာရသည်ဟု ဒေသခံများ ပြောသည်။ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းခန့်မှစတင်ကာ ပူတာအိုနှင့် မချမ်းဘော့မြို့နယ်တွင် ကြိမ်ခုတ်သည့် လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နေပြီး ၁၂…

    Read More »
  • 20 March
    မြေယာနှင့် သဘာဝပတ်ဝန်းကျင်အင်းတော်

    အင်းတော်ကြီးဒေသတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှု ပြန်လည်စတင်နေ

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မမုံကိုင်ကျေးရွာနှင့် လုံးတုံကျေးရွာကြားတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုပြန်လည်စတင်နေပြီဟု ဒေသခံများ ပြောသည်။ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အင်းတော်ကြီးဒေသတွင် ရွှေတူးဖော်မှုကြီးကြီးမားမားလုပ်ဆောင်နေသည့်အပေါ် ဒေသခံများကန့်ကွက်နေသည့်အတွက် စစ်ကောင်စီတပ်မှ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင်အပြီးတိုင် ရပ်နားခိုင်းလိုက်ပြီဖြစ်သည်။ သို့သော် တစ်လကျော်ကြာပြီးနောက် မတ်လ ဒုတိယအပတ်မှစတင်ပြီး ထိုနေရာတွင် ရွှေတူးဖော်မှုကို စစ်တပ်ကပြန်လည် ခွင့်ပြုနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။ “ခုရွှေပြန်တူးနေတဲ့နေရာက လုံးတုံရွာနားမှာဘဲ စစ်တပ်ရဲ့ စခန်းနဲ့ ဟိုဘက်ထိပ် ဒီဘက်ထိပ်ဘဲ မိုင်အားဖြင့်က တစ်မိုင်လောက်ဘဲရှိတာလေ သူတို့မသိဘဲနေမလား သူတို့ပြန်ခွင့်ပြုထားလို့ စစ်တပ်ကခွင့်မပြုရင် ဘယ်သူလာလုပ်ရဲမလဲ။ သူတို့ကိုအခွန်ဆောင်ပြီး လုပ်နေကြတာ”ဟုအမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။ ဒေသခံများ၏ ပြောဆိုချက်အရ စစ်ကောင်စီတပ်သည် ရွှေတူးဖော်ခွင့်အတွက် ငွေကြေးကောက်ခံကာ ပြန်လည်တူးဖော်ခွင့်ပြုနေခြင်းဖြစ်သည်ဟု ပြောဆိုသည်။ လက်ရှိရွှေတူးဖော်နေသောနေရာသည် လုံးတုံနှင့် မမုံကိုင်ကြားရှိ တောထဲတွင်ဖြစ်ပြီး ရပ်ရွာတာဝန်ရှိသူများ၊ခရစ်ယာန်ဘာသာဝင်များနှင့် ဒေသခံများက ဆက်လက်တူးဖော်ခြင်းမပြုရန် သွားရောက်တားမြစ်ကြသော်လည်းရပ်နားပေးခြင်းမရှိဘဲ ညဘက်တွင် ဆက်လက်တူးဖော်နေကြောင်း သိရသည်။ အဆိုပါမြေနေရာသည် မမုံကိုင်ရွာနှင့် လုံးတုံကျေးရွာအကြားရှိ သင်္ချိုင်းမြေနဲ့အနီးဆုံးနေရာဖြစ်သည့်အပြင်ဒေသခံများစိုက်ပျိုးလုပ်ကိုင်စားသောက်နေကြသည့် လယ်မြေများနှင့်လည်း ရှိနေသည့်အတွက် ရွှေတူးဖော်မှုဆက်လက်လုပ်ဆောင်နေမည်ဆိုပါက သင်္ချိုင်းမြေနေရာ ပျက်စီးလာမည့်အပြင် လယ်မြေများလည်း ထိခိုက်လာမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း အခြားဒေသခံတစ်ဦးက ခုလိုပြောသည်။ “မမုံကိုင်ဧရိယာထဲမှာဆိုပေမယ့် သင်္ချိုင်းကတော့ လုံးတုံခရစ်ယာန်ဘာသာဝင်တွေရဲ့သင်္ချိုင်း သူတို့ရွှေတူးနေတဲ့နေရာနဲ့ သင်္ချိုင်းကမဝေးဘူး ပေ ၃၀၀ ကျော်လောက်ပဲရှိမှာ ဓာတ်တိုင် ၂တိုင် စာပဲရှိတယ် အဲ့မှာတူးနေကြတာ။ သူတို့ဆက်တူးနေမယ်ဆိုရင်တော့အဓိက သင်္ချိုင်းမြေပျက်စီးသွားမယ် ပြီးတော့ အခုတူးနေတဲ့အနီးမှာ လယ်တွေရှိတယ်အဲ့ဒီလယ်တွေလည်းထိခိုက်မယ်နောက်တစ်ခုက လယ်တောသွားဘာသွားအသုံးပြုနေတဲ့လမ်းရှိတယ် အဲ့တာတွေပျက်စီးသွားမယ် ဒေသခံတွေကတော့ကန့်ကွက်ကြတာပေါ့”ဟုဒေသခံအမျိုးသားတစ်ဦးကပြောသည်။…

    Read More »
  • 20 March
    စစ်ပြေးဒုက္ခသည်များ

    မီးလောင်သွားသော ဂျေယန့်စစ်ရှောင်စခန်းမှ အိမ်ခြေ ၃၆ ခုအတွက် အကူညီလိုအပ်နေ

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်နယ်မြေ ဂျေယန့် (Jeyang) စစ်ရှောင်စခန်းမီးလောင်မှုတွင် ပါသွားသော နေအိမ်များအတွက် ပြည်လည်ထူထောင်ရေး ခက်ခဲမှုရှိနေသည်ဟု သိရသည်။ မတ်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ သက်တမ်းရှိသော ဂျေယန့်စစ်ရှောင်စခန်း မီးလောင်မှုကြောင့် နေအိမ် ၃၆ လုံး မီးလောင်ပျက်စီးသွားကြောင်း စခန်းတာဝန်ရှိသူတစ်ဦးက…

    Read More »
Back to top button