သတင်း

ကျောက်စိမ်းလုပ်ကွက်အတွင်း စစ်ကြောင်းဝင်ရောက်ပြီး ဘက်ဟိုးယာဉ်အချို့ဖမ်းဆီးခံရ

ဖားကန့်မြို့နယ် မှော်စီစာကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်များတွင် စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်လာပြီး ဘတ်ဖိုးယာဥ်အချို့ ကို ဖမ်းဆီးထားကြောင်း သိရသည်။

ဧပြီလ ၃ ရက်ညပိုင်း အင်အား ၄၀ ခန့် စစ်ကောင်စီ တပ်သားများသည် အရပ်ဝတ်၊ အိမ်စီးကားများဖြင့် မှော်စီရွာကျေးရွာသို့ ဝင်ရောက်လာပြီးနောက် ကျောက်စိမ်းကုမ္ပဏီလုပ်ကွပ်များရှိ ကားနှင့် ဘတ်ဖိုးယာဥ်များကို ဖမ်းဆီးထားကြောင်း ဖားကန့် ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

မနေ့က ၁ နာရီလောက်မှာ စစ်ကြောင်းထိုးလာတာ ကချင်ဘုရားကျောင်းတွေထဲဝင်ပြီးတပ်စွဲတယ်။ ဒီနေ့ မနက်ထိတော့ ရှိနေသေးတယ် လောလောဆယ် သူတို့ဝင်လာလို့ မှော်စီဆာအနီးတဝိုက်က မှော်တွေ အားလုံးနားထားတယ်။ ကုမ္ပဏီတွေထဲဝင်ပြီး ဘတ်ဖိုးတွေလည်းသိမ်းထားတယ်။ ဘယ်နစီးလည်းတော့သိကျမသိရဘူးဟုပြောသည်။

စစ်ကြောင်း ဝင်ရောက်လာမှုကြောင့် ကုမ္ပဏီဝန်းထမ်းအချို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်းလည်း သိရသည်။

ဖားကန့်တွင် ယခုရက်ပိုင်း စစ်ကောင်စီ တပ်မမှူးအပြောင်းအလဲရှိသောကြောင့် ကျောက် စိမ်းလုပ်ကွက်များအားလုံး ရပ်နားထားရန် ညွန်ကြားထားသလို လုပ်ငန်းမရပ်နားသည့် လုပ်ကွက်မှ ဘတ်ဖိုးများကို ထိန်းသိမ်းခံရခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။

ဖားကန့်ဒေသတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ တပ်သားများသည် အရပ်ဝတ်၊ အိမ်စီးကားများအသုံးပြုကာ ကုမ္ပဏီလုပ်ကွက်သို့ ဝင်ရောက်ပြီး အရပ်သားများကို ဖမ်းဆီးခြင်း၊ ငွေကောက်ခံခြင်း၊ ကုမ္ပဏီဝင်းအတွင်း တပ်စွဲခြင်းတို့ကို ပိုမိုလုပ်ဆောင်လာနေသည်။

Show More

Related Articles

Back to top button