သတင်း

ရွှေကူတွင် ဖမ်းဆီးခံရသည့် လင်မယား ၂ဦး၏ နေအိမ်နှင့် ကုန်စုံဆိုင်ကို စစ်ကောင်စီ ချိတ်ပိတ်

ကချင်ပြည်နယ် ရွှေကူမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီးသွားသည့် ကုန်စုံဆိုင်ပိုင်ရှင်လင်မယား နှစ်ဦး၏ နေအိမ် ချိတ်ပိတ်ခံလိုက်ရကြောင်းသိရသည်။

ဧပြီလ ၂ ရက်နေ့တွင် ဦးဖိုးလှိုင်နှင့် ဒေါ်နွဲ့နွဲ့ဝင်းတို့ ၂ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထောက်ပံ့သည်ဟု စွပ်စွဲပြောဆိုကာ ဖမ်းဆီးခံလိုက်ရပြီး ဧပြီလ ၂၄ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့က ၎င်းတို့၏ နေအိမ်ကိုလာရောက်ချိတ်ပိတ်သွားသည်ဟု ရွှေကူမြို့နေခံ အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။

ဟိုနေ့ကမနက်ပိုင်းမှာလာပြီးချိတ်ပိတ်လိုက်တာ အိမ်ကတော့အကြီးကြီးပဲပါ့ တိုက်နှစ်ထပ်အိမ် အပေါ်ထပ်မှာလူနေပြီး အောက်ထပ်မှာကုန်စုံဆိုင်ဖွင့်ထားတာ။တပ်ပိုင်မြေဆိုပြီး စာတန်းအနီးရောင်အကြီးကြီးကပ်ထားတယ်ဟုပြောသည်။

အဆိုပါ ဖမ်းဆီးခံရသည့် လင်းမယား ၂ဦးကို လက်ရှိအချိန်အထိ ရွှေကူစစ်တပ်ကုန်းတွင် ဖမ်းဆီးထားကြောင်းသိရပြီး မိသားစုဝင်များနှင့်လည်း တွေ့ခွင့်မရရှိသေးကြောင်းသူကဆက်ဆိုသည်။

လင်မယား ၂ယောက်စလုံးကို ရွှေကူစစ်တပ်ကုန်း စစ်ကြောရေးမှာဘဲ ထားထားသေးတယ်လို့ သိရတယ်။ နေအိမ်ချိတ်ပိတ်ခံလိုက်ရတော့ မိသားစုဝင်တွေက ဆွေမျိုးအသိမိတ်ဆွေနေအိမ်တွေမှာဘဲလိုက်နေနေကြရတယ်ဟုပြောသည်။

လက်ရှိတွင် နေအိမ်ချိတ်ပိခံလိုက်ရသည့်အတွက် လင်မယား ၂ ဦး၏ မိသားစုဝင်များသည် နီးစပ်ရာဆွေမျိုးနေအိမ်များတွင် ရွှေ့ပြောင်းနေထိုင်ရကြောင်းသိရသည်။

#ရွှေကူ

Show More

Related Articles

Back to top button