တိုက်ပွဲသတင်း

ဗန်းမောက်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး PDF ဘက်မှ ၂ ဦးထိခိုက်မှုရှိခဲ့ဟုဆို

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် အနောက်ဘက်ခြမ်းတွင် ဧပြီလ ၂၇ရက်နေ့ စစ်ကောင်စီတပ်၊ ရှမ်းနီးအမျိုးသားတပ်မတော် SNA ပူးပေါင်းတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တိုကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု  Banmauk Revolution -BR အဖွဲ့ထံမှသိရသည်။

သူတို့ အနောက်တောဘက်ကို စစ်ကြောင်းထိုးလာတာ အဲ့တာနဲ့ ကျနော်တို့ဘက်က မိုင်းဆွဲတိုက်ခိုက်တာကနေ တိုက်ပွဲစဖြစ်တာပါ။ စကစဘက်က ကျဆုံးမူရှိတယ်။ ဒါပေမယ့် ဘယ်နှစ်ယောက်ဆိုတာကို အတည်မပြုနိုင်ပေမယ့် နယ်မြေ ရှင်းလင်းရေးဝင်တဲ့ အချိန်မှာ အလောင်းဆွဲသွားတာတွေတွေ့ရတယ်။ ကျနော်တို့ဘက်က ဒဏ်ရာရတာ ၂ယောက် ရှိတယ် ဆေးကုသမူ ခံယူနေဆဲပါ ဟု BR မှတာဝန်ရှိသူတစ်ဦးကဆိုသည်။

ထို့အပြင် ယနေ့နံနက်ပိုင်းတွင်လည်း ကြောင်လည်ကျေးရွာအနီးတွင် နောက်ထပ် စစ်ကြောင်းတစ်ခုဖြစ်သည့် စစ်ကောင်စီ၊ ရှမ်းနီ SNA ပူးပေါင်းတပ်တို့ကြား ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သူကဆက်ဆိုသည်။

ဒီနေ့တော့ ဗန်းမောက်အနောက်ဘက် ကြောင်လည်မှာလည်း ထိတွေ့မူဖြစ်နေသေးတယ်။ အနောက်တောဘက်ကနေ စစ်ကြောင်းနဲ့တော့ မဟုတ်ဘူး ကြောင်လည်ဘက်မှာထိုင်နေတဲ့ တစ်ဖွဲ့နဲ့ဖြစ်နေတာပါ။ အခြေနေအသေးစိတ် ကတော့ ဖုန်းလိုင်းအခက်ခဲကြောင့်ဘာမှမသိရသေးပါဘူးဟုပြောသည်။

ဗန်းမော်မြို့နယ် အနောက်ဘက်ခြမ်းတွင် ပြီးခဲ့သည့် ဧပြီလအတွင်းမှ စစ်ကောင်စီတပ်၊ SNA ပူးပေါင်းတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA PDF တို့ကြား မကြာခဏတိုက်ပွဲပြင်းထန်လျက်ရှိနေပြီး နောယောကျေးရွာ ရှိ ကူးဆိပ်စျေးတန်းနှင့် ရွှေမှော်များ မီးရှို့ခံခဲ့ရမှုများရှိခဲ့သည်။

ပြီးခဲ့သော ဧပြီလ ၈ ရက်၊ ၁၂ ရက်နေ့တို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သောကြောင့် ဗန်းမောက်အနောက်ဘက်ခြမ်းရှိ ကျေးရွာများတွင် ကျရောက်ပေါက်ကွဲမှုများရှိခဲ့ပြီး ဘုန်းကြီးကျောင်း၊ ဇရပ်၊ နေအိမ်အချို့ ပျက်ဆီးမှုများရှိသည်။ 

ထို့နောက် သာယာကုန်းကျေးရွာမှ အသက် ၇၀ နှစ်အရွယ် အဘွားအိုတစ်ဦး သေဆုံးမှုရှိခဲ့သည်ဟု Banmauk Revolution-BR အဖွဲ့၏မှတ်တမ်းများအရသိရသည်။

Show More

Related Articles

Back to top button