သတင်း

စစ်တပ် အာဏာသိမ်း ၂ နှစ်အတွင်း မတရားဖမ်းဆီးခံရတဲ့ အမျိုးသမီး ၃၃၉၀ ယောက်အထိရှိလာ

အာဏာသိမ်းပြီး ၂ နှစ်တာကာလအတွင်း နိုင်ငံတစ်ဝန်းလုံးအတိုင်းအတာနဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံရတဲ့ အမျိုးသမီးများ ၃၃၉၀ ယောက် ထိရှိခဲ့တယ်လို့ မြန်မာအမျိုးသမီးသမဂ္ဂ( Burmese Women’s Union)က မေလ ၂ ရက်နေ့ထုတ်ပြန်လာတဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီစာရင်းထဲမှာ စစ်တပ်အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့အထိ ရရှိထားတဲ့ စာရင်းများဖြစ်ပြီးတော့ ထုတ်ပြန်ချက်အရ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီး ၃၃၉၀ ယောက်မှာ ၈၁၉ ယောက်ဟာ မတရားပြစ်ဒဏ်ချမှတ် ခံထားရတယ်လို့ ဖော်ပြထားပါတယ်။

အခုနှစ် ဧပြီလအတွင်းမှာတင် ဖမ်းဆီးခံရသူ အမျိုးသမီး ၄၃ ယောက်ရှိခဲ့ပြီး အဲဒီစာရင်းထဲမှာ ကချင်ပြည်နယ်ထဲက အမျိုးသမီး ၂ ယောက်ပါဝင်ပြီးတော့ ပဲခူးတိုင်းက ဖမ်းဆီးခံရမှု အများဆုံးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ ဖမ်းဆီးခံရတဲ့ သူတွေဟာဆိုရင် အမျိုးသမီးအများစုဟာ လူမှုကွန်ယက်စာမျက်နှာပေါ်ကတဆင့် စစ်ကောင်စီကို ဆန့်ကျင်တဲ့ အရေးအသားများနဲ့ ပို့စ်များရှဲတာတွေကနေ ဖမ်းခံရတာ ပိုများလာတယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့် အဲဒီ ဖမ်းဆီးခံရမှု အချက်လက်တွေကို အသေးစိတ်အတည်ပြုနိုင်ခြင်းမရှိသေးပေမယ့် ဧပြီလ တစ်လအတွင်းထဲမှာပဲ အမျိုးသမီး ၄၃ ယောက်ထပ်မံဖမ်းခံရတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီအပြင် အခုလအတွင်း စစ်တပ်ရဲ့ဝေဟင်ဗုံးကြဲမှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အသက်ဆုံးရှုံးရတဲ့ အမျိုးသမီး ၅၅ ယောက်ထိရှိခဲ့ပြီဖြစ်တယ်လို့ ပြောဆိုထားတယ်။

Show More

Related Articles

Back to top button