သတင်း

ညောင်ကုန်းကျေးရွာ လေကြောင်းပစ်ခတ်ခံရပြီး ဘုန်းကြီးတစ်ပါးအပါအဝင် အရပ်သားပြည်သူ  ၉ ယောက်သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ညောင်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် ဘုန်းကြီးတစ်ပါးအပါအဝင် အရပ်သားပြည်သူ ၉ ယောက်နဲ့  စုစုပေါင်း ၁၀ ယောက် သေဆုံးမှုရှိခဲ့တယ်လို့ မြေပြင်ကယ်ဆယ်ရေး ဆောင်ရွက်နေသူများထံကနေ သိရသည်။

ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်း ၄ လောက်မှာ တံတားဦးလေဆိပ်ကနေ တက်လာတဲ့ တိုက်လေယာဉ်က ညောင်ကုန်းကျေးရွာရဲ့ ရွာဦးဘုန်းကြီးကျောင်းနဲ့ နေအိမ်တစ်ချို့တွေမှာ ၂ ကြိမ်ထက်မနည်း ဗုံးကျဲတိုက်ခိုက် ခံရတယ်လို့ ဒေသခံတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ညောင်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဥ်နဲ့ပစ်ခတ်ခဲ့‌သောကြောင့် ဘုန်းကြီးတစ်ပါးအပါအဝင် အရပ်သားပြည်သူ ၉ ဦး စုစုပေါင်း ၁၀ ဦးသေဆုံး‌ကြောင်း မြေပြင်ကယ်ဆယ်ရေး ဆောင်ရွက်နေသူများထံကနေ သိရပါတယ်လို့ပြောပါတယ်။

လေကြောင်းလိုင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ဘုန်းကြီးကျောင်း ၂ ထပ်ဆောင်

အခုလို လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားတဲ့ အရပ်သားပြည်သူ ၉ ယောက်ထဲမှာ အမျိုးသမီး ၃ ဦးပါဝင်ပြီးတော့ ရွာထဲမှာရှိတဲ့ လူနေအိမ် ၁၁ လုံးနဲ့ ဘုန်ကြီးကျောင်းနှစ်ထပ်ဆောင်၊ ဓမ္မာရုံ၊ ဘုရားခန်းများလည်း ထိခိုက်ပျက်စီးသွားတယ်လို့ပြောပါတယ်။

ပုလဲနယ်အတွင်းမှာ ဇွန်လ ၉ရက်ကနေ ၂၄ ရက်အထိ စစ်ကောင်စီတပ်နဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့ကြား ၁၅ ရက်အကြာ နှစ်ဖက်တပ်ထိတွေ့တိုက်ပွဲများမှာ စစ်ကောင်စီဘက်ကနေ အထိနာခဲ့တဲ့အတွက် စစ်ကောင်စီဘက်နေ အခုလိုလာရောက်ပစ်ခတ်တာဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

ပုလဲနယ်ထဲကို စစ်ကောင်စီဘက်က နောက်ဆုံးထိုးသွားတဲ့စစ်ကြောင်းက အရင်ကနဲ့မတူဘဲ ထိခိုက်မူတွေရှိခဲ့တယ်။ သူတို့လုပ်ချင်တိုင်း မလုပ်နိုင်အောင် ကာကွယ် ရေး တပ်တွေက ထိန်းကျောင်းနိုင်ခဲ့တယ် သူတို့တော် လှန်ရေးအင်အားစုတွေကို မစိုးမိုးနိုင်တော့လို့ အခု လိုပြည်သူတွေကို လာပစ်တယ်လို့ ကျနော်ယူဆပါတယ်တယ်လို့ပြောပါတယ်။

ညောင်ကုန်းကျေးရွာဟာ ပုလဲမြို့နယ်တောင်ဘက်ခြမ်း မြို့က်နေ ၁ မိုင်ခန့်ဝေးတဲ့နေရာမှာရှိတဲ့ ကျေးရွာတစ်ခုဖြစ်ပြီးတော့ လက်ရှိမှာ လေကြောင်းတိုက်ခိုက်ခံရတဲ့အတွက်ကြောင့် ညောင်ကုန်းကျေးရွာအပါ အနီးတဝိုက်မှာရှိတဲ့ ရွာ ၅ ရွာက ဒေသခံတွေက ဘေလွတ်တဲ့နေရာဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

Show More

Related Articles

Back to top button