သတင်း

လက်နက်ကြီးကြောင့် ခြေတစ်ဖက်ဖြတ်လိုက်ရတဲ့ကလေးငယ်အတွက် အကူညီများလိုအပ်နေ

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောာင်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မူကြောင့်လက်နက်ကြီးထိမှန်ပြီး ခြေထောက်ဖြတ်လိုက်ရတဲ့ ကလေးငယ်အတွက် အကူညီများလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီနေသူတွေထံကသိရပါတယ်။

ပြီးခဲ့တဲ့ မေလ၂၇ရက်နေ့က ကလေးမြို့နယ်တောင်ပိုင်း ရေလဲဦး၊ပေါက်ခုံအနားမှာဖြစ်ပွားခဲ့တဲ့စစ်ကောင်စီ တပ်နဲ့ကာကွယ်ရေးတပ်တွေရဲ့တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရင်း၆နှစ်အရွယ်ကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန်ခဲ့တာဖြစ်တယ်လို့ စစ်ဘေးရှောင်ကူညီနေသူ ကိုသူရိန်ဇင်ကပြောပါတယ်။

“ပြီးခဲ့တဲ့မေလလောက်ကတိုက်ပွဲမှာ စစ်ကောင်စီဘက်ကနေ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်တယ်ဗျ အဲ့ချိန် ပြည်သူတွေကလည်း စစ်ဘေးရှောင်နေကြတာပေါ့လှည်းတွေဆိုင်ကယ်တွေနဲ့ပြေးကြတဲ့အချိန် လက်နက် ကြီးကျတာဗျအသက်တော့ ကယ်လိုက်နိုင်ပေမဲ့ ညာဖက်ခြေထောက်တော့ဖြတ်လိုက်ရတယ်ဗျ ကူညီပံ့ပိုးမူ ကတော့ မရသလောက်ဖြစ်နေတယ် ဆေးကုသမူတော့ခံယူနေရဆဲပေါ့”လို့ပြောပါတယ်။

အဲ့ဒီတိုက်ပွဲဖြစ်ပွားပြီး နောက်ပိုင်းမှာလည်း စစ်ကောင်စီတပ်က ရေလဲဦး၊ပေါက်ခုံကျေးရွာ အနီးတစ်ဝှိုက်ကို လက်နက်ကြီးတွေနဲ့ ဇွန်လတစ်လလုံးနီးပါးလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်၂ဦးအပါအဝင် ၆ဦးသေဆုံးခဲ့ရပါသေးတယ်။

ခုလိုစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်တိုက်မူတွေကြောင့် ကလေးမြို့နယ်တောင်ပိုင်းက ရေလဲဦး၊ ပေါက်ခုံ၊ဇင်းကလင်း၊ သာစည်၊အရှေ့သာစံ၊ အနောက်သာစံ နဲ့နဂါးပွက်ကျေးရွာက ဒေသခံပြည်သူတွေ ယနေ့ ချိန်ထိရွာ မပြန်နိုင်သေးဘဲ စစ်ဘေးရှောင်နေရဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် ကလေးမြို့နယ်တောင်ပိုင်း သာစည်ကျေးရွာမှာ ပြီးခဲ့တဲ့ဇွန်လ နောက်ဆုံးအပတ်အတွင်းမှာပဲ စစ်ကောင်စီတပ် တွေနဲ့ကာကွယ်ရေးတပ် တွေအကြားတိုက်ပွဲပြင်းထန်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးကာ နှစ်ဖက်အကျအဆုံးများရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေထံကသိရပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲနဲ့လက်နက်ကိုင်ပဋိပက္ခတွေ‌ ကြောင့် သေဆုံးခဲ့ရသူ ၂၄၀၀ကျော်ရှိတယ်လို့မြန်မာ့မူဝါဒလေ့လာရေးအင်စတီကျု(ISP Myanmar) က ပြီးခဲ့တဲ့ ဇွန်လ၁၄ရက်နေ့က ထုတ်ပြန်ထားပါတယ်။

Show More

Related Articles

Back to top button