လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ခင်ဦးမှာ ကလေးနဲ့ သက်ကြီးရွယ်အို ၃၀၀ ကျော်အပါအဝင် ဒေသခံ ၃ထောင် ကျော်ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေမှာ စစ်ကောင် စီတပ်သားတွေနဲ့ပျူစောထီးအဖွဲ့ပေါင်းပြီး စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့်သက်ကြီးရွယ်အိုနဲ့ကလေးငယ် ၃၀၀ကျော်အပါအဝင် ဒေသခံ ၃ထောင် ကျော်ထွက်ပြေးနေရတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေထံကနေ သိရပါတယ်။

အင်းပတ်ကွေ့အထိုင်စစ်ကောင်စီတပ်ဖွဲ့နဲ့ ရွာသစ်ကုန်းရွာက ပျူစောထီးပူးပေါင်းအဖွဲ့အင်အား၂၀ကျော်က ဇူလိုင်လ ၇ရက်နေ့ကစပြီး ကျေးရွာတစ်ချို့မှာ ဝင်ရောက်စီးနင်းခဲ့ကြတာကြောင့် ဒေသခံတွေထွက်ပြေးနေကြရတာဖြစ်တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှတာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

“ နှစ်ရက်ရှိပြီ သူတို့အထိုင်စခန်းတွေနဲ့အနီးနားကရွာတွေကိုအကြမ်းဖက် ဝင်ရောက်ပြီးဒုက္ခပေးနေတာ ပြေးနေရတဲ့ဒေသခံတွေထဲမှာ

သက်ကြီးရွယ်အိုနဲ့ကလေးပေါင်းကို ၃၀၀ကျော် ၄၀၀ ဝန်းကျင်ရှိတယ် ဒေသခံ အားလုံးပေါင်းကို ၃၀၀၀ကျော်ရှိတယ်ဗျ” လို့ပြောပါတယ်။

photo-ဇူလိုင်လ၇ရက်နေ့နဲ့၈ရက်နေ့ ထွက်ပြေးနေရတဲ့ ခင်ဦးကစစ်ဘေးရှောင်များ
photo-ဇူလိုင်လ၇ရက်နေ့နဲ့၈ရက်နေ့ ထွက်ပြေးနေရတဲ့ ခင်ဦးကစစ်ဘေးရှောင်များ

လက်ရှိ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီတပ်ဖွဲ့နဲ့ပျူစောထီးတွေ အထိုင်ချတပ်စွဲထားတဲ့ကျေးရွာတွေရဲ့ အနီးဆုံးကကျေးရွာတွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ဒါ့အပြင် အဲ့ဒီစစ်ကောင်စီပူးပေါင်းစစ်ကြောင်းတွေဝင်ရောက်စီးနင်းခဲ့တဲ့ မြကန်ကျေးရွာမှာမီးရှို့သတ်ခံ ထားရတဲ့ ဒေသခံတစ်ဦးရဲ့ ရုပ်အလောင်းကိုလည်းတွေ့ရှိခဲ့တယ်လို့ခင်ဦးသတင်းမှန်ပြန်ကြားရေး အဖွဲ့မှတာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။

 “ မနေ့ကမနက်ခင်းမှာဆို မြကန်ရွာက ဒေသခံနှစ်ယောက်ကိုဖမ်းသွားတယ်အိမ်နှစ်လုံးလည်းမီးရှို့ခဲ့တယ် ဖမ်းသွားတဲ့ဒေသခံ၂ယောက်ထဲက တစ်ယောက်ကိုတော့လမ်းမှာမီးရှို့သတ်ထားခဲ့တယ် နှစ်ယောက်ထဲက ဘယ်သူဘယ်ဝါသတ်ခံရလဲဆိုတာကိုတော့ရုပ်အလောင်းကမပီသတော့လို့မသိရတော့ဘူး” လို့ပြောပါတယ်။

photo-ဇူလိုင်လ၇ရက်နေ့နဲ့၈ရက်နေ့ ထွက်ပြေးနေရတဲ့ ခင်ဦးကစစ်ဘေးရှောင်များ
photo-ဇူလိုင်လ၇ရက်နေ့နဲ့၈ရက်နေ့ ထွက်ပြေးနေရတဲ့ ခင်ဦးကစစ်ဘေးရှောင်များ

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ နယ်မြေကျွမ်းကျင်တဲ့ ဒေသခံပျူစောထီးတွေ ပူးပေါင်းပြီးတော့ ရွာတွေကို မကြာခဏဝင် ရောက်စီးနင်းလေ့ရှိတဲ့အတွက် ဒေသခံတွေ မကြာခဏထွက် ပြေးတိမ်းရှောင်နေရတာဖြစ်ပြီးအမောဖောက်သေဆုံးခဲ့တဲ့သက်ကြီးရွယ်အို ၅ဦးခန့်ရှိပြီလို့လည်းဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကိုင်းတိုင်းမှာ ဒေသခံ ၇သိန်းခွဲကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမူဆိုင်ရာပေါင်းစပ်ညှိနှုင်းရေးမူးရုံး(UN OCHA)က ပြီးခဲ့တဲ့လ ဇွန်၁၃ရက်နေ့က ထုတ်ထားပါတယ်။

Show More

Related Articles

Back to top button