သတင်း

ရေဦးနယ် ဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းအနီးကို လေကြောင်းကတိုက်ခိုက်

စစ်ကိုင်းတိုင်း ရေဦးနယ် ရေမြက်ကျေးရွာကို စစ်ကောင်စီတပ်က ဒီကနေ့မနက်ပိုင်း၁၀နာရီလောက်မှာ လေကြောင်းကနေဂျက်ဖိုက်တာနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့်ထိခိုက်ပျက်ဆီးမူတွေရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

“ဒီမနက်မှာ ရေမြက်ကျေးရွာပေါ်ကို ပေါင် ၅၀၀ ဗုံး၃လုံးကြဲချတယ်စက်လက်နက်တွေနဲ့လည်းရွာပတ်ပတ်လည်ကိုဝဲပြီးပစ်သွားတယ်ဗျ။ ထိခိုက်မူကတော့ဘုန်းကြီးကျောင်းက စေတီတော်က ထီးတော်ပြုတ်ကျသွားတယ်ဆင်းတုတော် ၅ ဆူထက်မနည်းပျက်ဆီးသွားတယ် စာသင်ကျောင်းလည်း အနည်းငယ်ထိခိုက်သွား တယ် အရပ်သား ကျဆုံးမူတော့မတွေ့ရသေးပါဘူး”ဟု ကိုထူးခန့်ကပြောပါတယ်။

Photo; ဒီကနေ့ ဇူလိုင်၁၀ရက်နေ့မနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ရေမြက်ကျေးရွာ
Photo; ဒီကနေ့ ဇူလိုင်၁၀ရက်နေ့မနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ရေမြက်ကျေးရွာ

ဂျက်ဖိုက်တာ၂စီးဖြင့် ဗုံး၃လုံးကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ဓမ္မာရုံအနီးကျရောက်ခဲ့တဲ့တစ်လုံးကတော့ ပေါက်ကွဲခဲ့ခြင်းမရှိဘူးလို့ သူကဆက်ပြောပါတယ်။လက်ရှိအခြေနေတွေကြောင့် ရေမြက်ကျေးရွာနဲ့အနီးတစ်ဝှိုက်က ဒေသခံတွေအားလုံး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေကပြောပါတယ်။

ရေမြက်ကျေးရွာမှာတော့ တစ်စုံတစ်ရာတိုက်ပွဲဖြစ်ပွားတာမရှိသလို စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးတာလည်းမရှိပမယ့် သတင်းမှားပေးတာတွေကြောင့် တိုက်ခိုက်ခံရတာဖြစ်နိုင်တယ်လို့ရေဦးနယ်က ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကအခုလိုပြောပါတယ်။

“ ဖိုက်တာနှစ်စီးသုံးပြီး လာတိုက်ခိုက်တယ် လာပစ်တဲ့အချိန်ကလည်းကလေးတွေစာသင်နေတဲ့အချိန်ပေါ့ ဒလန်သတင်းပေးချက်တစ်ခုခုကြောင့်လို့ထင်တယ်သတင်းမှားတာပဲဖြစ်ဖြစ်မှန်တာပဲဖြစ်ဖြစ် တစ်ခါ တစ်လေ အစည်းအဝေးရှိတယ်တို့ကာကွယ်ရေးတပ်ဖွဲ့တွေရှိတယ်တို့သတင်းပေးရင် ဟုတ်ဟုတ် မဟုတ်ဟုတ်သူတို့ကလာတိုက်ခိုက်တာပဲ” လို့ပြောပါတယ်။

Photo; ဒီကနေ့ ဇူလိုင်၁၀ရက်နေ့မနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ရေမြက်ကျေးရွာ
Photo; ဒီကနေ့ ဇူလိုင်၁၀ရက်နေ့မနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ရေမြက်ကျေးရွာ

ရေမြက်ကျေးရွာဟာ ရေဦးနယ်အနောက်ခြမ်း ရေဦးမြို့နဲ့မိုင်၂၀အကွာက အိမ်ခြေ၃၀၀နီးပါးရှိတဲ့ကျေးရွာဖြစ်ပြီး တန့်ဆည်နယ်နဲ့ တစ်မိုင်ခန့်သာဝေးတယ်လို့ ဒေသခံတွေကပြောပါတယ်။ရေမျက်ကျေးရွာကို ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ၂၀ရက်နေ့မှာလည်း စစ်ကောင်စီတပ်ကMi 35 ရဟတ် ယာဥ်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ၆ဦးထက်မနည်းသေဆုံးခဲ့ရပါတယ်။

၂၀၂၁ခုနှစ် ဒီဇင်ဘာလ၂၀ရက်နေ့မှာလည်း စစ်ကောင်စီတပ်ကMi 35 ရဟတ် ယာဥ်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ၆ဦးထက်မနည်းသေဆုံ
Photo; ဒီကနေ့ ဇူလိုင်၁၀ရက်နေ့မနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ရေမြက်ကျေးရွာ
Show More

Related Articles

Back to top button