သတင်း

တနိုင်းချောင်းရေကြီးလာတဲ့အတွက် မြို့ပေါ်ရပ်ကွက် အများပိုင်းရေမြှပ်

ကချင်ပြည်နယ် တနိုင်းမြို့မှာ တနိုင်းချောင်းရေကြီးလာတာကြောင့် မြို့ပေါ်ရပ်ကွက် အများပိုင်းရေဝင်ရောက်နေပြီး ဒေသခံတွေသွားလာရေးခက်ခဲနေတယ်လို့ သိရပါတယ်။

တနိုင်းမြို့မှာ ဇူလိုင်လ ၁ ရက်နေ့ကနေ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် လက်ရှိ တနိုင်းချောင်းရေကြီးနေပြီး မြို့ပေါ် ရပ်ကွက်အများပိုင်းမှာရှိတဲ့ လူနေအိမ်တွေ နဲ့ လမ်းမပေါ်တွေမှာရေမြှပ်နေတာဖြစ်တယ်လို့ တနိုင်းမြို့ အေးသုခရပ်ကွက်နေအမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

”မိုးတာရွာနေတာ ဒီနေ့နဲ့ဆို ၁၄ ရက်လောက်ရှိပြီမရပ်ဘူးရွာနေတာ အခုရပ်ကွက်အားလုံးလိုလိုရေမြှပ်နေတယ် အောက်ချိုင့်ရပ်ကွက်ဆိုပိုဆိုးတယ် တနိုင်းချောင်းရေဝင်တော့ ရပ်ကွက်ကြားတောင် လှေနဲ့သွားနေရတယ်”လို့ သူကပြောပါတယ်။

တနိုင်းချောင်းရေကြီးလာတဲ့အတွက် လက်ရှိ ဆင်(မ်)ဆားရာရပ်ကွက်၊ အေးသုခရပ်ကွက်၊ အောက်ချိုင့်ရပ်ကွက်၊ နာဂကုန်းရပ်ကွက်နဲ့တစ်ခြားအနိမ့်ပိုင်းရပ်ကွက်တွေမှာလည်း ရေဝင်လာနေပြီဖြစ်တဲ့အတွက် နီးစပ်ရာကိုပြောင်းရွေ့နေရတဲ့ သူတွေရှိတယ်လို့သိရပါတယ်။

”ရေကြီးတာ ၂ရက်မြောက်ရှိပြီ။ အောက်ချိုင့်ကတော့ နေအိမ်အောက်ခန်းတဝက်လောက်ထိရေဝင်တဲ့အိမ်တွေရှိတယ် နေလို့မရဘူးအ့ကြောင့် ကျွန်မသိရသလောက် အိမ်၊ ၈အိမ်လောက်တော့နီးစပ်ရာကိုပြောင်းကြရတယ်”လို့ ဒေသခံအမျိုးသမီးတစ်ဦးကထပ်ပြောပါတယ်။

photo- တနိုင်းချောင်းရေကြီးလို့ လူနေရပ်ကွက်ရေဝင်ရောက်
photo- တနိုင်းချောင်းရေကြီးလို့ လူနေရပ်ကွက်ရေဝင်ရောက်

တနိုင်းမြို့ဟာ တနိုင်းချောင်းနံဘေးမှာတည်ထားတဲ့မြို့ဖြစ်တဲ့အတွက် လက်ရှိရေကြီးမှုကြောင့်တနိုင်းချောင်းဝဲယာ စိုက်ပျိုးထားတဲ့ စိုက်ခင်းတွေထဲမှာလည်းရေဝင်နေပြီး ပျက်စီးမှုတွေရှိတယ်လို့ဒေသခံတွေကဆိုပါတယ်။

ယခင် ၂၀၂၂ ခုနှစ် ဇွန်လ တုန်းကလည်းမိုးရွာသွန်းမြို့ကြောင့် တနိုင်းချောင်းရေမြင့်လာပြီး တနိုင်းမြို့ပေါ်က အိမ်ထောင်စု ၄၀၀ ကျော်ရေဘေးသင့်ခဲ့ရပါတယ်။

BY;WL

Show More

Related Articles

Back to top button