သတင်း

ဝက်လက်က စစ်ဘေးရှောင်တွေ ဖျားနာသူတွေများလာပြီး ဆေးဝါးအကူညီတွေလိုအပ်နေ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုတွေကြောင့် ထွက်ပြေးနေကြရတဲ့ ဒေသခံတွေဟာ တော၊တောင်တွေမှာဖြစ်သလိုအိပ်နေရတဲ့အတွက် ဖျားနာသူတွေများလာပြီး မိုးကာနဲ့ဆေးဝါး အကူညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီနေသူ တွေထံကသိရပါတယ်။‌

ဝက်လက်နယ်အရှေ့ခြမ်းက သုံးဆင့်ကန်ရွာနဲ့သာလိုင်းရွာကို ပြီးခဲ့တဲ့ဇူလိုင် ၁၃ရက်နေ့ကစစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်းခဲ့တာကြောင့် ဒေသခံ ၃ထောင်နီးပါးမိုးထဲရေထဲထွက်ပြေးခဲ့ကြရတာဖြစ်တယ်လို့ လူမူကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

“အဲ့မှာမိုးကရွာ မိုးကတစ်အားမပြင်းထန်ပေမဲ့ လေကတိုက်တော့ နေမကောင်းတာတွေသက်ကြီးရွယ်အို တွေလည်းပါတဲ့အခါကျတော့ ဖျားနာတာတွေဖြစ်နေတယ်ဗျ အဲ့တာတွေကလည်း မြေကြီးပေါ်မှာအိပ်ကြ တယ် ဖြစ်သလိုယာယီဖျာလေး တွေခင်းပြီးအိပ်ကြတာပေါ့” လို့ပြောပါတယ်။

ဓာတ်ပုံ-ဇူလိုင်၁၄ရက်နေ့က ဆေးကုသမူခံယူနေကြရတဲ့ ဝက်လက်တစ်နေရာက စစ်ဘေးရှောင်များ
ဓာတ်ပုံ-ဇူလိုင်၁၄ရက်နေ့က ဆေးကုသမူခံယူနေကြရတဲ့ ဝက်လက်တစ်နေရာက စစ်ဘေးရှောင်များ

ဒေသခံတွေဟာလက်ရှိမှာ နေရပ်မပြန်ရဲသေးဘဲ နီးစပ်ရာထန်းတောတွေနဲ့သရက်ခြံတွေမှာလှည်းတွေ၊ လက်ကျန်အစားအသောက်တွေနဲ့ စစ်ရှောင်နေကြရပြီးမိုးကာနဲ့ဆေးဝါးအကူညီတွေလိုအပ်နေတယ်လို့ လူမူကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးကအခုလိုဆက်ပြောပါတယ်။

ဓာတ်ပုံ-ဇူလိုင်၁၄ရက်နေ့က ဆေးကုသမူခံယူနေကြရတဲ့ ဝက်လက်တစ်နေရာက စစ်ဘေးရှောင်များ
ဓာတ်ပုံ-ဇူလိုင်၁၄ရက်နေ့က ဆေးကုသမူခံယူနေကြရတဲ့ ဝက်လက်တစ်နေရာက စစ်ဘေးရှောင်များ

“ကျနော်တို့က မိုးကာတွေကို လက်တလောကူညီချင်ပေမဲ့ပေးဖို့ရာငွေရေးကြေးရေးကအဆင်မပြေဖြစ်နေ တယ် လက်တလောကလည်းဒေသခံတွေကရွာထဲကိုပြန်မဝင်ရဲဘူး ပြန်ဝင်ရင်တောင်နေစရာက ပြောင်တလင်းခါသွားတော့ယာယီတဲဆောက်ဖို့ကလည်းပြန်လိုမယ်” လို့ပြောပါတယ်။

ဓာတ်ပုံ-ဇူလိုင်၁၄ရက်နေ့က ဆေးကုသမူခံယူနေကြရတဲ့ ဝက်လက်တစ်နေရာက စစ်ဘေးရှောင်များ
ဓာတ်ပုံ-ဇူလိုင်၁၄ရက်နေ့က ဆေးကုသမူခံယူနေကြရတဲ့ ဝက်လက်တစ်နေရာက စစ်ဘေးရှောင်များ

ရွှေဘိုလေ့ကျင့်ရေး၈တပ်က အင်အား၈၀ကျော်ရှိတဲ့စစ် ကောင်စီတပ်ဖွဲ့တွေဟာ ဝက်လက်နယ်သုံးဆင့်ကန် ရွာနဲ့သာလိုင်းရွာကို ဝင်ရောက်စီးနင်းခဲ့တဲ့ ဇူလိုင်၁၃ရက်နေ့မှာ နေအိမ်၂၀၀ခန့်ဖျက်ဆီးခံခဲ့ရသလို အသက်၇၀အရွယ် အဘိုးအိုနဲ့ပင်စင်ကျောင်းဆရာတစ်ဦးလည်းသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကိုင်းတိုင်းမှာ ဒေသခံ၇သိန်းခွဲကျော်ဘေးလွှတ်ရာသို့အိုးအိမ်စွန့်ခွာထွက် ပြေးနေကြရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမူဆိုင်ရာပေါင်းစပ်ညှိနှုင်းရေးရုံး(UN OCHA)က ပြီးခဲ့တဲ့ လဇူလိုင်၁၃ရက်နေ့ကထုတ်ပြန်ထားပါတယ်။

By; Am

Show More

Related Articles

Back to top button