သတင်း

စစ်ကောင်စီပစ္စည်းသွားပို့ခိုင်းလိုက်တဲ့ မူဆင့် ဒေသခံ ၃ ဦးတစ်လကျော်ကြာပျောက်ဆုံးနေ

ကချင်ပြည်နယ် မံစီမြို့နယ် မူဆင့်ကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ္စည်းသွားပို့ခိုင်းတဲ့ မူဆင့်ဒေသခံအမျိုးသား  ဦး တစ်လကျော်ကြာတဲ့အထိပြန်မလာပဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့မှာ မူဆင့်ရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ ဒုတပ်ရင်းမှူး ဟိန်းထက်ရှိန်းကနေပြီး မူဆင့်ဒေသခံအမျိုးသား ၃ ဦးကို မံစီမြို့နယ် မူဆင့်ရွာကနေ ရှမ်းပြည်နယ် မိုးမိတ်မြို့ ၃၈၄ တပ်ထဲ ဆိုင်ကယ်တစ်စီးအပါအဝင် ပစ္စည်းတစ်ချို့အား ပို့ခိုင်းလိုက်တဲ့နောက် လက်ရှိချိန်ထိ အဆက်သွယ်ပြတ်တောက်သွားတာလို့ မိသားစုဝင်နဲ့နီးစပ်သူက KNG ကိုပြောပါတယ်။

သူတို့က ၆ လပိုင်း ၈ ရက်နေ့ကထွက်တာ ၁၁ နေ့ထိဖုန်းပြောသေးတယ်သူတို့ကို အဲ့နောက်ပိုင်းကသူတို့ရဲ့ဖုန်းတွေ ဆက်သွယ်မှုခနရပ်ဆိုင်းထားတယ်ပဲ ပြောလာခဲ့တော့တယ်။အဲ့ ၁၁ ရက်နေ့က ဖုန်းပြောတော့သူတို့ဆိုင်ကယ်ပျက်နေတယ်တဲ့ သုံးစီးနဲ့သွားတာ ၂စီးကပျက်နေတယ်တဲ့ပြောခဲ့တာလို့ပြောပါတယ်။

မူဆင့်နဲ့ မိုးမိတ်ဟာ ဆိုင်ကယ်နဲ့ နေ့ချင်းပြန်သွားလို့ရတဲ့ခရီးဖြစ်ပြီး ပျောက်ဆုံးနေတဲ့ အမျိုးသားသုံးဦးနဲ့ နောက်ဆုံးဆက်သွယ်ခဲ့တဲ့နေရာဟာ မူဆင့်နဲ့ မိုးမိတ်ကြားမှာဖြစ်ပြီး ဇွန်လ ၁၁ ရက်နေ့ နောက်ဆုံးဖုန်းဆက်သွယ်ရလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ပျောက်ဆုံးနေတဲ့ အမျိုးသားသုံးဦးဟာ ကိုမင်းသိန်းဌေး ()ကုလားလေး အသက် ၃၆ နှစ် ၊ ကိုသက်ထွန်းအောင်အသက် ၂၀ ကျော် နှင့် ကိုအောင်ပိုင်စိုး အသက် ၂၀ ကျော်တို့ဖြစ်ပြီး စစ်တပ်က ရွာသားတွေကိုအလှည့်ကျ ပစ္စည်းပို့ခိုင်းရာ ခုပျောက်ဆုံးနေတဲ့ ဒေသခံ ၃ ဦးက ဒုတိယအသုတ်ဖြစ်တယ်လို့ သိရပါတယ်။

“125 တစ်စီး၊ iphone တစ်လုံး၊ ကျွန်းနဲ့ထုထားတဲ့ဘုရားရယ်၊ ၅၆ မီးစက်တစ်လုံးရယ်ကိုသူတို့ကိုပို့ခိုင်းတာ။ ပို့ခိုင်းတာက ၈ရက် ၆ လပိုင်းကအဲ့တာအခုထိပြန်မပေါ်လာသေးဘူးအဆက်အသွယ်လည်းမရဘူး။ သူတို့က အလှည့်ကျပို့ခိုင်းတာ အရင်ပထမအသုတ်က ဘာမဖြစ်ကြဘူး ဒီ ၃ ယောက်ကဘယ်လိုဖြစ်သွားလို့မသိဘူးလို့ ပျောက်ဆုံးနေသူတွေနဲ့ရင်းနှီးနဲ့အခြားဒေသခံအမျိုးသမီးတစ်ဦးကပြောတယ်။

အဲ့ဒီအမျိုးသားသုံးယောက်ကို ရပ်ကွက်လူကြီးတွေကလာခေါ်ပြီး ပစ္စည်းပို့ခိုင်းလိုက်တာဖြစ်ပေမယ့် ပျောက်ဆုံးသွားချိန်မှာတော့ ရပ်ကွက်တာဝန်ယူတာဝန်ခံမှုမရှိသလိုစစ်တပ်ကလည်း အကြောင်းပြန်ပေးတာမရှိဘူးလို့သိရပါတယ်။

သူတို့ကိုလာခေါ်တာတောရပ်ကွက်ကလူကြီးတွေလာခေါ်တာအခုပျောက်နေတော့ သူတို့ စုံစမ်းမပေးဘူးစစ်တပ်ကိုပဲဆက်သွယ်လိုက်တဲ့ ကျနော်တို့စစ်တပ်ကိုမေးလို့ရတယ်၊ ဖုန်းနဲ့ဘယ်လိုတာဝန်ယူမလဲ ဘယ်လိုဖြေရှင်းပေးမလဲပြောတော့ဖုန်းကိုကိုင်ကိုမကိုင်ပေးတော့ဘူး ခုခြေနေနဲ့စစ်တပ်ထဲအဝင်အထွက်လည်းမလုပ်ရဲဘူးလေလို့ ကိုမင်းသိန်းဌေး မိသားစုနဲ့ရင်းနှီးသူကပြောပါတယ်။

မူဆင့်မှာရှိတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံတွေကို ခုလိုမျိုးပစ္စည်းပို့ဆောင်ခိုင်းတာ အလှည့်ကျစနစ်နဲ့အသုံးချနေတာ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းလောက်ကတည်းကဖြစ်ပြီး အခုလိုပစ္စည်းပို့ရင်ပျောက်ဆုံးသွားတာ ဒါပထမဆုံးလိူ့သိရပါတယ်။ မူဆင့်ကျေးရွာဟာ မံစီမြို့နယ် စီးခမ်းကြီးကျေးရွာအုပ်စုထဲကဖြစ်ပြီးရှမ်းပြည်နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ကျေးရွာ ဖြစ်ပါတယ်။

Show More

Related Articles

Back to top button