တိုက်ပွဲသတင်း

ယင်းမာပင်တိုက်ပွဲမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ဦး၊ စစ်တပ်ဘက်က ၅ ဦးသေဆုံ

စစ်ကိုင်းတိုင်း ယင်းမာပင်နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ် တွေအကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဘက်ကတော့  ဦးကျဆုံးခဲ့တယ်လို့ အာဠာဝကဒေသကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၆ရက်နေ့မနက်ပိုင်းမှာ အကျိုးကုန်းလို့ခေါ်တဲ့ရွှေတောင်ဦးဂိတ်စခန်းက စစ်ကောင်စီတပ်ဖွဲ့တွေဟာ ယင်းမာပြင်နယ် ပတိန်ပြင်ရွာအနားမှာရှိတဲ့ ပတိန်ပြင်သစ်ကွင်းက သစ်တွေကို လာသယ်ရာကနေ နှစ်ဖက်ထိတွေ့မှုတွေဖြစ်ခဲ့တာဖြစ်တယ်လို့ အာဠာဝကတပ်ဖွဲ့က တပ်ရင်းမှူး ဗိုလ်ထက်ရှိုင်းက ပြောပါတယ်။

နေ့လည် ၁နာရီ လောက်မှာဖြစ်တာ ကျနော်တို့ထမင်းစားစားပြီးချင်း စစ်ကြောင်းအတွက် ကင်းယူနေတာကနေ စဖြစ်တာပဲ တိုက်ပွဲအတွင်း ကျနော်တို့ဘက်က  ယောက်ကျဆုံးခဲ့တယ်။ ခွေးတွေဘက်ကတော့ သိရသလောက် ကျနော်တို့ရှေ့မှာကို ၅ယောက်လောက်ကျတယ်။ သူတို့အလောင်းတွေသယ်သွားတာတွေကိုလည်းမြင်လိုက်ရတယ် စုစုပေါင်းတော့၁၅ယောက်လောက်ကျနိုင်တယ်လို့ပြောပါတယ်။

တိုက်ပွဲအတွင်းကျဆုံးခဲ့ရတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်၂ဦးဟာ Fighter One တပ်ဖွဲ့က အသက် ၁၈ နှစ်အရွယ် ရဲဘော်ဝေယံအေးနဲ့ မဟာမိတ်အဖွဲ့ဝင် အသက်၂၈နှစ်အရွယ် ရဲဘော်ဘီအီး တို့ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲဟာ ၂ နာရီလောက်ကြာ ပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်းဒေသကာကွယ်ရေးတပ်တွေဘက်က လက်နက်ခဲယမ်း မပြည့်စုံတာတဲ့အတွက် တပ်ပြန်လည်ဆုတ်ခဲ့ရပြီး ရုပ်အလောင်းမကောက်နိုင်ခဲ့ဘူးလို့ တပ်ရင်းမှူး ဗိုလ်ထက်ရှိုင်းက အခုလိုပြောပါတယ်။

အချိန်၂နာရီလောက် ကျဆုံးခဲ့တဲ့ရဲဘော်တွေအလောင်းသယ်ဖို့ တောင့်ခံပြီးကြိုးစားခဲ့တယ် ဒါပေမဲ့ကျနော်တို့မှာ လက်နက်ခဲယမ်းမပြည့်စုံတဲ့အတွက် အချိန်အကြာကြီးမတောင်ခံနိုင်ခဲ့ဘူးအလောင်းကိုပြန် သယ်ဖို့လည်းအခက်အခဲတွေ့ခဲ့တယ်” လို့ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း အထိနာခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဟာ ဒေသကာကွယ်ရေးတပ်တွေရှိရာကို လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်ခတ်ခဲ့တဲ့အတွက် အမြန်ဆုံးပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိမှာတော့ အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာ ဒီကနေ့ဩဂုတ်လ၈ရက်နေ့အထိ ပတိန်ပြင်သစ်ကွင်းမှာပဲ တပ်စွဲထားပြီး ပတိန်ပြင်ရွာအပါအဝင် စုန်းချောင်း၊ကျောက်မှော်၊သံဗိုလ်နဲ့စေသူစတဲ့ကျေးရွာတွေက ဒေသခံ တွေကတော့ ဘေးလွှတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတဝှမ်း နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့အရပ်သား ၂သန်းနီးပါးရှိ လာတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးမှူးရုံးUNOCHA က ဩဂုတ်လ ၂ရက်နေ့က ထုတ်ပြန်ထားပါတယ်။

Show More

Related Articles

Back to top button