သတင်း

တနိုင်းမှာ ပထွေးဖြစ်သူက ၇ နှစ်သမီးငယ်ကို အဓမ္မပြုကျင့်

ကချင်ပြည်နယ် တနိုင်းမြို့ မုန်ဒိန်ရပ်ကွက်မှာ ပထွေးဖြစ်သူက အသက် ၇ နှစ်အရွယ်လောက်ရှိတဲ့ သမီးဖြစ်သူကို အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မိခင်ဖြစ်သူဟာတနိုင်းအထက် တလူးရွှေမှော်ဘက် ၁၅ ရက်လောက်အကြာ စျေးရောင်းထွက်သွားတဲ့ နောက် နေအိမ်မှာကျန်ရှိနေတဲ့ ပထွေးဖြစ်သူက သမီးဖြစ်သူကို ၅ ကြိမ်ထက်မနည်း အဓမ္မပြုကျင်မှုလုပ်ဆောင်ခဲ့တယ်လို့ မုန်ဒိန်ရပ်ကွက် ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

အဲ့အမျိုးသားက အသက်လည်း ၆၀ ကျော်လောက်ရှိပြီ။ သူက သူ့သမီးလောက်ရှိတဲ့ မိန်းမယူထားတာဟုတ်တယ်။ သူ့မိန်းမက ရင်အိမ်ထောင်နဲ့ရတဲ့ သားနဲ့ သမီး ၂ ယောက်ပါလာတယ်။ အဲထဲမှာ ၇ နှစ်လောက်ပဲရှိသေးတဲ့ သူ့သမီးကို ပြုကျင့်တာဖြစ်တယ်ပြောပါတယ်။

သမီးဖြစ်သူကို အဓမ္မပြုကျင့်ခဲ့တဲ့ ပထွေးဖြစ်သူဟာ အသက် ၆၇ နှစ်လောက်ရှိတဲ့ ဦးဆပ်တန်ဆိုသူဖြစ်ပြီးတော့ ပထမအကြိမ် ပြုကျင့်မှုမှာ သမီးဖြစ်သူကို မုန့်ဝယ်ကျွေးမယ်လို့ ပြောဆိုပြီး အဓမ္မပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။

အဲ့နောက်ပိုင်း အိပ်ခန်းထဲ ၄ ကြိမ်ထက်မနည်း ထပ်မံပြုကျင့်ခဲ့တယ်လို့ သမီးဖြစ်သူက မိခင်ဖြစ်သူကို ပြောဆိုခဲ့တယ်လို့ မုန်ဒိန်ဒေသခံက ဆက်ပြောပါတယ်။

ယခုဖြစ်စဉ်ကို ဩဂုတ်လ ၆ ရက်နေ့ မိခင်ဖြစ်သူက ဘုရားကျောင်းသွားဖို့ ပြင်ဆင်ခဲ့ရာကနေ ပထွေးဖြစ်သူနဲ့ အိမ်မှာနေခဲ့ဖို့ ပြောဆိုတဲ့အခါမှာ သမီးဖြစ်သူက ငြင်းဆန် ပြောဆိုရာကနေ မိခင်ဖြစ်သူက သိရှိသွားပြီး တနိုင်းရဲစခန်းကို သွားရောက်တိုင်တန်းမှုလုပ်ဆောင်ခဲ့ တယ်လို့သိရပါတယ်။

ဩဂုတ်လ ၇ ရက်နေ့ ပထွေးဖြစ်သူ ဦးဆပ်တန်ကို တနိုင်းရဲစခန်းက ဖမ်းဆီးသွားပြီး အဓမ္မပြုကျင့်ခံရတဲ့ သမီးဖြစ်သူက တနိုင်းဆေးရုံမှာ ဆေးကုသခံယူနေရတယ်လို့သိရပါတယ်။

အဓမ္မပြုကျင့်ခံရတဲ့ သမီးငယ်ရဲ့ မိခင်ဟာ ယခင်အိမ်ထောင်နဲ့ သား/သမီး ၂ ယောက်၊ လက်ရှိ ပထွေးနဲ့  ၂ ယောက် စုစုပေါင်း သား/သမီး ၄ ယောက်နဲ့ မိသားစုဝင် ၆ ယောက်က တနိုင်းမြို့ မုန်ဒိန်ရပ်ကွက်မှာ နေထိုင်ရင်း အခုလိုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

Show More

Related Articles

Back to top button