သတင်း

သင်္ဘောဆန်တက်ချိန် လူသားဒိုင်းအဖြစ်အသုံးပြုဖို့ ရွာသား ၃၀ ကျော်ကို စစ်တပ်ကဖမ်းသွား

ရွှေကူမြို့နယ် အထက်ဘက် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်မှာရှိတဲ့ ရွာတွေက  အရပ်သားပြည်သူ ၃၀ ကျော်ကို စစ်ကောင်စီတပ် လိုက်လံဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဒီကနေ့ မနက်ပိုင်း ၈နာရီလောက်မှာ ရွှေကူမြို့အထက်ပိုင်းမှာရှိတဲ့ ရွှေကူ လေးကျေးရွာ၊ ရွှေဘုံသာကျေးရွာနှင့် ငပေါက်ဝကျေးရွာဘက်ကို သံခွန်မော်တော် ၂ စီးနဲ့အင်အား ၃၀ ရောက်လာပြီး ဒေသခံပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ ငပေါက်ဝကျေးရွာအနီးနေထိုင်တဲ့ ဒေသခံအမျိုးသားတစ်ဦးက KNG ကို ခုလိုပြောပါတယ်။

သူတို့ကမနက် အစောကြီးတက်လာပြီးဆွဲတော့တာပဲ ဝိုက်ဖမ်း ဖမ်းနေကြတာအများကြီးပါသွားတယ် သံခွန်သင်္ဘောပေါ် ဖမ်းတင်သွားတယ် ရွာထဲကိုဝင်ဖမ်းတာလို့ ပြောပါတယ်။

စစ်ကောင်စီတပ်အနေနဲ့ အရပ်သားပြည်သူတွေကို ခုလိုဖမ်းဆီးသွားတာဟာ မန္တလေးဘက်ကနေ ဇူလိုင်လ ၂၆ ရက်နေ့ ဆန်တက်လာတဲ့ စစ်သင်္ဘော ၉ စီး ရွှေကူသင်္ဘောဆိပ်ကနေ ဗန်းမော်ဘက်ကို ဆန်တက်ဖို့ ပြင်ဆင်နေတဲ့အတွက် သင်္ဘာပေါ်မှာလူသားဒိုင်းအနေနဲ့သုံးဖို့ဖမ်းသွားတာဖြစ်တယ်လို့ ရွှေကူမြို့က တက်ကြွလှုပ်ရှားသူအမျိုးသား တစ်ဦးက ပြောပါတယ်။

ဟုတ်တယ်သူတို့အဲ့နယ်မြေခံရွာသားတွေကို သူတို့ဒိုင်းကာလုပ်မယ်နေမှာ ရွှေဘုံသာတို့ ရွှေကူလေးရွာသားတို့ပါတယ်။ လူပေါင်း ၃၀ ကျော် ၄၀ လောက်ဖမ်းထားတယ်။ ဖမ်းပြီးရွှေကူဘက်ကိုခေါ်လာတယ် သင်္ဘောကဒီနေ့တက်မယ်ထင်တယ်ပြင်တော့ပြင်ဆင်နေကြတယ်လို့ ပြောပါတယ်။

အဖမ်းခံရတဲ့ ဒေသခံတွေထဲမှာ အမျိုးသား ၊အမျိုးသမီးတွေပါဝင်ပြီး ငပေါက်ဝကျေးရွာကအများဆုံးပါ ဝင်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်အနေနဲ့ ရွှေကူ နဲ့ ဗန်းမောက်ကြားစစ်သဘော်တွေဆန်တက်ရမှာ လူသားဒိုင်းအသုံးပြုဖို့ဖမ်းဆီးနေတာနဲ့ပတ်သက်ပြီး ရွှေကူPDF နဲ့နီးစပ်တဲ့ဒေသခံအမျိုးသား တစ်ဦးကအခုလိုသုံးသပ်ပြောဆိုပါတယ်။

သူတို့ဟာသူတို့ကြပ်တည်းမှုများအထိနာတဲ့ အခါကျတော့ လူသားဒိုင်းပဲသူတို့လုပ်သွားမှာ။ ပြည်သူတွေရှိရင်သူတို့မထုဘူးဆိုတဲ့အနေအထားနဲ့သူတို့တောက်လျှောက်ဖမ်းတက်သွားမယ်လေး ဖမ်းတက်မှာမဟုတ်ဘူး ဖမ်းကိုဖမ်းနေတော့တာ။ သူတို့အထိနာလေဖမ်းလေပေါ့ မနေ့က တော့ ကာကွယ်ရေးတွေက တစ်ခါလှမ်းပစ်တယ်လက်နက်ကြီးနဲ့ထိရောက်မှုတော့မရှိသွားဘူးလို့ သုံးသပ်ပြောဆိုပါတယ်။

အဲ့ဒီစစ်သင်္ဘော  စီးဟာ မန်းလေးကနေ ဆန်တက်ရာမြစ်ကမ်းတစ်လျှောက် ကာကွယ်ရေးတပ်တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အထိနာခဲ့တဲ့အတွက် ထီးချိုင့်နဲ့ကသာကြားမှာလည်း ထီးချိုင့်အချုပ်ထောင်ထဲက အချုပ်သား ၅၀ ကျော်ကို လူသားဒိုင်းသဖွယ်ပြုလုပ်ပြီး ကသာအကျဥ်းထောင်အထိတင်ဆောင်လာခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ မနေ့က မနက်ရွှေကူဆိပ်ကမ်းအဝင်မှာလည်း စစ်သင်္ဘောပေါ်ကနေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်လာတဲ့အပြင် မနေ့ညအထိ ရွှေကူအနောက်ဘက်ခြမ်းဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်အဲဒီရွာတွေဟာ သင်္ဘောမတက်လာမှီ ၂ ရက်အလိုကတည်းက ကြိုပြီးတိမ်းရှောင်ခဲ့ကြလို့ လူထိခိုက်တာမရှိခဲ့ဘူးလို့ ဒေသခံတွေကဆိုပါတယ်။

Show More

Related Articles

Back to top button