သတင်း

ပုလဲမှာ ကျေးရွာ PDF  ဒုခေါင်းဆောင်တစ်ဦး သတ်ဖြတ်ခံခဲ့ရ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် တနယ်ရွာကကျေးရွာ ပကဖပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)  ဒုတိယခေါင်းဆောင်တစ်ဦး သေနတ်နဲ့ပစ်ခတ် သတ်ဖြတ်ခံခဲ့ရတယ်လို့ Pale Entertainment အဖွဲ့ထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၉ ရက်နေ့ ညနေ  နာရီလောက်မှာ တနယ်ရွာရဲ့ ပကဖ ဒု ခေါင်းဆောင် ကိုဇော်မျိုးသက် ဆိုသူဟာ လူမှုရေးကိစ္စတစ်ချို့နဲ့ ပန်းရွာကနေ တနယ်ရွာကို ပြန်လာတဲ့ လမ်းမှာပဲ အမည်မသိလက်နက်ကိုင် အဖွဲ့က သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အပြင် ဓားနဲ့ပါထိုးပြီး သတ်ဖြတ်ခဲ့တာလို့ Pale Entertainment က ကိုနေသူရိန် က ပြောပါတယ်။

သူ့ ရွာသူအပြန် တနယ်ရွာအရှေ့ဘက် လမ်းမှာ လက်နက်ကိုင်၂ဦးလို့ပြောတယ် တစ်ချို့မြင်လိုက်ရတဲ့ သူတွေပြောတယ် ရက်ရက်စက်စက်ကိုပစ်သတ်သွားတာ အခင်းဖြစ်တဲ့နေရာအနေထားကိုကြည့်တော့ မစ်ရှင်တစ်ခုလို ကင်းစောင့် ဒီလူပြန်လာမယ်ဆိုတာကို အချိတ်အဆက်နဲ့ စောင့်ပြီးပစ်သတ်သွားတာလို့ပြောပါတယ်။

တနယ်ရွာ ကျေးရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် ကိုဇော်မျိုးသက်ဟာ အသက်၄၀နှစ် ရှိပြီဖြစ်ပြီး ပုလဲတိုက်နယ် ၇ ပကဖရဲ့ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်တယ်လို့ သိရပါတယ်။

ကိုဇော်မျိုးသက်ဟာ ပုလဲမြို့နယ် သူနေထိုင်ရာဒေသတစ်ဝှိုက် တော်လှန်ရေးအတွက် တက်ကြွလှုပ်ရှားစွာ ပါဝင်နေသူတစ်ဦးဖြစ်ပြီး နာမည်ကြီးတဲ့ ပကဖအဖွဲ့ဝင်တစ်ဦးဖြစ်တယ်လို့ Pale Entertainmet က ကိုနေသူရိန်ကပြောပါတယ်။

အခုအချိန်ထိတော့ ပုလဲမြို့နယ် ကာကွယ်ရေး၊အုပ်ချုပ်ရေး၊လုံခြုံရေးကိုတော့ ဒီအမှုနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရNUG ကိုလည်းတိုင်ထားတယ် အဲ့အထိတော့ရှိပြီပေါ့ သူတို့လည်း ဒီအမှုနဲ့ ပတ်သက်လို့ကြိုးစားနေကြတယ်လို့ သိရတာပေါ့ အခုထိတော့ ဘယ်အဖွဲ့ကဘယ်သူကပစ်သွားတာကိုတော့ဘယ်သူမှမသိရသေးဘူးလို့ကိုနေသူရိန်က ဆက်ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ်လ  ရက်နေ့ကလည်း တနယ်ရွာနဲ့  မိုင်အကွာလောက်က အင်မထီးပျူစောထီးစခန်း ကနေ စစ်ကောင်စီတပ်ဖွဲ့အင်အား၁၀၀ခန့်ဟာ အိမ်ခြေ၆၀၀လောက်ရှိတဲ့ တနယ်ရွာကို ဝင်ရောက်စီးနင်း ခဲ့ရာမှ တနယ်ရွာရဲ့ ပကဖခေါင်းဆောင် ကိုမြင့်သိန်းဆိုသူ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဥ်ဖြစ်ပွားခဲ့ပါ သေးတယ်။

မြန်မာနိုင်ငံတဝှမ်း ပြီးခဲ့တဲ့ဩဂုတ်လ၁ရက်နေ့ကနေ မနေ့ကဩဂုတ်လ၁၀ရက်နေ့အထိ ၁၀ ရက်အတွင်း စစ်ကောင်စီတပ်က အမျိုးသမီး ၂ ဦး၊အမျိုးသား ၁၃ ဦး စုစုပေါင်း၁၅ဦးကို သတ်ဖြတ်ခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကမနေ့ကဩဂုတ်လ၁၀ရက်နေ့မှာ နောက်ဆုံးထုတ်ပြန်ထားပါတယ်။

Show More

Related Articles

Back to top button