သတင်း
အင်းတော်မှာ ၂ ရက်အတွင်း ၃ ဦးဖမ်းဆီးခံရ

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့မှာ စစ်ကောင်စီက မြို့တွင်းမြို့ပြင်အစစ်အဆေးတင်
စစ်ကောင်စီရဲနှင့်စစ်သားတွေပူး ပေါင်းပြီးအင်းတော်မြို့နယ်ပညာ ရေးမှူးရုံးရှေ့တစ်နေရာနှင့် အင်းတော်မြို့အထွက် သံလမ်းအနီး တစ်နေရာစုစုပေါင်း ၂နေရာမှာ လွန်ခဲ့တဲ့ ၄ရက်လောက်ကတည်းက အရပ်သားတွေရဲ့ ကား၊ဆိုင်ကယ်အသွားအလာတွေကို စစ်ဆေးနေတာဖြစ်ပြီး မနေ့က သြဂုတ်၁၁ ရက်နေ့နှင့် ဒီကနေ့ သြဂုတ် ၁၂ ရက်နေ့မနက်ပိုင်းအထိ အရပ်သား ၃ဦးအထိဖမ်းဆီးခံထားရတယ်လို့ အင်းတော်မြို့နေ အမျိုးသားတစ်ဦး က KNG ကိုအခုလိုပြောပါတယ်။
“နှစ်နေရာမှာစစ်နေတယ် အစစ်အဆေးကတော့ပုံမှန်ရှိတယ်တာပေ မယ့်ဒီရက်ပိုင်းက အဲ့လို ဖုန်းတွေဖွင့်ခိုင်းပြီးတော့စစ် တာ နိုင်ငံရေးနဲ့ ငြိစွန်းမှုရှိမရှိတွေစစ်တယ် အသံဖမ်းထားတာတွေ၊ Messageတွေကအစစစ်တာ”လို့ သူကပြောပါတယ်။
စစ်ကောင်စီရဲ့အခုလိုစစ်ဆေးတင်း ကြပ်မှုတွေကြောင့် မနေ့က သြဂုတ် ၁၁ ရက်နေ့မှာ နဘားကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး တစ်ဦးတို့ အင်းတော်မြို့နယ်ပညာရေးမှူးရုံး ရှေ့မှာဖမ်းဆီးခံလိုက်ရတာဖြစ်ပြီ း ဒီကနေ့ မနက်ပိုင်းမှာလည်း မဲဇာရွာထဲကအင်းတော်မြို့ကိုလာတဲ့ အမျိုးသားတစ်ဦး ပညာရေးမှူးရုံးရှေ့မှာထပ်မံဖမ်း ဆီးခံလိုက်ရတာဖြစ်ပြီး သူတို့ ၃ဦးလုံးရဲ့အမည်နာမကိုတော့စုံ စမ်းနေဆဲ ဖြစ်ပါတယ်။
”အဓိကတော့ရဲတွေက လိုက်စစ်နေတာ မနေ့ကနဲ့ဒီနေ့ဖမ်းခံရတဲ့သူတွေ ကဖုန်းထဲမှာနိုင်ငံရေးနဲ့မလွတ် ကင်းတဲ့ဟာပါလို့ ဖမ်းသွားတယ်ပြောတယ် အခုသူတို့သုံးယောက်လုံး အင်းတော်မြို့မရဲစခန်းကအချုပ် ခန်းမှာချုပ်ထားတယ်တဲ့ ဒီနေ့ထိတော့မိသားစုဝင်တွေနဲ့ဆက် သွယ်ခွင့်မပေးသေးဘူး’‘လို့ အထက်ပါဖော်ပြခဲ့တဲ့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ် ။
စစ်ကောင်စီက အခုလိုစစ်ဆေးဖမ်းဆီးမှုတွေကို မနက် ၆ နာရီကနေ ည ၆နာရီအထိ ပြုလုပ်နေတာဖြစ်ပြီး ညဘက်မှာလည်း မြို့တွင်းမြို့တွင်းကားတွေနဲ့ လည့်လှည်ပြီး စစ်ရေးလှုပ်ရှားတာတွေရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။
အလားတူ လွန်ခဲ့တဲ့ ၄ရက်နေ့လောက်ကလည်း အင်းတော်မြို့နေအမျိုးသားတစ်ဦး ပညာရေးမှူးရုံးရှေ့မှာ စစ်ဆေးဖမ်းဆီးခံလိုက်ရပြီး ဒီကနေ့ထိပြန်မလွတ်သေးဘူးလို့သိ ရပါတယ်။
အင်းတော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်က အရပ်သားတွေကို PDF ၊ထောက်ပို့၊ CDM လို့စွပ်စွဲဖမ်းဆီးထားတဲ့အရပ်သာ း ၈၀ ဦးထက်မနည်းရှိလာပြီဖြစ်ပြီး အများစု ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။