သတင်း

ရွှေကူနယ် ဇင်းဘုံမှာတိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်က ၉ ဦးထက်မနည်းသေဆုံး

ကချင်ပြည်နယ် ရွှေကူမြို့နယ်အထက် ဇင်းဘုံကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA  PDF ကြားနှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ၉ ဦးထက်မနည်းသေဆုံးပြီး အထိနာနေတာကြောင့်ဇင်းဘုံရွာကိုလည်း ဝင်ရောက်မီးရှို့နေတယ်လို့ ဇင်းဘုံဒေသခံတွေဆီကနေ သိရပါတယ်။

သြဂုတ် ၁၆ရက်နေ့ မနက်ပိုင်း ရွှေကူဘက်နေ ဗန်းမော်ဘက်ကိုဆန်တက်သွားတဲ့ စစ်သဘော် ၉ စီးကိုရေကြောင်းလုံခြုံရေးပေးဖို့ အင်အား ၁၀၀ လောက်နဲ့ သြဂုတ် ၁၁ ရက်နေ့ကတည်းက ဇင်းဘုံကျေးရွာမှာဝင်ရောက်တပ်စွဲနေတဲ့စစ်ကောင်စီတပ်နဲ့ KIA  PDF တို့ကြား မနေ့က ည ၇ နာရီကနေ ဒီနေ့မနက်ပိုင်းအထိ နှစ်ဖက်ပစ်ခတ်မှုတွေရှိခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိနေတယ်လို့ ဇင်းဘုံကျေးရွာအနီးမှာနေတဲ့ စစ်ရှောင်အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

သူတို့က နဂိုကတည်းကအဲ့မှာရှိနေတာကြီးကို မနေ့က ည ၇နာရီကတည်းကနေပစ်နေကြတာ တစ်ညလုံးလည်းပစ်သံတွေကြားတယ် စစ်တပ်ဘက်ကတော့လက်နက်ကြီးတွေနဲ့ပစ်တယ် ပစ်လိုက်နားလိုက်ပါ့ဒီမနက်ပိုင်းမှာ ထပ်ပြီးပစ်ကြသေးတယ် မနက် ၈ခွဲလောက်မှ ငြိမ်သွားတယ်။ အခုအလောင်းတွေကိုသယ်ထုတ်နေကြတယ်လို့သူကပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ဇင်းဘုံဘက်ကို မနက် ၆ နာရီလောက်ကတည်းက မီးသွေးချောင်းမှာနေရာယူထားတဲ့ စစ်ကြောင်းကနေ အင်အား ၅၀ လောက် စစ်ကူလာဖြည့်ပြီး အလောင်းတွေကိုဆင်းခန်းဘက်သယ်ထုတ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

ရွှေကူဘက်ကနေလည်း ရေမော်တော် သုံးစီးရောက်လာတယ် အခုမနက် အလောင်း ၉ လောင်းရှိပြီ ထမ်းဆင်နဲ့သယ်သွားတာ သူတို့ ဇင်းဘုံကနေ ရှူ့ခင်းသာထိ ကိုထမ်းဆင်နဲ့သယ်ပြီးရှူ့ခင်းသာကနေ ဆင်းခန်းထိကို ရေမော်တော်နဲ့ပြန်သယ်အဲ့လိုလုပ်နေတယ်မျက်မြင်တွေ့ခဲ့စစ်ရှောင်အမျိုးသားလည်းဖြစ်၊တော်လှန်ရေးမှာပါဝင်သူလည်းဖြစ်တဲ့အမျိူးသားတစ်ဦးကပြောပါတယ်။

ဇင်းဘုံနဲ့ရှူ့ခင်းတာဟာ ၄ ဖာလုံလောက်တာဝေးပြီး ရွှေကူကနေ လူနာသယ်ဖို့ရောက်လာတဲ့ ရေမော်တော်သုံးစီးနဲ့ စစ်သားအင်အားအချို့ ရှူ့ခင်းသာမှာဆိုက်ကပ်ထားပြီး အဲ့ကနေရုပ်အလောင်းနဲ့ဒဏ်ရာသူတွေကိုသယ်ထုတ်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

စစ်ကောင်စီတပ်က အခုလိုအထိနာနေတဲ့အတွက် ဇင်းဘုံကျေးရွာကို ဒီနေ့မနက်အစောပိုင်းကတည်းကနေ နေအိမ်တွေကိုမီးရှို့နေပြီး စစ်ရှောင်ပြည်သူတွေက မီးခိုးတွေသာမြင်ရပြီး ရွာထဲပြန်ကပ်လို့မရတာကြောင့် မီးလောင်ပျက်စီးမှုကိုတော့အသိအကျမသိရသေးဘူးလို့သိရပါတယ်။

ဇင်းဘုံကျေးရွာဟာ အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ကျေးရွာကြီးဖြစ်ပြီး ဒေသခံပြည်သူတွေက သြဂုတ် ၁၁ ရက်နေ့မနက်ပိုင်းကတည်းက စစ်ကြောင်းဝင်လာတာကြောင့် စစ်ရှောင်နေကြရတာဖြစ်ပါတယ်။

စစ်ကောင်စီစစ်သဘော် ၉စီးဟာ မနေ့ကဒုတိယ မြစ်ကျဥ်းမှာ မြို့လှ PDF ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်ထိခိုက်မှုတွေရှိပြီး ဒီနေ့မနက်ပိုင်းထိတော့သင်္ဘောအားလုံးစင်းခန်း တံတားအောက်မှာ ဆိုက်ကပ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

Show More

Related Articles

Back to top button