သတင်း

စစ်တပ်ထောင်ခဲ့တဲ့ မိုင်းတွေကို ဒေသခံတွေ ကိုယ်ထူကိုယ်ထနဲ့ မှိုင်းရှင်းလင်းနေရ

ကသာမြို့နယ် အင်းဒရန့်ကျေးရွာမှာ သြဂုတ်လ ၂၃ ရက်နေ့ကနေ စက်တင်ဘာလဆန်းပိုင်းအထိ ဝင်ရောက်တပ်စွဲခဲ့တဲ့ အင်အား ၁၀၀ ပါ စစ်ကောင်စီ စစ်ကြောင်းဟာ ကျေးရွာအတွင်းအပြင်မှာ နင်းမိုင်းထောင်ခဲ့တဲ့အတွက် အင်းဒရန်းကျေးရွာခံတွေကိုယ်ထူကိုယ်ထစနစ်နဲ့ မှိုင်းရှင်းလင်းနေရတယ်လို့ ဒေသခံတွေက  ပြောပါတယ်။

လက်ရှိ အင်းဒရန့်ဒေသခံတွေဟာ မိုင်းကျွမ်းကျင်သူတွေရဲ့အကူညီနဲ့ မိုင်းရှာဖွေမှုဆက်တိုက်လုပ်ဆောင်နေရာ မိုင်း ၃ လုံးပေါက်ကွဲပြီး မပေါက်ကွဲသေးတဲ့ နောက်ထပ် မိုင်း ၇ လုံးလည်းရှာတွေ့ထားပြီလို့ အသက် ၃၀ ကျော်အရွယ် ဒေသခံ အမျိူးသားတစ်ဦးက KNGကိုပြောပါတယ်။

ရှာတာကတော့ရှာကြတုန်း ဒီနေ့ထိ ခြောက်လုံးတွေ့ထားပြီ သူတို့ဖောက်ပြီးချန်ခဲ့တဲ့ထားတဲ့မိုင်းခွံတွေ အရတော့ အသုံး ၃၀ ကျော်ထောင်ထားလောက်တယ် မိုင်းခွံတွေက အလုံး ၃၀ ကျော်တွေ့ထားတာ။ အခု ခြောက်လုံးပဲတွေ့သေးတာဆိုတော့တော်တော်များနေသေးတယ်လို့ပြောပါတယ်။

စစ်တပ်ရဲ့ နင်းမိုင်းကြောင့် စက်တင်ဘာလ ၆ ရက်နေ့ ဝက်တစ်ကောင်နင်းမိပေါက်ကွဲ သေဆုံးခဲ့သလို ဒေသခံအမျိုးသားတစ်ယောက်လည်း ဆိုင်ကယ်စီးလာချိန် ထောင်ထားတဲ့မှိုင်းက ဖြတ်မိလို့ ဆိုင်ကယ်တစ်စစီပျက်စီးသွားပေမယ့် လူကလွှင့်စင်သွားတဲ့ ထိခိုက်တာမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဟုတ်တယ် ဒီကောင်တွေတွေမိုင်းတွေထောင်ထားခဲ့တာ ဟိုနေ့က ဆိုင်ကယ်သမားကတစ်လုံးနင်းမိတာ ဆိုင်ကယ်စီးရင်းနဲ့ဆိုင်ကယ်ကတော့စုတ်ပြတ်သတ်သွားတယ်ရစရာမရှိဘူး လူကတော့ လွှင့်သွားလို့ ဘာမှမဖြစ်ဘူးလို့ သူကပြောပါတယ်။

အင်းဒရန့်ဒေသခံတွေဟာ စစ်ကြောင်းထွက်သွားပြီးနောက် စက်တင်ဘာလ ပထမပတ်ကတည်းက ကျေးရွာထဲ ပြန်လည်ဝင်ရောက်ကြတာ ဖြစ်ပြီး အခုလိုနင်းမိုင်းတွေထောင်ထားတာကြောင့် ဒေသခံတွေစိုးရိမ်နေပြီး အသွားအလာဂရုစိုက်နေရတယ်လို့ ဆိုပါတယ်။

ထောင်ထားတဲ့မိုင်းတွေကပြင်းတယ် ၁၄ မိုင်းနဲ့ ၁၈ မိုင်းတွေချည်းပဲထောင်ထားတာ အ့တာနင်းမိလို့ကတော့ မသေရင်တောင်ခြေတွေ လက်တွေဖြတ်ရမှာလို့ အထက်မှာဖော်ပြခဲ့တဲ့ အသက် ၃၀ ကျော်အင်းဒရန့်ဒေသခံအမျိုးသားကပြောပါတယ်။

အင်းဒရန့် ကျေးရွာမှာနင်းမိုင်းတွေထောင်ထားခဲ့တဲ အဲဒီစစ်ကြောင်းဟာ ဇူလိုင်လတုန်းကမန္တလေးကနေ ဗန်းမော်ဘက်ကိုဆန်တက်ခဲ့တဲ့ စစ်သင်္ဘော ၉စီးကိုရေကြောင်းကနေ လုံခြုံရေးပေးဖို့ အင်းဒရန့်မှာတပ်ဝင်ရောက်တပ်စွဲခဲ့တာဖြစ်တဲ့ စစ်ကြောင်းဖြစ်ပြီး အင်းဒရန့်ကျေးရွာထဲမှာ တစ်လနီးပါးကြာတပ်စွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

စစ်ကြောင်းဟာ လက်ရှိ ပျဥ်ထောင်လေးကျေးရွာမှာဝင်ရောက်တပ်စွဲ နေတာဖြစ်ပြီးကျေးရွာထဲက လူနေအိမ် အလုံး ၃၀ ကျော်ကိုလည်းမီးရှို့ဖျက်ဆီးခဲ့ကြောင်းဒေသခံတွေဆီကနေသိရပါတယ်။

Show More

Related Articles

Back to top button