တိုက်ပွဲသတင်း

ခလားမှာတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီယာဉ်တန်း ထိခိုက်သေဆုံးမှုများတဲ့အတွက် ယာဉ်တန်းတစ်ကြောင်းလုံး ဆုတ်ခွာ

မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်အထက် ခလားရွာအနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရဲ့ လမ်းကြောင်းပိတ် ဆို့ပြီး တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီ စစ်ရိက္ခာသယ် ယာဉ်တန်းတစ်ဖွဲ့လုံးအထိနာ သေဆုံးမှုများလာတဲ့အတွက် ပြန်ပြီးဆုတ်ခွာသွားပြီလို့ ဒေ့ါဖုန်းယန်ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်အင်အား ၂၀၀ ဝန်းကျင်လောက် လုံခြုံရေးတင်းကြပ်ထားပြီး စစ်ကား ၂၅ စီးနဲ့ စစ်ရိက္ခာအပြည့်တင်ဆောင်လာတဲ့ စစ်ယာဉ်တန်းအဖွဲ့ဟာ ၃ ရက်လောက်အကြာ ခလားယန်မှာ အဆက်မပြတ် KIA တိုက်ခိုက်ခံခဲ့ရတာကြောင့် ရှေ့တက်မတိုးနိုင်တော့ဘဲ မနေ့က နေ့လည်ပိုင်းကနေ ဒီကနေ့ မနက်ပိုင်း ၆ နာရီလောက်အထိ အဒေါ့ဖုန်းယန် ခလရ ၁၄၂ တပ်ရင်းထဲကို ပြန်လည်ဆုတ်ခွာသွားခဲ့ကြပြီဖြစ်တယ်လို့ ဒေါ့ဖုန်းယန်ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

အဲဒီ စစ်ကြောင်းအဖွဲ့တွေ ဒေါ့ဖုန်းယန် တပ်ထဲအကုန်ပြန်ဝင်သွားကြပြီ။ ဒီကနေ့ မနက် နာရီလောက်မှာ ပျက်စီးသွားတဲ့ စစ်ကား စီးဆွဲပြီးတစ်ခေါက်ဝင်လာတယ်။ နာရီလောက်မှာ စီးလောက်ဆွဲပြီး ပြန်လာကြတယ်။ ဒီကနေ့ မနက်မှာတင် စီးဝင်လာတယ်။ သူတို့က ဟိုမှာ အထိနာပြီး ဆက်သွားလို့မရပဲ မနေ့ကနေ ပြန်ခေါက်လာကြတာဟုတ်တယ်။ ဒီမနက်အထိပေါ့လို့ပြောပါတယ်။

KIA ရဲ့တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီ ယာဉ်တန်းဟာ မနေ့က နေ့လည်ပိုင်းလောက်ကနေ ထိခိုက်ပျက်စီးသွားတဲ့ စစ်ကားတစ်ချို့ကို ဒေါ့ဖုန်းယန်တပ်ထဲ ပြန်မောင်းနင်းသွားကြပြီး ဒီကနေ့ မနက်အထိ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာမှာ မီးလောင်ပျက်စီးသွားပြီး မောင်းနင်းလို့မရတော့တဲ့ စစ်ကားတစ်စီးသာ ကျန်ရှိနေခဲ့တယ်လို့ သတင်းအရင်းကဆက်ပြောပါတယ်။

တက်လာတဲ့ ၂၅ စီးထဲမှာ တစ်စီးပဲရှိနေတယ်လို့ ပြောတယ်။ တပ်စခန်းထဲကိုက ၂၄ စီးဝင်သွားပြီ။ သူတို့ပြန်ခေါက်ရတဲ့ အကြောင်းအရင်းက စီးအထက်လောက်က ပြန်ဆွဲလာရတဲ့အဆင့် ပျက်စီးသွားတာပါတယ်။ ပြီးရင် တစ်ချို့ကားတွေက ကားမှန်တံခါးတွေ၊ ဘီးတွေပေါက်ကုန်းတယ်။ ပြောရမယ်ဆိုရင် သူတို့ဘက်က ထိခိုက်တာလည်း များသလို ကားကလည်း တော်တော်လည်း ထိသွားတော့ ပြန်ခေါက်လိုက်ရတဲ့ သဘောမှာရှိတယ်လို့ပြောပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့ဟာ စက်တင်ဘာလ ရက်နေ့ မနက်ပိုင်း ဒေါ့ဖုန်းယန် ခလရ ၁၄၂ တပ်ရင်းထဲကနေ ထွက်ခွာသွားကြတဲ့ နောက်ပိုင်း ဒေါ့ဖုန်းယန်နဲ့ မိုင်လောက်အကွာမှာရှိတဲ့ ခလားယန်တောင်ဆင်း လမ်းခုလပ်တစ်နေရာမှာ KIA က လမ်းကြောင်းပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းယာဉ်တန်းဟာ အထက်ကို ပြန်လည်ထွက်ခွာနိုင်ဖို့ရန်အတွက် ဒေါ့ဖုန်းယန် အနီးတဝိုက်မှာရှိတဲ့ ဖွန်းပရန်ဘွန့်(Hpun Pyen Bum) ဟန်းဂိုင်ဘွမ့်(Hanggai Bum) စတဲ့ တပ်စခန်းနေရာတွေကနေ KIA ရှိတဲ့ဘက်ကို လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ကူတာတွေရှိခဲ့ပေမယ့် ဆက်သွားလို့မရဘဲ ပြန်ဆုတ်ခွာခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီ စစ်ယာဉ်တန်း တိုက်ခိုက်ခံရမှု ရက်လောက်အကြာမှာ စစ်ရိက္ခာသယ်တန်းတွေ ထိခိုက်ပျက်စီးတာတွေရှိခဲ့တပြင် စစ်ကောင်စီတပ်သားတွေလည်း ထိခိုက်သေဆုံးမှုများပြားတဲ့အတွက် စစ်ကားတွေနဲ့ ဒေါ့ဖုန်းယန်တပ်စခန်းထဲကို တင်ဆောင်လာကြတာတွေ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါပေမယ့် ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး အတည်ပြုပြောဆိုဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။

အဲဒီ စစ်ကောင်စီ ယာဉ်တန်းအဖွဲ့တွေဟာ ပြီးခဲ့ ဩဂုတ်လ ၂၈ ရက်နေ့ကစပြီး စက်တင်ဘာ လဆန်းပိုင်းအတွင်းမှာပဲ ဗန်းမော်ဘက်ကနေ နမ်ဆန်ယန်ဘက်ကို စစ်ကောင်စီတပ်တွေရဲ့ တပ်စခန်းနေရာတွေမှာ စစ်အင်အားအပါ စစ်ရိက္ခာထောက်ပို့တက်လာကြတဲ့ စစ်ယာဉ်တန်းဖြစ်ပါတယ်။

ဗန်းမော်ဘက်ကနေ တက်လာတဲ့ လမ်းတစ်လျှောက်မှာလည်း မြို့သစ်၊ ကုန်းလော၊ ဒါဆိုင်း စတဲ့ ကျေးရွာအနီးတဝိုက် လမ်းခုလပ်နေရာတွေမှာ KIA ရဲ့ စောင့်ကြိုတိုက်ခိုက်တာတွေ ခံခဲ့ရပြီး စစ်ရိက္ခာသယ် စီးလောက်လဲ အဲဒီလမ်းတစ်လျှောက်တိုက်ခိုက်ခံရမှုမှာ ထိခိုက်ပျက်စီးသွားတာတွေလည်းရှိခဲ့ပါတယ်။

 စစ်ကောင်စီတပ်တွေဟာ KIO ဌာနချုပ်အနီးမှာရှိတဲ့ နမ်ဆန်ယန်ဘက်ကို ခြေကုပ်တပ်စွဲနေရာယူဖို့ ကြိုးစားနေတာ တစ်လကျော်ကြာလာပေမယ့်လို့ ထိရောက်တဲ့စစ်ဆင်ရေးလုပ်နိုင်တာမရှိသေးဘဲ စစ်တပ်ဘက်က ထိခိုက်သေဆုံးတာတွေများနေဆဲဖြစ်ပါတယ်။

Show More

Related Articles

Back to top button