တိုက်ပွဲသတင်း

ရခိုင်မှာ နယ်ခြားစောင့်စခန်း၂ခုသိမ်းပိုက်ခံရပြီးနောက်ပိုင်း စစ်တွေမြို့အဝင်အထွက် လမ်းတွေပိတ်ထား

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်စခန်း ၂ ခုကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဘက် စစ်တွေမြို့အဝင်အထွက်တပ်ထိန်းဂိတ်နဲ့ ရန်ကုန်စစ်တွေလမ်းတစ်လျှောက် ဂိတ်စခန်းတွေကိုပိတ်လိုက်ပြီလို့ဒေသခံတွေဆီကသိရပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်း ၅ နာရီလောက်ကနေ ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်းက ဒုံးပိုက်ရွာ နဲ့ ချိန်ခါလီရွာက နယ်ခြားစောင့်စခန်း ၂ ခုကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ပြီးနောက်ပိုင်း အခုလိုလမ်းတွေပိတ်လိုက်တာဖြစ်တယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

တိုက်ပွဲအခြေနေကြောင့်ပဲပိတ်တာ ဘာလို့ဆို အရင်ရက်တွေကလည်းပိတ်တာမရှိဘူး ဒီမနက်မှာ တိုက်ပွဲ ဖြစ်ပြီးမှပဲပိတ်သွားတာ ကားလမ်းတွေပိတ်သလို ရေလမ်းခရီးတွေလည်း ယာယီရပ်နားထားရတယ် စစ်တွေ ထဲက တပ်ထိန်းဂိတ်နဲ့ ရန်ကုန်စစ်တွေကားလမ်းတစ်လျှောက်က စစ်ကောင်စီရဲ့ဂိတ်စခန်း အနည်းဆုံး ၈ ခု လောက်ပိတ်သွားပြီ” လို့ပြောပါတယ်။

ခုလို ရုတ်တရက်လမ်းတွေပိတ်လိုက်တဲ့အတွက် ခရီးသွားနဲ့လမ်းသွားလမ်းလာ ပြည်သူတွေ ပိတ်မိနေကြ တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရသေ့တောင်မြို့ပေါ် အခြေစိုက် စစ်ကောင်စီတပ်ဘက်ကလည်း တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဒုံးပိုက်ရွာနဲ့ အနီးတစ်ဝှိုက်ကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်မှုတွေလုပ်နေတယ်လို့ ပြောပါတယ်။

လက်နက်ကြီးပစ်တာ အခုမှရပ်တယ် လက်နက်ကြီးတွေက ခေါင်းပေါ်မှာဝဲနေရောပဲ ဒေသခံတွေကတော့ ဘေးကင်းတဲ့ နေရာတွေကို ပြောင်းနေရပြီ တိုက်ပွဲက ရွာနဲ့နီးလို့လေလို့ဒေသခံတစ်ယောက်ကပြောပါတယ်။

ရက္ခိုင့်တပ်တော် AA ဘက်က သိမ်းပိုက်ရရှိထားတဲ့ နယ်ခြားစောင့်တပ်စခန်း၂ခုဟာ ရသေ့တောင်မြို့နဲ့ ၃မိုင်ကျော်အကွာလောက်မှာရှိပြီး နှစ်ဖက်တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုအခြေနေကိုတော့ အတည် မပြုနိုင်သေးပါဘူး။

ဒါ့အပြင် မင်းပြားမြို့နယ် ဖားပြိုရွာအနီးမှာလည်း ဒီကနေ့မနက်ပိုင်းမှာပဲ စစ်ကောင်စီယာဥ်တန်းကို ရက္ခိုင့်တပ်တော် AA ဘက်က တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတစ်ယောက် က ပြောပါတယ်။

မင်းပြားမှာက ပြည်ထောင်စုလမ်းမပေါ်သွားနေတဲ့ စစ်ကောင်စီယာဥ်တန်းကို AAကနေဝင်တိုက်ပြီး နှစ်ဖက် တိုက်ပွဲဖြစ်ခဲ့တာ” လို့ပြောပါတယ်။

လက်ရှိမှာတော့ မင်းပြားမြို့နယ်အတွင်း ကျေးရွာတွေကို မင်းပြား အမှတ်၉ တိုင်းဗဟိုလေ့ကျင့်ရေးကျောင်း နဲ့ မင်းပြားမြို့ ကျိန်းတောင်တပ်စခန်းကနေလည်း လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်မှုတွေလုပ်နေတယ်လို့ ဒေသခံ တွေကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့ကစပြီးတော့ လူသားချင်းစာနာထောက်ထားမှုအရ ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲရပ်နားထားတာဖြစ်ပြီး ဒီကနေ့ နိုဝင်ဘာ ၁၃ ရက်နေ့မှာတော့ တိုက်ပွဲတွေစဖြစ်နေတာဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button