ဆောင်းပါး

ဘတ်မိုင်ရွာက သာသနာပြုဆရာမရွယ်ဆိုင်း

တစ်နေ့ကျမ မရှိတော့တဲ့နောက်ပိုင်း ဒီအကြောင်းအရာသမိုင်းတွေကို နောင်လာနောက်သားတွေသိဖို့ ခုလိုကြိုးစားသင်ပြပေးနေတာဟုတ်တယ်” ဒီ စကားကို ပြောခဲ့တဲ့သူကတော့ ထိုင်းနိုင်ငံ မြောက်ပိုင်း နယ်စပ် ကချင်ရွာတစ်ရွာမှာ ကချင်ဘာသာစကား မပျောက်ပျက်ရေး ကြိုးစားလုပ်ဆောင်နေတဲ့ ခရစ်ယာန် သာသနာပြုဆရာမ Sumlut Roi Seng ဖြစ်ပါတယ်။

၁၉၇၅ ခုနှစ် ဩဂုတ်လ ၁၀ ရက် ထိုင်းမြန်မာနယ်စပ်၊ ထိုင်းနိုင်ငံဘက်ခြမ်းက ထမ်းငေါ့မ်တောင်စခန်းမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပထမဆုံး ဥက္ကဋ္ဌ GOC လထော်ဇော်ဆိုင်းလုပ်ကြံခံ ခဲ့ရပါတယ်။ သူနဲ့အတူတော်လှန်ရေးအတွက် ထိုင်းနိုင်ငံက တစ်ဆင့် လက်နက်ခဲယမ်း သယ်ဆောင်ဖို့ ပါလာတဲ့ စစ်သား ၂၀၀ထဲ က တချို့က မြန်မာပြည်ကို ပြန်ကြပေမယ့် တချို့က မပြန်ဘဲ ကျန်ရစ်ခဲ့ပါတယ်။

အဲဒီနောက် လုပ်ကြံခံရတဲ့ KIO ဥက္ကဋ္ဌ နဲ့ ရင်းနှီးတဲ့ ထိုင်းခေါင်းဆောင်တစ်ယောက်က ကျန်နေတဲ့ ကချင်စစ်သားတွေကို ထိုင်းဘုရင်စီမံကိန်းဖြစ်တဲ့ သစ်တောပြုန်းတီးမှုကို ထိန်းသိမ်းဖို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထိုင်းနိုင်ငံမှာ ဆက်လက်နေထိုင်သွားနိုင်ဖို့ နယ်စပ်မှာ ကျန်နေခဲ့တဲ့ စစ်သားဟောင်း တပ်ကြပ်ဒွဲ နဲ့ တိုင်ပင်ကူညီခဲ့ကြတာ ဖြစ်ပါတယ်။

ဒါကြောင့် ချင်းမိုင်ခရိုင်၊ ချင်းဒေါင်း မြန်မာနယ်စပ်မှာ Ban Mai Samaki Kachin ရွာလေးတစ်ရွာ ဖြစ်တည်လာခဲ့ပါတယ်။

အဲဒီချိန်တုန်းက ကချင်စစ်သားဟောင်းအများစုဟာ အနီးနားက လားဟူ အမျိုးသမီးတွေနဲ့ အိမ်ထောင်ကျပြီး ထိုင်းမြန်မာ နယ်စပ်တစ်နေရာမှာ အိမ်ထောင်စု ၃၆ စုအထိ ရှိခဲ့ပါတယ်။

ဘန့်မိုင်ရွာတည်ရှိပြီး ကနဦးကာလမှာတော့ ကတ်သလစ်၊ နှစ်ခြင်း နဲ့ ခရစ်တော်၏အသင်းတော် စတဲ့ ခရစ်ယာန် ဂိုဏ်ပေါင်းဆုံ စုဖွဲ့ပြီး အတူတကွ ဝတ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီနောက် ၁၉၉၅ နောက်ပိုင်းမှာတော့ အသင်းတော်တွေ သီးသန့်ခွဲပြီး ဝတ်ပြုရာကနေ ဘန့်မိုင် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်ဟာ အခုနှစ်မှာ ၂၅ နှစ်ပြည့်ခဲ့ပြီလို့ ဆိုပါတယ်။

ဆရာ ဆွမ်းလွတ်ရွယ်ဆိုင်းဟာ ၁၉၉၀ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှာ ကျိုင်းတုံမြို့ကနေ ဘန့်မိုင်ကျေးရွာကို ရောက်ရှိလာခဲ့ ပါတယ်။

အဲဒီချိန်တုန်းက ကချင်စစ်သားဟောင်းတွေရဲ့ သားသမီးတွေဟာ ကချင်ဘာသာစကား ပြောဆိုသုံးနှုန်းမှု မရှိတော့တဲ့အတွက် ကချင်ယဉ်ကျေးမှုနဲ့ ဘာသာစကားတွေကို ခက်ခက်ခဲခဲ သင်ကြားပေးခဲ့ရတယ်လို့ ဆရာမက ခုလိုပြောပါတယ်။

အားလုံးက အစိမ်းသက်သက်ဖြစ်နေတော့ အရမ်းခက်တာပေါ့ ကချင်စာဥပုဒ်စာသင်ကြောင်းနဲ့ အကုန်မျိုးစုံ ညတောင်မနားဘဲ ကိုယ်တစ်ယောက်တည်း ခက်ခက်ခဲခဲသင်ပေးခဲ့ရတယ်လို့ ဆရာမက ပြောပြပါတယ်။

၁၉၉၁ ခုနှစ်မှာတော့ လက်ရှိဘန့်မိုင် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်ရဲ့ သိက္ခာတော်ရ ဆရာလရှီးတူးနောင့်နဲ့ လက်ထပ်ထိမ်းမြားခဲ့ပြီး အဲဒီရွာမှာပဲ ကချင်လူမျိုးတွေအားလုံး ကိုယ့်ဘာသာစကား တတ်သိ နားလည်လာအောင် ကြိုးစား သင်ကြားပေးခဲ့ကြတယ်လို့ ဆရာမရွယ်ဆိုင်းက အခုလိုပြောပါတယ်။

ခေါင်းပိုင်းကိုဘဲ သင်ပေးဖို့ တစ်လလောက်ကြာတယ် တစ်နေ့သုံးခေါက်လောက် သင်ပေးတယ်။ အခန်းထဲရောက်လို့ရှိရင် ကချင်စကားကလွဲပြီး တခြားမပြောခိုင်းဘူး ပြောရင်ပိုက်ဆံကောက်တယ်ရတဲ့ပိုက်ဆံတွေကိုက ကျောင်းက လိုတဲ့နေရာတွေမှာ ပြန်သုံးတယ်လို့ဆိုပါတယ်။

လားဟူနဲ့ ထိုင်းဘာသာစကားကိုပဲ အများစုအသုံးပြုခဲ့တဲ့ အဲဒီကျေးရွာမှာ အစောပိုင်းကာလ အစီစဉ်တွေ လုပ်ဆောင်တဲ့အချိန် ဆရာမ ဆွမ်လွတ်ရွယ်ဆိုင်းက ဘာသာပြန်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း နှစ်ပေါင်း ၂၅ နှစ်ပြည့်ချိန်မှာတော့ ကျေးရွာမှာ ကလေးတွေအပါအဝင် အများစုဟာ ကချင်ဘာသာစကားနဲ့ အစီစဉ်တွေ လုပ်ဆောင်နေနိုင်ပါပြီ။

By – Hope

Show More

Related Articles

Back to top button