ဆောင်းပါး

ကချင်မှာ ဆက်ကျော်သက်လူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲသူ ပိုများလာ

မူးယစ်ဆေး မကောင်းမှန်းသိတယ် ဒါပေမယ့်လည်း သွေးသားကနေတောင့်တနေတာ့ စိတ်ကိုထိန်းချုပ်လို့မှမရတာ ငါကရော မပြောင်းလဲချင်ဘဲနေမလား မူးယစ်ဆေးကလေတစ်ခါလုပ်ပြီးရင် ပြန်နောက်ဆုတ်ဖို့ဆိုတာ အရမ်းခက်တယ်ဆိုသူက တော့ မိသားစုရဲ့ချဉ်ဖတ်၊ ပတ်ဝန်းကျင်ရဲ့ အပယ်ခံတစ်ယောက်အနေနဲ့ ခုချိန်ထိလည်း မူးယစ်ဆေးဝါးရဲ့ ကျေးကျွန်ဘဝကနေ လွတ်မြောက်နိုင်ခြင်းမရှိသေးတဲ့ မြစ်ကြီးနားမြို့က အသက် ၂၃ နှစ်အရွယ် နောဒီး(အမည်လွဲ)ဆိုတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ၂၀၁၃၁၄ ပညာသင်နှစ်လောက်က ကိုနောဒီးဆိုတဲ့လူငယ်လေးဟာ ဆေးလိပ်အရက်စသောက်တတ်စ ပြုလာတယ်။ ကျောင်းမှာသင်တဲ့ စကားပုံတစ်ခုက မူးယစ်ဆေးဝါးအစ ဆေးလိပ်ကတဲ့ ဒီစကားပုံက ကိုနောဒီးအတွက် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ နော်ဒီးက အိမ်ကိုစိတ်နာပြီး အရွဲ့တိုက်ရာကနေ ဆေးလိပ်စတင် သောက်လာတဲ့အပြင် ဆယ်ကျော်သက်ရွယ် အသက် ၁၄ နှစ်အရွယ် ၉ တန်းကျောင်းသားအရွယ်လောက် ရောက်လာတော့ အရက်တွေပါ သေချာသောက်တတ်ခဲ့ပါတယ်။

အိမ်ကိုစိတ်နာရတဲ့ အကြောင်းအရင်းတွေကတော့ နော်ဒီးက အိမ်မှာ အမေတစ်ခု သားတစ်ခုဘဝနဲ့ နေနေရတာမို့ မိဘအသိုင်းအဝိုင်း ဆွေမျိုးများကြား အနှိမ်ခံရတယ်လို့ ဆိုပါတယ်။

ဖတစ်ဆိုးနဲ့ နေလာရတဲ့ နော်ဒီးတို့သားအမိဟာ အစစအရာရာမှာ ခက်ခက်ခဲခဲရှင်သန်လာရတဲ့အပြင် ဖခင်ရခိုင်လူမျိုးနဲ့ မိခင် ကချင်တိုင်းရင်းသူဖြစ်တာကြောင့် ကချင်အသိုင်းအဝိုင်းတစ်ချို့ကြားမှာလည်း မျိုးမစစ်ကောင်ဆိုပြီး ပြောဆိုခံရတာတွေရှိတယ်လို့ ပြောပါတယ်။

ဒီလိုနဲ့ သူ အဲဒီလူ့ဘောင်အဖွဲ့အစည်းတွေကနေလည်းထွက်ခွာခဲ့ပါတယ်။ “ကောင်းသောလမ်းကိုသွားဖို့ ကောင်းသောကမ်းလက် လိုနေပေမယ့်” နော်ဒီးကို ကမ်းခဲ့တဲ့ လက်ကတော့ မူးယစ်ဆေးကျွန်ဘဝလမ်းကိုခေါ်သွားမယ့် မှောင်မိုက်သောလက် ဖြစ်နေပါတယ်။

အဲဒီလိုနဲ့သူကတော့ အပေါင်းအသင်းမှားခဲ့ပြီး ဆယ်တန်းအရွယ်လောက်မှာ မူးယစ်ဆေးကျွန် ဖြစ်လာခဲ့ပါတယ်။ မူးယစ်ဆေးသုံးစွဲတဲ့သူတွေနဲ့ ပေါင်းသင်းခဲ့သလို မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ လူတွေနဲ့လည်း ပေါင်းသင်းခဲ့တဲ့အတွက် မူးယစ်အရောင်းအဝယ်တွေပြုလုပ်ခဲ့ပြီး ၂၀၁၉ လောက်မှာတော့ မူးယစ်ရောင်းဝယ်မှုနဲ့ ထောင်နှစ်နှစ်ကျခဲ့ပါတယ်။

တစ်နှစ်အကြာမှာတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွတ်လာပေမယ့် ကံဆိုးမသွားလေရာ မိုးလိုက်ရွာဆိုတဲ့စကားပုံလိုဘဲ ထောင်ထဲကနေ ကိုနော်ဒီးနဲ့ အတူပါလာတာကတော့ လူတွေပြောပြောနေကြတဲ့ လေးလုံးရောဂါဆိုတဲ့ AIDS ရောဂါရှိနေခဲ့တာ ဖြစ်ပါတယ်။

နော်ဒီးဘဝကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့အခုလို ပျက်ခဲ့ရတာဘဲဖြစ်ပါတယ်။

ထောင်ထွက် တစ်ယောက်ဖြစ်တဲ့အပြင် မူးယစ်ဆေးဝါးသုံးစွဲသူဖြစ်တဲ့သူ့ကို ကျောင်းနေဖက်တွေနဲ့ ငယ်ပေါင်းတွေရဲ့ မိဘတွေက အပေါင်းအသင်းလုပ်တာ မနှစ်သက်ကြပါဘူး။

ငယ်ငယ်က ရင်းရင်းနှီးနှီးပေါင်းသင်းခဲ့တဲ့ သူငယ်ချင်းနဲ့တွေ့တော့ သူ့ကို ဘာလို့မူးယစ်ဆေးဝါးတွေကိုသုံးစွဲပြီး လမ်းမှားတွေကို လျှောက်လမ်းနေတာလဲလို့ မေးခဲ့ပါတယ်။

အဲဒီအချိန် သူပြန်ဖြေခဲ့တဲ့အဖြေကတော့ငါရော အခုလိုဘယ်ဖြစ်ချင်မှာလဲ မူးယစ်ဆေး မကောင်းမှန်းရောသိတယ် ဒါ ပေမယ့်လည်း သွေးကြောကနေ တောင့်တနေတာ စိတ်ကိုထိန်းချုပ်လို့မှ မရတာ ငါကရော မပြောင်းလဲချင်ဘဲနေမလား မူးယစ်ဆေးကလေ တစ်ခါလုပ်ပြီးရင် ပြန်နောက်ဆုတ်ဖို့ဆိုတာ အရမ်းခက်တယ်” လို့ ဖြေခဲ့ပါတယ်။

ငယ်ရွယ်တဲ့အချိန် မိသားစုနဲ့ပတ်ဝန်းကျင်ကို အရွဲ့တိုက်ပြီး ဆိုးခဲ့တာဟာ ကိုနော်ဒီးအတွက်ကတော့ ကိုယ့်ကျော့ကွင်းကိုယ် ပြန်စွပ်ခဲ့မိတဲ့အပြင် လက်ရှိချိန်ထိလည်း မူးယစ်ကျေးကျွန်ဘဝမှာ တစ်ဝဲလည်လည် ရှိနေဆဲဖြစ်ပါတယ်။

BMC Public Health ရဲ့ ၂၀၂၁ ခုနှစ် ဧပြီလထုတ် ‘Effects of Positiveand Negative Children Experiences On Adult Family Health’ ဆိုတဲ့စာစောင်ထဲမှာတော့ မိဘတွေရဲ့ ကလေးသူငယ်တွေအပေါ် ပြုစုပျိုးထောင်တဲ့ ပုံစံဟာ အလွန်ကို အရေးကြီးပြီး သွန်သင်မှုပုံစံမှားယွင်းနေပါက ကလေးတစ်ယောက်ကို စိတ်ဓာတ်ကျခြင်း၊ ယုံကြည်မှုလျှော့နည်းခြင်း၊ ဆက်ဆံရေး ကျဆင်းလာခြင်းနဲ့အတူ ပတ်ဝန်းကျင်ကို အပြစ်တင်တတ်တဲ့စိတ်တွေနဲ့ လမ်းမှားကို ရောက်သွားစေနိုင်တယ်ဆိုပြီး ရေးသားဖော်ပြထားပါတယ်။

နော်ဒီးလို အသက်မပြည့်သေးဘဲ မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ ဆယ်ကျော်သက်လူငယ်တွေဟာ စစ်ကောင်စီအာဏာသိမ်းပြီး နောက်ပိုင်း ပိုမိုများပြားလာတယ်လို့ မူးယစ်ဆေးဝါးဆန့်ကျင်ရေး တက်ကြွလှုပ်ရှားမှုတွေမှာပါဝင်သူတွေက ပြောပါတယ်။

ခုလို ဆယ်ကျော်သက်လူငယ်တွေအများပိုင်း မူးယစ်ဆေးသုံးစွဲသူများလာနေတဲ့အတွက် မူးယစ်ဆေးတွေဝါးတားဆီးနှိမ်နှင်းရေးတွေ စွမ်းစွမ်းတမံလုပ်ဖို့လိုအပ်နေပေမယ့် နိုင်ငံရေးအခြေနေအရ ရပ်နားထားရတယ်ဆိုပြီး ကချင်ဒေသတွင်းအရပ်ဘက် အဖွဲ့အစည်းက တာဝန်ရှိသူတစ်ဦးက အခုလိုဆက်ပြောပါတယ်။

အရင်တုန်းကတော့ မူးယစ်ဆေးဝါးဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို လုပ်ခဲ့နိုင်တော့ သိသိသာသာလျှော့သွားတယ်။ အာဏာသိမ်း ပြီးနောက်ပိုင်းတော့ အရင်လို ထိထိရောက်ရောက် မလုပ်နိုင်တော့ဘူး ခုရဲ့ ကလေးတွေကိုမေးကြည်တာက ကျောင်းမှာကိုယ်တိုင် ရောင်းဝယ်ဖောက်ကားမှုတွေလုပ်နေတယ်လို့ တော့ ကလေးတစ်ယောက်က ပြောတာကြားမိတယ်လို့” ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ် နေရာအနှံ အသက်မပြည့်သေးတဲ့ ၁၈နှစ်အောက်ကလေးတွေ မူးယစ်ဆေးဝါး သုံးစွဲတာ ပိုမိုများပြားလာတာကို နေရာဒေသ အနှံကမူးယစ်ဆေးဝါးဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေဆီကသိရပါတယ်။

ဒေတာအတိအကျကောက်ယူထားခြင်းမရှိပေမယ့် လည်း ဆယ်ကျော်သက် မူးယစ်ဆေးဝါး သုံးစွဲသူများပြားလာတာကို အခုလိုသိကြောင်း တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။

ဒေတာအတိ အကျတော့မရှိပေမယ့် research လုပ်ပြီးဒေတာယူဖို့ ပြင်ဆင်နေတာဖြစ်တယ် ကလေးတွေမူးယစ်ဆေးဝါး သုံးစွဲတဲ့သူ များလာတာကိုတော့ ကျွန်တော်တို့က လူငယ်တွေနဲ့ တွေ့ဆုံတယ်ရပ်မိရပ်ဖတွေနဲ့ရော အားလုံးနဲ့ဆုံပြီး အင်တာဗျူးတွေလုပ်တယ် အဲတော့ သူတို့မိသားစုပတ်ဝန်းကျင်အခြေအနေတွေကို မေးမြန်းပြီးမှ အခုလို လူငယ်မူးယစ်ဆေးသုံးတဲ့သူများလာတာကို သိရတာဖြစ်တယ်လို့ပြောပါတယ်။

ဒါ့အပြင် အခုအခြေအနေ အရတော့ မူးယစ်ဆေးဝါး ပြတ်ချင်တဲ့သူတွေကို ဖြတ်ဖို့ ကူညီနေသလိုတစ်ဖက်မှာလည်း ရောင်းဝယ်ဖောက်ကားတဲ့ လူတွေကိုလည်းအရေးယူနိုင်ဖို့ လုပ်ဆောင်နေတယ်လို့သိရပါတယ်။

ကလေးငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲတာတွေ ပပျောက်သွားအောင် မူးယစ်ဆေးဝါး ပညာပေးတွေကိုလည်း ဒေသအလိုက် လုပ်သွားဖို့ရှိပြီး လူငယ်တွေကို ကာကွယ်ဖို့ က ပြည်သူလူထုတစ်ရပ်လုံးမှာလည်း တာဝန်ရှိတဲ့ အတွက်အားလုံးကြိုးစားဖို့အတွက် မူးယစ်ဆေးဝါးဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေက ပြောကြားထားပါတယ်။

ကချင်ပြည်နယ် စစ်ကောင်စီအစိုးရဘက်ကတော့ ၂၀၂၂ကနေ ၂၀၂၃ မေလအထိ မူးယစ်ဆေးဝါးမှု၁၀၁၁မှုနဲ့ စုစုပေါင်းငွေကျပ် ၁၉၂၀၉.၄၈၅သန်းကို သိမ်းစည်းထားပြီး ကျူးလွန်သူ ၁၃၀၆ ဦးကိုတော့ဖမ်းဆီးအရေးယူထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

အလားတူ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဘိန်းထုတ်လုပ်မှုပထမဆင့်နိုင်ငံအဖြစ်ရောက်ရှိသွားပြီဖြစ်တယ်လို့UNODC ကမနေ့က ထုတ်ပြန်လိုက်ပါတယ်။

By – Hope

Show More

Related Articles

Back to top button