သတင်း

မြစ်ကြီးနားမြို့မှာ တစ်လအတွင်း ယာဉ်တိုက်ပေါင်းအကြိမ် ၅၀ ကျော်ဖြစ်ပွားပြီး ၄ ဦးသေဆုံး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဇန်နဝါရီလတစ်လအတွင်းမှာဘဲ ယာဉ်တိုက်မှုပေါင်းအကြိမ် ၅၀ကျော် ဖြစ်ပွားခဲ့ပြီး သေဆုံးမှုကတော့  ကြိမ်ထိရှိခဲ့တယ်လို့ မြစ်ကြီးနားမြို့အခြေစိုက်လူမှုကယ်ဆယ်ရေးအသင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အခုလို ယာဉ်မတော်တဆမှုတွေဖြစ်လာတာဟာ  ယာဉ်မောင်းသူတစ်ဦးနဲ့တစ်ဦး လမ်းလုတာ၊ အရက်သေစာစားသောက်ပြီးမောင်းနှင်တာကြောင့် ဖြစ်တယ်လို့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းရဲ့ အဖွဲ့ဝင်တစ်ဦးက ခုလို သုံးသပ်ပါတယ်။

အဓိကတော့ တစ်ဦးနဲ့ တစ်ဦးလမ်း ဦးစားမပေးဘဲ လမ်းဆုံတွေမှာ လမ်းလုနေကြတာပေါ့ ပြီးတော့ လမ်းတွေပြောင်းပြန်မောင်းတယ် ကိုယ်လမ်းမဟုတ်ဘဲမောင်းကြတာပေါ့။ ပြီးတော့ ဆိုင်ကယ်ဦးထုပ်တွေလည်းပြန်မဆောင်းတာတွေကြောင့် ခုလိုဖြစ်ကြတာပေါ့လို့ သူကဆိုပါတယ်။ 

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း(ကချင်ပြည်နယ်၊မြစ်ကြီးနားမြိုဲ့ရဲ့ ကောက်ယူရရှိထားတဲ့ယာဉ်တိုက်မှုကတော့ ၁၃ ကြိမ်အနက် သေဆုံးမှုနှစ်ကြိမ်၊ ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေး အသင်းရဲ့ဖော်ပြချက်မှာတော့ ယာဉ်တိုက်မှု အကြိမ်၂၀ ဝန်းကျင်ဖြစ်ပွားခဲ့တဲ့ထဲမှာ ပြင်းထန်တဲ့ယာဉ်တိုက်မှုကတော့  ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးမှုတစ်ကြိမ်နဲ့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းကောက်ယူရရှိထားတာကတော့ အကြိမ်၂၀ ဝန်းကျင်နဲ့ သေဆုံးမှုတစ်ကြိမ်၊ ချီဆောင်ခြင်းလူမှုကယ်ဆယ်ရေး အသင်းရဲ့ ဖော်ပြချက်မှာ တော့ ယာဉ်တိုက်မှု ၃ကြိမ်ဖြစ်ပွားခဲ့တယ်လို့ လူမှုကယ်ဆယ်ရေး အသင်းတွေရဲ့ တာဝန်ရှိသူတွေက KNGကိုပြောပါတယ်။

အလားတူဒီယာဉ်တိုက်မှုတွေ မကြာခနဖြစ်နေတဲ့အပေါ် ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေး အသင်းရဲ့ အဖွဲ့ဝင်တစ်ဦးကတော့ ခုလိုပြောပါတယ်။

ယာဉ်တိုက်မှုတွေကတော့ ညဘက်ပိုင်းပိုဖြစ်တယ် အမျိုးသား တွေပိုဖြစ်တယ် ၂၅ ဝန်းကျင်အရွယ်တွေပေါ့ သောက်စားထားတာတွေလည်းပါတယ် တချို့ဆိုကားတိုက်ပြီးမောင်းပြေးသွားကြတာလို့ သူကဆိုပါတယ်။

အခုလိုလို ယာဉ်တိုက်မှုတွေမကြာခန ဖြစ်နေတဲ့ အပေါ် ကချင်ပြည်နယ်အခြေစိုက် လူမှုကယ်ဆယ်ရေး အသင်းရဲ့အဖွဲ့ ဝင်တွေက ပြည်သူတွေအနေ နဲ့ ယာဉ်မောင်းနေတဲ့ချိန် အရက်သေစာသောက်စားထားခြင်းကိုလည်း ရှောင်ကြဉ်ပြီး လမ်းစည်းကမ်းကို သေချာလိုက်နာကြမယ်ဆိုရင် ယာဉ်တိုက်မှုတွေလျှော့နည်းလာနိုင်တယ်လို့ အကြံပြုထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာလမှာလည်း ယာဉ်တိုက်မှုပေါင်း ၆၀ကျော် ဖြစ်ပွားခဲ့ပြီး သေဆုံးမှုကတော့  ကြိမ်ထိရှိခဲ့တာဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button