သတင်း

ဖားကန့်လမ်းပိုင်းမှာ ပိုင်ရှင်မဲ့ရုပ်အလောင်းတွေ့ရှိတယ်လို့ ပြော

ကချင်လွတ်လပ်ရေးတပ်မတော် KIA သွားလာခွင့်ပိတ်ထားတဲ့ ဖားကန့် ကားလမ်းပိုင်းကို ဒီကနေ့ ပြန်ဖွင့်ပေးလိုက်ပြီး ကားလမ်းပိုင်းမှာ အမျိုသားတစ်ယောက် သေဆုံးနေတဲ့ ရုပ်အလောင်းလည်း တွေ့ရှိရတယ်လို့ ဖားကန့် ဒေသခံတွေဆီးက သိရပါတယ်။

အလောင်းကဦးနောက်တွေပွင့်ထွက်နေတယ်ပြောတယ်။ အမျိုးသားတဲ့ အသက်က ၃၀ ဝန်းကျင် အဲ့နန့်ယားဖားကန့်ကားလမ်းဘေးမှာသေနေတာပေါ့ ကားသမားတွေလည်းကြောက်လို့အနီးကပ်ကြီးတော့မကြည့်ခဲ့ဘူးတဲ့လို့ ကားသမားနဲ့ ရင်းနှီးတဲ့ ဖားကန့် ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

သေဆုံးနေတဲ့ အမျိုးသားရဲ့ ရုပ်အလောင်းကို နန့်ယားကျေးရွာနဲ့ တစ်မိုင်လောက်အကွာမှာ ကားသမားတွေက တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။

နန့်ယားအနီးတဝိုက်မှာ သေဆုံးနေတဲ့ အမျိုးသားတစ်ယောက်ရဲ့ ရုပ်အလောင်းဟာ လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားတာဖြစ်နိုင်တယ်လို့ ကားသမားတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

လက်ရှိအချိန်အထိ သေဆုံးနေတဲ့အမျိုးသားရဲ့ အမည်နာမနဲ့ အချက်အလက်ကို အတည်ပြုပြောဆိုဖို့ ခက်ခဲနေကြတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာလည်း နန့်ယားကျေးရွာအနီး ဦးအေးလှိုင်ဆိုသူ လက်နက်ကြီးထိမှန်ပြီး သေဆုံးမှုရှိခဲ့ပါတယ်။

ဖားကန့် ကားလမ်းပိုင်းကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ စစ်ကောင်စီတပ်နဲ့ KIA တပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် KIA ဘက်ကနေ သွားလာခွင့်ကို ယာယီပိတ်ထားခဲ့ရာ ဒီကနေ့ ပြန်လည်ဖွင့်ပေးလိုက်တာလို့ သိရပါတယ်။

ကားလမ်းက ဒီမနက်ပဲ ပြန်ဖွင့်ပေးလိုက်တာလို့ ကားသမားတွေက ပြောလာတယ်။ လမ်းမှာတိုက်ပွဲ ဖြစ်ပွာတာမရှိတော့လို့ ပြန်ဖွင့်ပေးလိုက်တာလို့ ကားသမားတွေက ပြောပြပါတယ်လို့ သူကဆက်ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ KIA နဲ့ KPDF သိမ်းပိုက်ထားတဲ့ ဖားကန့်နန့်ယားကားလမ်းပိုင်းထဲက နန့်တိန်းကျေးရွာထဲကိုတပ်ပြန်ထိုင်ဖို့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ကစတင်ပြီး စစ်ကြောင်းထိုးလာရာကနေ နှစ်ဖက်တိုက်ပွဲ ပြင်ထန်ခဲ့လို့ကားလမ်းပိတ်ထားခဲ့တာဖြစ်ပြီးလက်ရှိအဲ့ဒီစစ်ကြောင်းဟာဖားကန့်ဘက်ပြန်ဆုပ်သွားတာကြောင့် လမ်းပိုင်းပြန်ဖွင့်လိုက်တာလို့သိရပါတယ်။

နန့်တိန်း စစ်ကောင်စီတပ်စခန်းကို ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဟာ နန့်တိန်းထဲ တပ်ပြန်ထိုင်ဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button