တိုက်ပွဲသတင်း

အောင်မြေ ၁ ၊ အောင်မြေ ၂ တစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လေယာဉ်နဲ့ လက်နက်ကြီးဖြင့်ပါ ပစ်ကူနေ

ဝိုင်းမော်မြို့နယ် အောင်မြေ() ကျေးရွာနဲ့ ရွှေညောင်ပင်ကြားက ၉ မိုင်မှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေသလို လေယာဉ်နဲ့လည်း လာရောက်ပစ်ခတ်နေတယ်လို့ သိရပါတယ်။

မတ်လ ၉ ရက်နေ့ ဒီမနက်အစောပိုင်းကနေ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ကနေ စစ်ယာဉ်တန်းနဲ့ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ခါးရှီ၊ အောင်မြေ ၁ နဲ့ အောင်မြေ ၂ တဝိုက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA PDF ပူးပေါင်းတပ်ဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန်နေတာလို့ သိရပါတယ်။

ဒီမနက် ၁၀ နာရီလောက်ကနေ စစ်တပ်က လေကြောင်းနဲ့ အောင်မြေ ၁ ကျေးရွာဘက်ကို လာရောက်ပစ်ခတ်နေသလို မြစ်ကြီးနားမြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ နဲ့ ဝိုင်းမော်မြို့  ခလရ ၅၈ တပ်ရင်းကနေလည်း  လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။

လေယာဉ်နဲ့ လာပစ်နေတယ်။ လက်နက်ကြီးနဲ့ရော ဆက်တိုက်ပစ်နေတယ်။ ဘယ်ကို ဘယ်ကိုကျတာလဲ မသိတော့ဘူး။ ဘယ်မှလည်းထွက်လို့ မရဘူး။ မြစ်ကြီးနားဘက်က လက်နက်ကြီးပစ်တာ အောင်မြေ  မှာလာကျတာ ရွာသားတွေ ထိတာရှိတယ်လို့တော့ ကြားတယ်။ ဘယ်နှယောက်ထိတယ်လည်း မသိဘူး။ အခုထိလည်း လက်နက်သံတွေ မြည်နေတုန်း။ မနေ့ညကနေ ဆက်တိုက်ပဲ။” ဟု အောင်မြေ  အနီး နေထိုင်သူဒေသခံတစ်ဦးက ပြောပါတယ်။ 

မနေ့ည ကတည်းက စစ်တပ်က အောင်မြေ ၁ နဲ့ အောင်မြေ ၂ ကျေးရွာဖက်ကို လက်နက်ကြီးပစ်ခတ်တာကြောင့် အရပ်သားထိခိုက်မှုတွေရှိတယ်လို့ သိရပေမယ့် မြေပြင်အခြေအနေ အသေးစိတ်ကို မသိရသေးပါ။

လက်ရှိ အောင်မြေ ၁၊ အောင်မြေ ၂ နဲ့ ရွှေညောင်ပင် ဒေသခံပြည်သူတချို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြ တယ်လို့လည်း သိရပါတယ်။

အခု ရွှေညောင်ပင်နဲ့ အောင်မြေသစ်ကြားပစ်နေကြတာ။ အောင်မြေ ၂ က တစ်ယောက်ကိုမှ ဖုန်းဆက်လို့မရဘူး။ အောင်မြေ ၁ ကရွာသားတွေကတော့ အားလုံးနီးပါး တိမ်းရှောင်ကြပြီပြောတယ်။ အခု မြို့ဘက်ကိုလည်း သွားလို့မရဘူး။ လမ်းပိတ်ထားတယ်။ လှုပ်လို့လည်းမရ။ ဘယ်လိုလည်းမသိတော့ဘူး။” ဟု နောင်စီပေါ ဒေသခံတစ်ဦးကပြောပါတယ်။

မတ်လ ၈ ရက်နေ့ အောင်မြေ ၁ ကျေးရွာ အင်လုံခ (Nlung Hka) တံတားမှာ တပ်စွဲတဲ့ ရွှေမင်းပြည်သူ့စစ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။

ဒါကြောင့် လက်ရှိ အဲဒီလမ်းမတစ်ကြော ပြည်သူ့စစ်အဖွဲ့တွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေတာဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button