သတင်း

မြစ်ကြီးနား နဲ့ ဝိုင်းမော်မှာ တစ်လအတွင်းယာဉ်တိုက်မှုပေါင်း အကြိမ် ၆၀ ကျော်ဖြစ်ပွား

မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့မှာ ပြီးခဲ့တဲ့ ဧပြီလတစ်လအတွင်း ယာဉ်တိုက်မှုပေါင်း အကြိမ် ၆၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတွေရဲ့ စုစည်းထားချက်အရ သိရပါတယ်။

မြစ်ကြီးနားမြို့ အခြေစိုက်လူမှုကယ်ဆယ်ရေးအသင်းတွေရဲ့ဖော်ပြချက်မှာတော့ ယာဉ်တိုက်မှုပေါင်း အကြိမ် ၅၀မှာ သေဆုံးမှုတစ်ကြိမ်ပါဝင်ပြီး ဝိုင်းမော်မြို့အခြေစိုက် မွန်မြတ်စေတာလူမှုကယ်ဆယ်ရေးအသင်းရဲ့စုစည်းထား ချက်အရ ယာဉ်တိုက်မှု ၁၁ ကြိမ်ဖြစ်ပွားခဲ့တဲ့ထဲမှာ သေဆုံးမှု တစ်ကြိမ်ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလမှာ ဖြစ်ခဲ့တဲ့ယာဉ်တိုက်မှုတွေကတော့  သင်္ကြန်ကာလဖြစ်တဲ့အတွက် ပိုပြီးအဖြစ်များလာတယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေးအသင်းရဲ့အဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။

ဒီလကတော့ သင်္ကြန်ကာလ  ရက်မှာ အများဆုံး ဖြစ်သွားတယ် လူငယ်တွေနဲ့ အဖိုးအဖွားအရွယ်တွေ ပိုပြီးမှဖြစ်သွားတာပေါ့ ဖြစ်တာက ညနေစောင်းစောင်း အချိန်တွေမှာဟုတ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ယာဉ်တိုက်မှုတွေ လျှော့နည်းလာအောင် မိဘပြည်သူတွေအနေနဲ့ ယာဉ်မောင်းနှင်တဲ့အခါ အရက်သေစာသေက်စားပြီးမောင်းတာ၊ အရှိန်မလျော့ဘဲမောင်းနှင်တာတွေ မလုပ်ကြဖို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရဲ့ အဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။

အဓိကတော့ အရက်သေစာကြောင့်ပေါ့ ဖြစ်တာဆိုတော့ မူးရင်မမောင်းနဲ့ မောင်းရင်မမူးနဲ့ပေါ့ တချိုု့ကြပြန်တော့လည်း မူးရင်လည်း မမူးရင်လည်း အရှိန်ပြင်းပြင်းမောင်းတာပေါ့ ဒါကြောင့်မို့လို့ အရှိန်တွေလျှော့ပြီး မောင်းစေချင်ပါတယ်လို့ သူကအကြံပြုပါတယ်။

မြစ်ကြီးနား မြို့မှာ ၂၀၂၄ခုနှစ်ကစပြီး ဇန်နဝါရီလတစ်လအတွင်း ယာဉ်တိုက်မှုပေါင်း ၅၀ကျော်မှာ သေဆုံးသူ ၄ဦး၊ ဖေဖော်ဝါရီလမှာတော့ ယာဉ်တိုက်မှုပေါင်း ၃၄ကြိမ်မှာ သေဆုံးသူ  ဦးထိရှိခဲ့တာဖြစ်ပြီး မတ်လမှာတော့ ယာဉ်တိုက်မှုပေါင်း ၇၀ ကျော်ပြီးပွားခဲ့ထဲမှာ သေဆုံးသူနှစ်ဦးထိရှိခဲ့တာဘဲ ဖြစ်ပါတယ်။

 By – Hope 

Show More

Related Articles

Back to top button