သတင်း

မြစ်ကြီးနားအကျဉ်းထောင်ဆူပူမှုမှာ  နိုင်ကျဉ်းသား ၁၃ ဦးကို ပြစ်ဒဏ်ထပ်ပြီးချမှတ်နေတယ်လို့ PPNMပြော

မြစ်ကြီးနားအကျည်းဦးစီးထောင် ဆူပူမှုမှာ နိုင်ငံရေးအကျဉ်းသားအပါအဝင်အကျဉ်းသား ၁၃ ဦးကို ထောင်ဒဏ်ပြန်လည်တိုးမြင့်ချမှတ်တာဟာ လူအခွင့်အရေးကို ချိုးဖောက်နေတာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ကိုသိုက်ထွန်းဦးက KNG ကိုပြောပါတယ်။

ဧပြီလ ၁၈ ရက် ညနေ ၄ နာရီဝန်းကျင် မြစ်ကြီးနားအကျဉ်းထောင် အဆောင် ၆ နဲ့အဆောင် ၇ မှာ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား တစ်ချို့ကစစ်ကောင်စီကပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့် တန်းတူမရှိတဲ့အပေါ် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

အဲဒီဆန္ဒပြမှုမှာ စစ်ကောင်စီက ပစ်ခတ်နှိမ်နင်းတွေ ပြုလုပ်တဲ့အတွက် နိုင်ငံရေးအကျဉ်းသားများ အပါအဝင် ၄ ဦးသေဆုံးပြီး ၁၃ ဦး ဖမ်းဆီးခံခဲ့ရတာဘဲ ဖြစ်ပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ အကျဉ်းသား ၁၃ ဦးကို ၁၁ ရက်ကြာ ဧပြီလ ၂၉ရက်နေ့မှာ ထောင်ပြင်ပမြို့နယ်တရားရုံးသို့ လူမသိသူမသိခေါ်ထုတ်ကာ ပြည်သူပိုင်ပစ္စည်းဖျက်စီးမှု ပုဒ်မ ၆ () ၊ ၆၆ () တို့နဲ့ ထောင်ဒဏ် ၃ နှစ် ၆ လစီ ထပ်ပြီး ချမှတ်ခဲ့တာဖြစ်ပါတယ်။

ခုလိုမတရားတဖြင့် ထောင်ဒဏ်ထပ်ချမှတ်လိုက်တာဟာ လူအခွင့်အရေးချိုးဖောက်နေခြင်းဖြစ်တယ်လို့ PPNM အဖွဲ့မှ ကိုသိုက်ထွန်းဦး က KNG ကို ခုလိုပြောပါတယ်။

လူ့အခွင့်အရေးအရ တရားသူကြီးတွေကပါ လူ့အခွင့်အရေးကြေညာစာတမ်းက အပိုဒ်()/()/()/(၁၀)ကို ချိုးဖောက်နေတယ်လိုပြောလိုရပါတယ်။ ကောင်စီအလိုကျ လိုက်လံလုပ်ဆောင်နေတာဖြစ်ပြီး အမှန်တကယ်ကျူးလွန်နေတဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေကိုတော့ ဘာမှထိထိရောက်ရောက်အပြစ်ပေးခြင်းမရှိတာကို ကြည့်ရင်ပျက်ယွင်းနေတဲ့ တရားစီရင်ရေးကိုပါ ပိုပြီးတွေ့လာရတယ်လိုပြောလိုရပါတယ်လို့ ဆိုပါတယ်။

ထပ်တိုးပြစ်ဒဏ် ၃ နှစ် ၇ လ ထပ်ပြီးချမှတ်ခံရတဲ့  နိုင်ငံရေးအကျဉ်းသား‌တွေဟာ ပုဒ်မ ၁၉ (က) နှင့် ၁၉ () တို့ဖြင့် ထောင်ဒဏ် ၅ နှစ် ၃ လ အမိန့် ချမှတ်ခံထားရသူတွေဟာ ကိုထွန်းမြင့်အောင်၊ ကိုကောင်းစံဟိန်း၊ ကိုချမ်းမင်းမင်းတို့ဖြစ်ပြီး နောက်ထပ် ကိုအောင်ကျော်ဇင်၊ ကိုအာကာစိုးစံ အပါအဝင် စုစုပေါင်း ၁၃ ဦးကလည်း ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခြင်းခံထားရသူတွေဖြစ်ပါတယ်။

သူတို့က အရင်ပြစ်ဒဏ်က လွတ်ရက်စေ့သွားရင်ထောင်တွင်းပြစ်ဒဏ်ကို ထပ်ပြီးလျော့ရက်ခံစားခွင့်မရပဲ နေကြရအုန်းမှာခင်ဗျာ။ ဒါကြောင့် အကျဉ်းထောင်တွေမှာ လူ့အခွင့်အရေးကို ရည်ရွယ်ချက်ရှိရှိကို ချိုးဖောက်နေကြတာလို့ပြောလို့ ရပါတယ်လို့ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ထောင်ဒဏ်ထပ်တိုး ချမှတ်ခံထားရတဲ့ အကျဉ်းသား ၁၃ ဦးကို တိုက်ပိတ်ပြစ်ဒဏ်တွေချမှတ်ထားပြီး မိသားစုဝင်တွေရဲ့ ပါဆယ်ပို့ဆောင်ခွင့်တွေကိုလည်း ပိတ်ပင်ခြင်းခံထားရတယ်လို့ သိရှိရပါသည်။

ဒါ့အပြင် ဧပြီလ ၂၄ရက်နေ့က ဖမ်းဆီးခံထားရတဲ့ အကျဉ်းထောင်ဆရာဝန် အပါအဝင် အကျဉ်းထောင်ဝန်ထမ်း ၅ဦးထဲက အောက်ခြေဝန်ထမ်းတွေကိုလည်း ပြစ်မှု့စီရင်ပြီး ထောင်ချလိုက်တယ်လို့တော့ကြား သိရပါတယ်။

အဲဒီထဲက ထောင်အရာရှိ ၂ ယောက်ကိုတော့ အကျယ်ချုပ်နဲ့ထားပြီး တရားမစီရင်ရသေးဘူးလို့ သိရှိရပြီး ထောင်ဆရာဝန်ကိုတော့ ဝန်ကြီးဌာနချင်းမတူတဲ့အတွက် ကျန်းမာရေးဌာနကို ပြန်လွဲပြောင်းပြီး မန္တလေးကို ပြောင်းရွေ့လိုက်တယ်လို့တော့သိထားရပါတယ်။

ဒါပေမယ့်လည်း အဆိုပါပစ်ခတ်မှုကို အဓိကအမိန့်ပေးစေခိုင်းတဲ့သူဖြစ်တဲ့ ညွန်ကြားရေးမှူး ဦးကျော်စိုးကတော့ ကင်းလွတ်နေဆဲဖြစ်တယ်လို့ PPNM အဖွဲ့ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPရဲ့  ၂၀၂၄ မေလ ၂၄ရက် ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ စစ်ကောင်စီက မတရားဖမ်းဆီးထားတဲ့ အကျဉ်းသား ဦးရေဟာ ၂၆၇၂၈ဦးရှိပြီး အဲဒီထဲမှာမှ ပစ်ဒဏ်ချမှတ်ခံရသူတွေကတော့ ၉၀၁၅ဦးထိရှိခဲ့တာဘဲ ဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button