အင်တာဗျူး

ကြိုတင်မဲပေးကြဖို့ ထုတ်ပြန်ချက်အပေါ် ထိုင်းရောက်မြန်မာတွေဘာပြောလဲ

မဲမသမာကြောင့်လိုဆိုကာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကဟာ  ထိုင်းရောက် မြန်မာ‌နိုင်ငံသား‌တွေကို ဘန်ကောက်မြို့ရှိ စစ်ကောင်စီအောက် မြန်မာသံရုံးမှာ လာမယ့် စနေနေ့နဲ့ တနင်္ဂနွေ ကြိုတင်မဲလာ‌ပေးဖို့ဆိုပြီး ဒီဇင်ဘာ ၁ရက်နေ့က ထုတ်ပြန်ကြေငြာထားတာဘဲ ဖြစ်ပါတယ်။

International Organization for Migration (IOM)  ရဲ့ ၂၀၂၅ ဇန်နဝါရီလထဲမှာ အစီရင်ခံချက်အရဆိုရင်  ၂၀၂၄ ခုနှစ် ဇူလိုင်အထိ ထိုင်းနိုင်ငံထဲမှာ  မြန်မာနိုင်ငံသားအားလုံး ပေါင်းရင် ခန့်မှန်းချေ .၇သန်းရှိတယ်လို့ ဖော်ပြထားတာ  ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီလူတွေထဲက ကြိုတင်မဲပေးမယ့်သူတွေဟာ ပြီးခဲ့တဲ့ ၁၀လပိုင်း ၁၅ ရက်နေ့ ပုံစံ ၁၅ပေးပို့ခဲ့တဲ့ သူတွေ ဖြစ်ရမှာ ဖြစ်ပြီးတော့ နိုင်ငံသားစိစစ်ရေးကတ် မူရင်း/မိတ်တူနဲ့ နိုင်ငံကူး လက်မှတ် မူရင်းလည်း ယူဆောင်လာရမယ်လို့ ရေးသား ဖော်ပြထားတာဘဲ ဖြစ်ပါတယ်။

ပုံစံ ၁၅ ဆိုတာကတော့ မဲပေးမဲ့သူက ကိုယ့်နဲ့ သက်ဆိုင်တဲ့နေရာဒေသမှာ ရှိမနေတဲ့အချိန်မျိုးမှာ ကိုယ်ကလက်ရှိရောက်နေတဲ့နေရာက မဲပေးချင်တဲ့အခါ ဖြည့်ရတဲ့ ကိုယ်ရေးအကျဥ်းပုံစံမျိုး ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီဟာ ရွေးကောက်ပွဲ ဝေဖန်သူတွေနဲ့ မဲဆွယ်ဆိုင်းဘုတ်ဖျက်ဆီးသူတွေကို ပြင်းထန်စွာ ဖမ်းဆီးအရေးယူနေတာတွေအပြင် နေရာအနှံ့လေယာဥ်ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် သေဆုံးသူတွေလည်း အများအပြားရှိနေပြီ ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိ စစ်ကောင်စီအနေနဲ့ ထိုင်းနိုင်ငံမှာ ကြိုတင်မဲတွေ ကောက်ခံနေတဲ့ အပေါ် ထိုင်းနိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာတွေကနေပြီးတော့ ဘယ်လို မြင်ကြလဲဆိုတာကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဘန်ကောက်မြို့မှာ ကျောင်းတက်နေတဲ့ လူငယ်တစ်ဦး

ထိုင်းနိုင်ငံ မြန်မာသံရုံးကနေပြီးတော့ ဒီဇင်ဘာမှာလုပ်မယ့် ရွေးကောက်ပွဲနဲ့ ပက်သက်ပြီး ထိုင်းနိုင်ငံရောက်နေတဲ့ မြန်မာတွေကနေပြီးတော့ ကြိုတင်မဲထည့်ဖို့ စာထုတ်ပြန်တာကို တွေ့ရတယ်။ ကျွန်တော်တစ်‌ယောက်တည်းရဲ့ အမြင်အရဆို တရားမျှတမှု မရှိဘူးလို့ မြင်တယ် ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ ၂၀၂၀ခုနှစ်တုန်းက ကျွန်တော်တို့ တိုင်းပြည်မှာ ကျွန်တော်တို့ ကြိုက်နှစ်သက်တဲ့ ‌ခေါင်းဆောင်တွေ ပါတီတွေကို မဲပေးခဲ့ပြီးပြီ။ ဒါပေမယ့်လည်း အကြမ်းဖက်စစ်ကောင်စီရဲ့ ယုတ်မာမှုကြောင့် ကျွန်တော်တို့ ထည့်ထားတဲ့ မဲတွေက မဟုတ်တော့ဘူး။ ရွေးကောက်ပွဲရဲ့ ရလဒ်က မဟုတ်တဲ့ဘက်ကို ရောက်သွားတယ်။ ဒါကြောင့် စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲလည်း တရားမျှတမှု ရှိလာမှာ မဟုတ်ဘူးလို့ ကျွန်တော့်အနေနဲ့ မြင်မိတယ်။ ကျွန်တော်ကနေပြီးတော့လည်း ကြိုတင်မဲကို ထည့်လာဖို့ အကြောင်းမရှိဘူး။ တကယ်လည်း မဲပေးဖို့ အကြောင်းမရှိဘူး။ ကျွန်တော်တို့ ပြည်သူတွေလည်း တွေးကြည့်ရအောင် လွန်ခဲ့တဲ့အချိန်မှာတောင် တရားမျှတမှု မရှိခဲ့တာ စစ်ကောင်စီ ပြန်ခေါ်လုပ်တဲ့ ရွေးကောက်ပွဲကလည်း တရားမျှတမှု ရှိလာမှာ မဟုတ်ဘူးလို မြင်မိတယ်

ထိုင်းနိုင်ငံမှာ ကျောင်းတက်နေတဲ့ ကျောင်းသူတစ်ဦး

မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ရွေးကောက်ပွဲကို ထောက်ခံလား မထောက်ခံလားဆိုတာကတော့ သိသာပါတယ်။ ကိုယ်တိုင်ကလည်း ဒီထိုင်းကိုရောက်နေတယ်။ ပြီးတော့ ဒီမှာဘဲ ကျောင်းမှာ ပညာဆက်သင်ယူနေတယ်ဆိုတော့ ရှင်းရှင်းပြောရရင်တော့ လုံးဝ မ‌ထောက်ခံဘူးပေါ့နော။ ဟိုမှာလည်း CDMလုပ်လာတဲ့ ကျောင်းသားဆိုတော့။ ဘာဖြစ်လို့ မထောက်ခံလဲဆိုတော့ ဒီရွေးကောက်ပွဲက ယုံကြည်ရတဲ့သူတွေ လုပ်တာလား မဟုတ်ဘူးလေနော။ မယုံကြည်ရတဲ့ သူတွေလေနော။ ပြီးတော့ ဒီရွေးကောက်ပွဲကို ကျင်းပနေတဲ့သူတွေက လူ့အခွင့်အရေးကို ချိုးဖောက်နေတဲ့ သူတွေလို့ မြင်တယ်ပေါ့နော။ ကိုယ်တစ်ဦးတစ်ယောက်တည်း အမြင်အရဆိုရင် ကိုယ်က သူတို့ကို မဲပေးလိုက်ပြီဆိုရင် ကိုယ်ကလည်း လူအခွင့်အရေးချိုးဖောက်တဲ့သူတွေထဲက တစ်ဦးအပါအဝင်ဖြစ်သွားမှာဘဲ။ ဆိုတော့ အဲဒီကိစ္စတွေကြောင့် ဒီဟာတွေက မဖြစ်သင့်ဘူးလို့ ထင်တယ်

ဘန်ကောက်မြို့ရှိ မြန်မာလူငယ် အမျိုးသားတစ်ဦး

ထည့်သင့် မထည့်သင့်ဆိုတာက ကိုယ်ရဲ့ စိတ်ကြိုက်ဘဲပေါ့။ ကျွန်တော့်အနေနဲ့ဆိုရင်တော့ ထည့်ဖို့ မစဥ်းစားထားဘူး။ ဘာလို့လဲဆိုတော့ အရင်က ပြည်သူတွေရွေးချယ်ပြီတက်လာတဲ့ အစိုးရတွေကနေပြီးတော့လုပ်တဲ့ ရွေးကောက်ပွဲလည်း မဟုတ်ဘူး။ free and fair( လွတ်လပ်ပြီး မျှတမှုမဖြစ်ဘူးဆိုတာကိုတော့ ပြောစရာတောင်မလိုတော့ဘူး။ ၂၀၂၀ခုနှစ်ကနဲ့ အခုလုပ်တာကို နှိုင်းယှဥ်ကြည့်လိုရှိရင် မဲဆွယ်တာနဲ့ ပက်သက်ပြီး ပြည်သူလူထုကနေပြီးတော့ feedback ပေးတာ ကောမန့်ပေးတာ အကုန်လုံးကို သူတို့က လက်မခံဘူး။ သူတို့ ကနေပြီးတော့ ဥပဒေတွေထုတ်ထားပြီး ကန့်သတ်ထားတာကို တွေ့ရတယ်။ စကားပြောတာတွေ အရမ်းသတိထားရတယ်။ အမှန်ဆိုရင် ရွေးကောက်ပွဲဆိုတာက ကိုယ်ကြိုက်တယ် မကြိုက်ဘူးဆိုတာကို ဝေဖန်လို့ရတယ်။ ဝေဖန်ပိုင်ခွင့်ရှိရမယ်။ သုံးသပ်နိုင်ခွင့်ရှိရမယ်။ ဒါပေမယ့်လည်း သူတို့က အဲလိုမျိုးတွေကို လက်မခံဘူးဆိုတာကို မြင်လို့ရှိရင် free and fair( လွတ်လပ်ပြီး မျှတမှုမရှိတာက ထင်ရှားတယ်။ ပြီးတော့ အနုပညာရှင်တွေကိုလည်း သူတို့ စိတ်ဝင်စားတယ် စိတ်မဝင်စားဘူး ဆိုတာထက် သူတို့ရဲ့ ရွေးကောက်ပွဲမှာ ပါဝင်ပြီး အသံထွက်ဖို့ အသုံးချနေတာကို တွေ့ရတယ်။ ဒါတွေကို မြင်နေ ကြားနေရတော့  free and fair မဖြစ်ဘူးဆိုတာကို စကားနဲ့တောင် ပြောစရာ မလိုတော့ဘူးလို့ ထင်တယ်

ချင်းမိုင်မြို့မှာ အလုပ်လုပ်ကိုင် နေတဲ့ အမျိုးသမီးတစ်ဦး

ကျွန်မအမြင်ပြောရမယ်ဆိုရင် ဘန်ကောက်သံရုံးကနေ ထုတ်ပြန်တယ်ဆိုတာ မဖြစ်သင့်ဘူးပေါ့နော။ တခြားအချိန်ဆိုရင်တော့ မပြောလိုပါဘူး။ သူတို့က တိုင်းပြည်ကို လက်ဝါးကြီးအုပ်ထားပြီးတော့ မထားတဲ့နည်းလမ်းနဲ့ အုပ်ချုပ်နေတာဆိုတော့ ဖြစ်နိုင်ရင်တော့ မဲက မထည့်တာ ပိုကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မဲအဲတစ်ခုထည့်လိုက်တဲ့အတွက်ကြောင့် တိုင်းပြည်ကို ပြောင်းလဲသွားစေနိုင်တော့။ အရမ်းအတင်းအကြပ်ကြီး မဟုတ်ရင်တော့ မထည့်တာတို့ မကောင်းတာတို့ ပိုကောင်းပါတယ်။

ဘန်ကောက်မြို့မှာ အလုပ်လုပ်နေတဲ့ အိမ်ထောင်သည် အမျိုးသားတစ်ဦး

သူတို့လုပ်တဲ့ ရွေးကောက်ပွဲက အထမှ မမြောက်တာ NLDအသင်းတွေကို မထည့်ခိုင်းဘူး မပါခိုင်းဘူးဆိုတော့။ ပြည်သူလူထုထောက်ခံတာက အဲအသင်းဆိုတော့ မင်းအောင်လှိုင်က အဲအသင်းကို မပါခိုင်းတော့ ငါတို့က ဘာသွားထည့်ရတော့မလဲ။ လူတွေအားလုံးထင်တဲ့အတိုင်းဘဲလေ ဘယ်သူမှ မလုံခြုံဘူး။ ပုံမှန်တော့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ သူတို့ဘဲမဟုတ်ဘူး ကြိုက်တဲ့လူတက် အရင်ကအတိုင်းတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ထည့်မယ်ဆိုရင်လည်း ငါတို့ထောက်ခံတဲ့ အသင်းမှ မပါတော့ ငါတို့ ဘာဖြစ်လို့ ထည့်ရတော့မှာတုန်း အဲတာကြောင့် မထည့်ဘူးလေ

By – Hope

Show More

Related Articles

Back to top button