တိုက်ပွဲသတင်း

ကွတ်ခိုင်၊ ဟူနောင် အနီးမှာ စစ်ကောင်စီနဲ့ KIA တို့ တိုက်ပွဲ ဖြစ်ပွား

ကွတ်ခိုင်မြို့နယ် ဟူနောင်ရွာအနီးမှာ ဧပြီလ ၁၀ ရက်ညနေပိုင်း ၆ နာရီခွဲ ဝန်းကျင်ခန့်ကစ စစ်ကောင်စီနဲ့ KIA တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

“လမ်းတောင် ၂ ထပ်ပုံစံ ဖြစ်နေတာလေ။ နှစ်ထပ်ကွေ့။ သူတို့ နေရာယူနေတဲ့ နေရာမှာထဲ ပစ်ထည့်လိုက်တာ။”လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူက ပြောပါတယ်။

ကွတ်ခိုင်ကနေ ၉ မိုင်လောက်အကွာမှာ ရှိတဲ့ ဟူနောင်မှာ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“၁၅ မိနစ်၊ မိနစ် ၂၀ လောက် ပဲ။ လာပစ်ပြီးတော့ ပြေးသွားပြီလေ။ လာပစ်ပြီးတော့ ရှောင်သွားပြီလေ။ အဲမှာကျန်နေတာက သူတို့ဘာသာ ပစ်နေကြတာ။ အထိအခိုက်တော့ မသိရသေးဘူး” လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။

ကွတ်ခိုင် မူဆယ် ပြည်ထောင်စုလမ်းမပေါ်မှာလည်း ဧပြီလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်ကတည်းက စစ်ကောင်စီတပ် အင်အား ၆၀ ဝန်းကျင်ခန့် ခြေလျင် လှုပ်ရှားသွားလာနေကြတယ်လို့ ခရီးသွား ပြည်သူတွေဆီက သိရပါတယ်။

ကွတ်ခိုင်မြို့နယ်မှာ စစ်ကောင်စီ နဲ့အတူ ပြည်သူ့စစ်တပ်များ၊ တိုင်းရင်းသားတော်လှန်ရေးတပ်များ လှုပ်ရှားသွားလာပြီး ပုံမှန် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပါတယ်။

Show More

Related Articles

Back to top button