စစ်ပြေးဒုက္ခသည်များသတင်း

ဝူယန်စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်နဲ့ မသန်စွမ်းတွေအတွက် ဆေးဝါး၊ အစားသောက်ကူညီထောက်ပံ့မှုလိုအပ်နေ

ကချင်ပြည်နယ် ဝိုင်းမော်မြို့ ဒိန်ဂျာယန်ကျေးရွာ စစ်ရှောင်စခန်းမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်နဲ့ မသန်စွမ်းတွေအတွက် ဆေးဝါး၊ အစားသောက်အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံတစ်ဦးက KNG ကိုပြောပါတယ်။

စစ်ရေးအခြေနေကြောင့် ဝူယန်ကျေးရွာကနေ ဒိန်ဂျာယန်ကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဝူယန်စစ်ရှောင်တွေဟာ အိမ်ခြေ ၂၀ ရှိတဲ့အထဲကနေ  မသန်စွမ်း ၁၅ ဦးနဲ့ ကိုယ်ဝန်ဆောင်မိခင်  ဦး ပါဝင်တယ်လို့ သိရပါတယ်။

မသန်စွမ်းထဲမှာ ကိုယ်လက်အင်္ဂါ ၊ အမြင်အာရုံ နဲ့အကြားအာရုံချို့တဲ့သူတွေအပြင်  မွေးရာပါ ပိုလီယိုရောဂါဖြစ်သူတွေလည်း ပါဝင်တယ်လို့ သိရပြီး သာမန်လူတွေလို အလုပ်လုပ်ကိုင်နိုင်ဖို့ ခက်ခဲနေတာကြောင့် အစားသောက်ပြတ်လပ် အာဟာရချိုု့တဲ့သူတွေများလာနေတယ်လို့ သိရပါတယ်။  

ဒါကြောင့် မသန်စွမ်းတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ဆေးနဲ့အာဟာရပြည့်ဝတဲ့ အစားအစာကူညီထောက်ပံ့ဖို့ လိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံအမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။

ဒီမှာတော့ ထမင်းတောင်မနည်း စားနေရတဲ့အတွက်  တခါတလေ ဆန်ပြုတ်တောင်ပြုတ်သောက်ရတဲ့အထိဆိုတော့ အဓိကတော့ သူတို့အတွက် အာဟာပြည့်ဝတဲ့အစားအသောက်အကူအညီတွေလိုအပ်နေတာပေါ့ လမ်းခရီးလည်း ခက်ခဲတော့လို့ဆိုပါတယ်။

ဝူယန်စစ်ရှောင်စခန်းမှာ နေထိုင်သူတွေဟာ အများစုဟာ ဝူယန်ကျေးရွာကဖြစ်ပြီး လမြန်၊ခကွမ်ကျေးရွာဒေသခံတွေလည်း အနည်းအကျဉ်းပါဝင်တယ်လို့ သိရပါတယ်။ 

ဝူယန်ပြည်သူတစ်ချို့ထွက်ပြေးခိုလှုံနေတဲ့ ဒိန်ဂျာကျေးရွာဟာ ဝါးရှောင်ရွာကနေ ဆိုင်ကယ်နဲ့  နာရီကျော်သွားရတဲ့နေရာမှာရှိပြီး လမ်းပန်းဆက်သွယ်ရေးခက်တဲ့အပြင် ဝိုင်းမော်ကနေ– ဝါးရှောင်အထိ စစ်ရေးအခြေနေအရ သွားလာဖို့လည်းခက်ခဲတာကြောင့် ကူညီထောက်ပံ့မှုရဖို့လည်း ခက်ခဲနေတယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း စစ်ရှောင်စခန်းက ပြည်သူတွေ စစ်ဘေးစရှောင်ချိန်သယ်ယူလာတဲ့ စားနပ်ရိက္ခာတွေလည်း ပြတ်လတ်လာပြီလို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဖြစ်နိုင်ရင်တော့ ငွေကြေးထောက်ပံမှု အကူအညီရချင်တာပေါ့။ ဘာလို့ဆိုတော့ တစ်ချို့က ဆန်ဝယ်စားဖို့မရှိ တစ်ချို့ကတော့ ဆေးဝယ်သောက်ဖို့မရှိ တချို့ကြပြန်တော့လည်း ဆန်နဲ့ငွေကြေးတို့ချေးဌားပြီး အရင်ဖြေရှင်းထားတဲ့သူတွေရှိတော့လို့ဆိုပါတယ်။

ကချင်ပြည်နယ်နေရာအနှံ့ ပြီးခဲ့တဲ့ ဇူလိုင်လ ပထမအပတ်ရေဘေးသင့်ပြီး ကျောင်းဆောင်တွေများစွာထိခိုက်ပျက်စီးသွားတာကြောင့် ပိတ်ထားရတဲ့ ကျောင်းတွေလည်းများစွာရှိပြီး အဲဒီထဲမှာ ဒိန်ဂျာယန်ကျေးရွာက စာသင်ကျောင်းလည်းပါဝင်တယ်လို့ စစ်ရှောင်တွေက ဆိုပါတယ်။

လက်ရှိ ဒိန်ဂျန်ယန်ရွာမှာ ကျောင်းပိတ်ထားတာကြောင့် စစ်ရှောင်တွေဟာ ကလေးသူငယ်တွေရဲ့ပညာရေးအတွက် ဒိန်ဂျာယန်ကျေးရွာကနေ လဘန်ကျေးရွာဘက်ကို ထပ်ပြီးပြောင်းရွေ့နေထိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ရှောင်စခန်းတိုင်းလိုလိုမှာ မသန်စွမ်းတွေရှိနေတာဖြစ်ပြီး လဘန်ကျေးရွာက အောင်မြေ  စစ်ရှောင်စခန်းမှာ ၂၄ ဦး၊ လဘန်ကျေးရွာ ခကွမ်စစ်ရှောင်စခန်းမှာ  ဦးနဲ့  မုတ်ကျိတ်နဲ့ နောင်ခရူးကျေးရွာမှာရှိတဲ့ ခါနန်စစ်ရှောင်စခန်းမှာ ၁၀ဦး ဝန်းကျင်ရှိတယ်လို့ စစ်ရှောင်တာဝန်ခံတွေဆီကနေ သိရပါတယ်။

မတ်လ  ရက်နေ့ KIA ပူးပေါင်းတပ်တွေရဲ့စခန်းသိမ်းတိုက်ပွဲစတင်လာတဲ့ချိန်ကနေ အောင်မြေ() အောင်မြေ()၊ရွှေညောင်ပင် ကျေးရွာပြည်သူတွေ လဘန်ကျေးရွာမှာ ထွက်ပြေးတိမ်းရှောင်ကြပြီး  မေလ ၂၁ ရက်နေ့  ဝူယန်နဲ့ ခကွမ်၊ နမ့်ဝါ၊ လမြန်စတဲ့ ကျေးရွာတစ်လျှေက်ပြည်သူတွေ မုတ်ကျိတ်(MukChyik) နောင်ခယူး (Nawng Hkyu)၊ဒိန်ဂျာယန်(Ding Jayang) လဘန်ရွာစတဲ့ရွာတစ်လျှောက်မှာ ထွက်ပြေးခိုလုံနေကြတာဘဲဖြစ်ပါတယ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တစ်လျှောက်မှာ ပြီးခဲ့တဲ့ မတ်လ  ရက်နေ့ကနေ စတင်လာတဲ့ စစ်တပ်နဲ့ KIA  တပ်အကြား တိုက်ပွဲကြောင့် ဝိုင်းမော်မြို့နယ် နောင်ဟီး၊စန်းကားကျေးရွာတွေအပါအဝင် ရွာပေါင်း ၃၀ ဝန်းကျင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပြီး လက်ရှိ မိုးတွင်းကာလရောက်နေတာကြောင့် ဖျားနာသူတွေများလာနေတာဘဲဖြစ်ပါတယ်။

Myanmar Peace monitor ရဲ့ မှတ်တမ်းအရ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့ကနေ ဇူလိုင်လ ဇူလိုင်လ  ရက်နေ့အထိ နှစ်ပတ်အတွင်း နိုင်ငံတစ်ဝန်း ထပ်မံထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးရှောင် ၁၇၉၀၀ ထိရှိတယ်လို့ Burmes News International ကထုတ်ပြန်ထားသလို BNI ရဲ့မှတ်တမ်းအရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့စစ်ဘေးရှောင် ၃သန်းကျော်ရှိလာပြီလို့လည်း BNI ကဆိုထားပါတယ်။

By – Hope

Show More

Related Articles

Back to top button