သတင်း

တနိုင်းလီဒိုကားလမ်း အများပိုင်းပျက်စီးနေတဲ့အတွက် ကုန်ကားတွေ တနိုင်းရောက်ဖို့ ၃ ရက်ခန့် ကြန့်ကြာ 

ကချင်ပြည်နယ် ဟူးကောင့်ချိုင့်ဝှမ်းဒေသ  တနိုင်းလီဒိုကားလမ်းမတစ်ကြော ကားလမ်းပိုင်း  နေရာလောက်မှာ လမ်းဆိုးဆိုးရွားရွားပျက်စီးနေတဲ့အတွက်  ကုန်ကားတွေ သွားလာရေးအခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

မြစ်ကြီးနား– တနိုင်းလမ်းပိုင်း ဒွမ်ဘန်ကျေးရွာအကျော် မန်ပန်(Manpang) ကျေးရွာကနေ တနိုင်းမြို့အဝင်အထိ လမ်းပျက်စီးနေတာ လရှည်ကြာမြင့်လာတာကြောင့် ကုန်ကားတွေ မြစ်ကြီးနားကနေ တနိုင်းမြို့ထဲကို ရောက်နိုင်ဖို့ အနည်းဆုံး  ရက်လောက်အထိ ခရီးကျန့်ကြာမှုဖြစ်နေတယ်လို့ ကားသမားတစ်ဦးက KNG ကိုပြောပါတယ်။

လမ်းပျက်တဲ့နေရာတိုင်းမှာ ကားမဆွဲဘဲနဲ့ ကျော်တက်သွားနိုင်တဲ့ ကားမရှိဘူး။ အကုန်လုံးက တွဲကားတွေနဲ့ ထွန်စက်တွေနဲ့ ဆွဲရတယ်။ နောင်းမီကျေးရွာမှာတောင် အဝင်မှာကော ရွာအထွက်မှာကော  နေရာစီဆွဲရတယ်။ နောင်းမီနဲ့ ဝါရာဇွပ်ကြားမှာလည်း သုံးလေးခေါက်လောက်ဆွဲရတယ် ”လို့မြစ်ကြီးနားကနေ တနိုင်းမြို့ဘက်ကို ပုံမှန်ပြေးဆွဲနေတဲ့ ကားသမားတစ်ဦးက ပြောပါတယ်။

လက်ရှိ ကားလမ်းပိုင်းပျက်စီးနေတဲ့ နေရာတွေဟာ လီဒိုကားလမ်းမပေါ်က ကျေးရွာတစ်ကြောလုံးဖြစ်ပြီး မန်ပန်(Manpang)  နောင်းမီ(Nawng Mi)  ဝါရာဇွပ်(Wara Zup)  ရှဒူးဇွပ်(Shaduzup)  နမ်းဖျက်(Namhpyet)  ကောင်ရာ (Kawng Ra)စတဲ့ နေရာတွေမှာ လမ်းပျက်စီးနေတာလို့ပြောပါတယ်။

အဲဒီကျေးရွာတွေထဲက နောင်းမီ၊ ဝါရာဇွပ်  အောင်ရာတွေမှာက အဆိုးဆုံးဖြစ်ပြီးတော့ လမ်းပျက်စီနေတဲ့ နေရာတစ်ခုမှာ ပေ ၅၀၀ လောက်ရှည်လျာပျက်စီးနေပြီး တစ်ချို့နေရာတွေမှာက လူတစ်ရပ်စာလောက်အထိ နွံအိုင်ဖြစ်ကာ လမ်းပိုင်းပျက်စီးနေတယ်လို့ သိရပြီး ပျက်စီနေတဲ့နေရာတိုင်းလိုလို ကုန်ကားတွေဖြတ်ကျော်နိုင်ဖို့ရန်အတွက် တွဲကားနဲ့ ထွန်စက်ကြီးတွေနဲ့ ဆွဲပြီးတော့ တစ်စီးချင်းစီ ဖြည်းဖြည်းချင်းသွားနေရတယ်လို့ ကားသမားဆက်ပြောပြပါတယ်။

လမ်းပျက်နေတဲ့ နေရာတိုင်းမှာက ဆွဲရတာပဲ။ တစ်ချို့နေရာတွေက ထွက်စက်နဲ့ ဆွဲရသလို တစ်ချို့နေရာမှာက ရှိတဲ့ ကားအကြီးတွေနဲ့ဆွဲရတယ်။ ကားကြီးတွေဆိုရင် ဝင့်ကြိုး  ခု၊  ခုလောက်ဆက်ပြီးဆွဲယူရတယ်။ လမ်းပျက်တဲ့ နေရာတိုင်းမှာက ကားအစီးရေ ၅၀ နဲ့ ၁၀၀ ကြားမှာကနေ့တိုင်းလိုလိုပိတ်နေတာလို့ပြောပါတယ်။

ပိတ်မိနေတဲ့ ကုန်တင်ကားတွေကို ထွန်စက်၊ ကားကြီးတွေနဲ့ ဆွဲထုတ်ရာမှာ ကားကြီး၊ ကားသေးပေါ်မူတည်ပြီး အခကြေးငွေပေးဆောင်ရာမှာ ကားသေးတွေက တစ်စီးမှာ သုံးသောင်းနဲ့  သောင်းပေးဆောင်ရပြီး ကုန်တင်ကားကြီးတွေက တစ်စီးကို  သိန်းကနေ  သိန်းအထိပေးရတယ်လို့ ကားသမားတွေကပြောပါတယ်။

ဒီနှစ် တနိုင်းသွား လီဒိုလမ်းမပေါ် မှာ လမ်းပိုင်းပျက်စီးနေတဲ့ အခြေအနေဟာ အရင်နှစ်တွေထက်အဆိုးရွားဆုံးဖြစ်ပြီးတော့ လမ်းပိုင်းပျက်စီးနေတဲ့ ကျေးရွာက ဒေသခံပြည်သူတွေလည်း သွားလာရေးအခက်အခဲကြုံတွေ့နေကြတယ်လို့ သိရပါတယ်။

ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ တနိုင်းလီဒိုကားလမ်း အခုလို ဆိုးရွာစွာ ပျက်စီးလာတာဟာ ဆယ်စုနှစ်တစ်ခုအကြာ ယုဇနကုမ္ပဏီအသုံးပြုခဲ့တဲ့ ကားလမ်းပိုင်းကို ပြန်လည်ပြုပြင်ခြင်းမရှိဘဲ မိုးရွာသွန်းမှုကြောင့် ကားလမ်းတွေ ချိုင့်ခွက်တွေ ဖြစ်သွားကာ ကုန်ကားတွေ သွားလာလို့မရဘဲ လမ်းပိုင်းပျက်စီးသွားတာဖြစ်တယ်လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသအတွင်းမှာ ယခင်နှစ်တွေလို သဲဖို့ပြုပြင်တာတွေ၊ တာဝန်ရှိတဲ့ အစိုးရတွေ တာဝန်ယူဆောင်ရွက်တာတွေမရှိတာကြောင့် အခုလို လမ်းပိုင်းပျက်စီးနေတာလို့ ဝေဖန်ပြောဆိုနေကြတာလည်းရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာလည်း နောင်းမီနဲ့ ဝါရာဇွပ်ကျေးရွာ  ခုကြားမှာ လမ်းပိုင်းပျက်စီးတာတွေကြောင့် ကုန်ကားတွေ တစ်လဝန်းကျင်လောက်အထိ သွားလာလို့မရတဲ့ အခြေအနေမှာ ကြုံတွေ့ခဲ့ရတာလည်းရှိပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button