အင်တာဗျူး

လေကြောင်းနဲ့တိုက်ခိုက်မှုအပြင်းထန်ကြုံနေရတဲ့ ပင်လည်ဘူးတိုက်ပွဲ ဆက်သွယ်မေးမြန်းချက်

စစ်ကိုင်း– ကချင်အစပ်မှာရှိတဲ့ ပင်လည်ဘူးမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA  ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်က မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတာ တစ်လနဲ့  ရက်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။

ကောလင်းမြို့ရဲ့အနောက်မြောက်ဘက် ၂၅ မိုင်အကွာ၊ ဝန်းသိုမြို့နဲ့ ၄၁ မိုင်ကွာဝေးတဲ့နေရာမှာရှိတဲ့ ပင်လည်ဘူးမြို့ကို  KIA နဲ့  PDF ပူးပေါင်းတပ်တို့ဘက် ၂၀၂၁ ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နှစ်တိုင်းမြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတာ  ကြိမ်တိုင်တိုင်ရှိလာပြီဖြစ်ပါတယ်။ 

ဒါပေမယ့် ဒီနေ့ထိ မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ခြင်းမရှိသေးသလို ဩဂုတ်လ ၁၄ ရက်နေ့ကနေ စတင်လာတဲ့ ဒီတစ်ကြိမ်မြို့သိမ်းတိုက်ပွဲဟာ ၂၀၂၄ ခုနှစ်အတွင်း ဒုတိယအကြိမ် ထိုးစစ်ဆင်နေတဲ့တိုက်ပွဲလည်းဖြစ်ပါတယ်။

တစ်လကျော်ထိုးစစ်ဆင်နေရတဲ့ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအခြေနေဘယ်လိုရှိနေလဲဆိုတာကို ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာပါဝင်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကို KNG  က မေးမြန်းထားပါတယ်။

မေး– ပထမဆုံး ပင်လည်ဘူးတိုက်ပွဲနောက်ဆုံးအခြေနေကို ဦးစွာပြောပေးပါအုံး။

ဖြေ– ဟုတ် ဒီနေ့တစ်ရက်ထဲ တောကျောင်းဆိုတဲ့နေရာမှာ ရဲစခန်းနဲ့နီးတယ် မီတာအားဖြင့်ဆိုရင် ၁၄၆ မီတာလောက်ဘဲကွာတဲ့နေရာမှာ စစ်အင်အား လာချသွားတယ်။အဲဒါချနိုင်ဖို့ Y12  နဲ့တောက်လျှောက်ပစ်တာ နေ့လည်  နာရီဝန်းကျင်အထိ ၁၂ ကြိမ်လောက်ရှိပြီ  Mi-17 နဲ့စစ်အင်အားချနေတာ  ကြိမ်ရှိပြီ ဒါနောက်ဆုံးအခြေနေပါ။

မေး– အဲတော့ ဒီနေ့လာပို့သွားတဲ့ စစ်ကြောင်းက စစ်အင်အား ဘယ်လောက်ရှိနိုင်လဲ။ ဘယ်တပ်ရင်းဌာနချုပ်ကလဲဆိုတာကော သိရလား။

ဖြေ– စစ်အင်အားကတော့ ၁၀၀ ကျော်နိုင်တယ် ခန့်မှန်းပေါ့  ဒီနေ့ချတာက ကျနော်တို့သိရတဲ့အချက်လက်အရ မကွေးမြို့စောင့်တပ်လို့သတင်းရထားပါတယ်။

မေး– ပင်လည်ဘူး ခုလေလောဆယ်ကော စစ်တပ်ဘက်ကလည်း စစ်အင်အားဖြည့်နေတော့ နှစ်ဖက်ထိတွေ့အခြေနေဘယ်လိုရှိလဲ။

ဖြေခုနက လာချသွားတဲ့အဖွဲ့နဲ့ ကျနော်တို့အဖွဲ့တိုက်ပွဲပြင်းထန်နေပါတယ်။ ပြီးတော့ သူတို့လေကြောင်းကနေချပေးတဲ့ စစ်လက်နက်ရိက္ခာတွေကိုလည်း ကျနော်တို့ဘက်က အများကြီးသိမ်းရမိထားတာတွေရှိပါတယ်။ ဘာတွေလဲဆိုတော့ တိတိကျကျမသိရသေးဘူ။

မေးအရင်တစ်ခေါက်လည်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ပို့နေတဲ့ စစ်လက်နက်ရိက္ခာတွေကို ကာကွယ်ရေးတပ်ဘက်က သိမ်းရမိတာရှိတယ်လို့ သိရတယ် ဟုတ်လား။

ဖြေ– ဟုတ်ပါတယ်  လပိုင်း ၂၁ ရက်နေ့ လာချတဲ့ သိမ်းနိုင်တဲ့ထဲမှာ လက်နက်ခဲယမ်းနဲ့အစားသောက်အဓိကချသွားတာ ဆာလာအိတ်ရော၊သစ်သားသေတ္တာနဲ့ကော လေထီးနဲ့ချတာ။အဲချိန် လာပို့သွားတဲ့ စစ်ကြောင်းကိုလည်း ကျနော်တို့ဘက်က ဖမ်းရမိတာတွေလည်း များတယ်။

မေး– နောက်တစ်ခုက တိုက်ပွဲတစ်လတာအတွင်း ဖမ်းဆီးရမိတဲ့သုံ့ပန်းအခြေနေလေး သိရပါစေ။

ဖြေ–  ဒီနေ့လာချတာနဲ့ဆိုရင် စစ်အင်အားဖြည့်တာ  ကြိမ်ရှိပြီ ပထမလာပို့တဲ့စစ်ကြောင်းက တစ်ကြောင်းလုံး လက်နက်ချအလင်းဝင်တယ်။ ဒုတိယအကြိမ်လာပို့တဲ့စစ်ကြောင်းက အရှင်ဖမ်းမိတာရှိတယ် နောက်တစ်ခုက ခုဒီမှာပို့လာတဲ့စစ်သားတွေက အောက်ပိုင်းကနေပို့လာတာဆိုတော့ ဒီဘက်ကို သူတို့နယ်မြေမကျွမ်းဘူး အဲတော့လမ်းမှားပြီး ကျနော်တို့ဘက်ကို ထွက်ပြေးလာတဲ့သူတွေလည်းရှိတယ်။ ပြီးတော့ တစ်ချို့ကစစ်မတိုက်ချင်တော့ဘူးဆိုပြီး ထွက်ပြေးသွားတဲ့သူတွေကိုဖမ်းရမိတာရှိတယ်။ဖမ်းဆီးရမိတာ၊သုံ့ပန်းနဲ့ပေါင်းရင်တော့ ၈၀ ကျော်ပြီ။

မေးအဲဆိုရင် လက်ရှိ ပင်လည်ဘူးမြို့ထဲ ဘယ်နေရာ၊ဘယ်စခန်းတွေ ကျန်သေးလဲ။

ဖြေ– ခုမြို့ထဲကရဲစခန်းနဲ့အာရှဘဏ်ကုန်းဘဲကျန်တော့တယ် ကျန်တာအကုန်ရပြီ။ ဒီနေရာကို လက်မလွတ်အောင် စစ်တပ်က အပြင်းထန်လေကြောင်းသုံးနေတာ မသိရင် အပြည်ပြည်ဆိုင်ရာလေဆိပ်လားထင်ရတယ်။ နေ့တိုင်းလာပစ်တယ် မပစ်တဲ့နေ့မရှိသလောက်ပါဘဲ။ နေ့တိုင်းတိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေဆဲအခြေနေဖြစ်ပါတယ်။

မေး– ပင်လည်ဘူးတိုက်ပွဲမှာ စစ်တပ်က လေကြောင်းပစ်ခတ်မှုကို အဓိကအားထားနေရတယ်လို့ ပြောချင်တာလား။

ဖြေ– သူတို့နေ့တိုင်းလာပစ်တယ် တစ်ခါလာပစ်ရင် အလုံး ၂၀၊  ပေါင် ၃၀၀ ၊ပေါင် ၅၀၀ ဗုံး၊ပေါင် ၁၀၀၀ ဗုံး၊ပြီးရင် ကလပ်စတာဗုံးလည်းသုံးနေတယ်လို့ ခန့်မှန်းလို့ရတယ်။ ကလပ်စတာဗုံးတီးဆိုတာ ဘာကိုကြည့်ပြီးပြောနိုင်တာလဲဆိုရင် သူကတစ်ခြားဗုံးတွေနဲ့မတူဘူး ဗုံးပေါက်ကွဲတဲ့ပုံစံကအစ ဒါကြောင့် ကလပ်စတာတွေလည်း သုံးနေတယ်လို့ခန့်မှန်းလို့ရတာ။

မေး– ခုဒီနေရာစခန်းတွေမှာ စစ်အင်အား ဘယ်လောက်ရှိနိုင်သေးလဲ။ဘယ်တပ်တွေအများဆုံးပါဝင်လဲ 

ဖြေ– ရဲစခန်းမှာ ၁၀၀ ဝန်းကျင်ရှိမယ်လို့ခန့်မှန်းရတယ်။ အဲထဲမှာ ရဲမေ ၃၀ လောက်ပါတယ်။ ကျန်တာက ဒဏ်ရာရထားတဲ့သူတွေရော မရတဲ့သူတွေရော အားလုံးပေါင်းရင် အဲလောက်ရှိမယ်။နောက် အာရှဘဏ်ကုန်းကလည်း ၁၀၀ ဝန်းကျင်ဘဲ အဲမှာခုဆိုရင်ဘန်ကာတွေ အသစ်ထပ်ဆောက်နေကြတယ်။စစ်ကောင်စီတပ်အပြင် ပျူစောထီး၊ ဘုန်းဘုန်းဝါသဝရဲ့ပြည်သူ့စစ် ပြီးရင် SNA တွေလည်းပါတယ်။ စစ်အင်အားတော့ ခန့်မှန်းရခက်နေတယ်။ 

မေး– ခုပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ ကာကွယ်ရေးတပ်ဘက်က  ရာခိုင်နှုန်းအားဖြင့် ဘယ်လောက်လောက်ထိန်းချုပ်ထားနိုင်ပြီလို့ပြောလို့ရမလဲ။

ဖြေ– မြို့ကို ၇၀ ရာခိုင်နှုန်းတော့ထိန်းချုပ်ထားနိုင်ပြီလို့ ပြောလို့ရတယ်။ ခုနောက်ဆုံးကျန်တဲ့စခန်းတွေကို စစ်တပ်ကလည်း အပြင်းထန်လေကြောင်းနဲ့အင်အားဖြည့် လေကြောင်းနဲ့ပစ်နေလို့ အမြန်သိမ်းဖို့ခက်နေတဲ့အခြေနေဖြစ်ပါတယ်။

မေးဖြည့်စွပ်ပြောချင်တာရှိလား

ဖြေ– မရှိပါဘူး။

By – Zami

Show More

Related Articles

Back to top button