တိုက်ပွဲသတင်း

ပင်လည်ဘူးမြို့ လက်လွှတ်လိုက်ရတဲ့ စစ်တပ် လေကြောင်းနဲ့အပြင်းထန် ပစ်ခတ်တိုက်ခိုက်နေ

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ လက်လွှတ်လိုက်ရတဲ့ စစ်တပ်က ဂျက်ဖိုက်တာ ၄ စီးအသုံးပြုပြီး လေကြာင်းပစ်ခတ်တိုက်ခိုက်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။

ခုလေယာဉ် ၄ စီးနဲ့ လာပစ်နေတယ် ၇ ကြိမ်ရှိသွားပြီ။ ပေါင် ၃၀၀ ရှ်ိတဲ့ဗုံးတွေနဲ့ချနေတယ်လို့ ပြောပါတယ်။

ပင်လည်ဘူးမြို့ကို ကချင်လွတ်လပ်ရေးတပ် KIA ၊ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်က အောက်တိုဘာလ ၈ ရက် ဒီမနက် ၅ နာရီဝန်းကျင်မှာ အပြီးသတ်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

အဲဒီနောက် ဒီနေ့ နေ့လည် ၁၁ နာရီဝန်းကျင်ကနေ စစ်တပ်ဘက်က လေကြောင်းနဲ့အပြင်းထန်လာရောက်တိုက်ခိုက်ပစ်ခတ်နေတာလည်း ဖြစ်ပါတယ်။

ပင်လည်ဘူးမြို့ကို KIA ပူးပေါင်းတပ်က ဩဂုတ်လ ၁၄ ရက်နေ့ကစတင် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲတစ်လအတွင်းနောက်ဆုံးကျန်နေတဲ့ ရဲစခန်းနဲ့အာရှဘဏ်ကုန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေရာကနေ ဒီမနက်မှာ အပြီးသတ်သိမ်းလိုက်နိုင်တာပါ။

စစ်ကောင်စီတပ်ဘက်ကလည်း ပင်လည်ဘူးမြို့မကျရေး တစ်လကျော်အကြာ လေကြောင်းနဲ့ စစ်အင်အားဖြည့်တာ၊ တိုက်ခိုက်တာ၊ မြေပြင်စစ်ကြောင်း အင်အားဖြည့်ပြီး ခုခံခဲ့ပေမယ့်  လက်လွှတ်လိုက်ရပြီဖြစ်ပါတယ်။

ခုသူတို့လူတွေမရှိတော့ဘူးဆိုတော့ အသကုန် လာဆော်နေပြီလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ပြောပါတယ်။

ပင်လည်ဘူးမြို့ကို KIA PDF ပူးပေါင်းတပ်က ဆက်ပြီး ထိန်းချုပ်ထားနိုင်ဖို့ ကြိုးစားနေပြီး တိုက်ပွဲအတွင်း စစ်တပ်ရဲ့လက်နက်ခဲယမ်းများနဲ့ စစ်သုံ့ပန်း ၁၀၀ ထပ်မနည်းဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။

ဒါပေမယ့်  လတ်တလော စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှု ဆက်တိုက်ရှိနေတာကြောင့် အသေးစိတ်သိရဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။

By – Zami

Show More

Related Articles

Back to top button