တိုက်ပွဲသတင်း

အင်းတော်မှာ နောက်ဆုံးကျန်နေတဲ့ စစ်တပ်ခစန်းနှစ်နေရာကို လေကြောင်းနဲ့အပြင်းအထန်ကာကွယ်နေ

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ထဲက နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့တပ်စခန်းနှစ်နေရာကို စစ်ကောင်စီကလေကြောင်းနဲ့အပြင်းအထန်ကာကွယ်နေတယ်လို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

အင်းတော်မြို့နယ်ရဲစခန်းတစ်ခုလုံးလက်လွတ်ဆုံးရှုံးလိုက်ရတဲ့ စစ်ကောင်စီဟာ အင်းတော်မြို့ထဲက နောက်ဆုံးကျန်နေတဲ့ ရိက္ခာကုန်းအထိုင်တပ်နဲ့ အင်းတော်မြို့ပြင်ရှိ နဘားလမ်းဆုံအနီးက ဂျပန်လိုင်ဂူထဲက တပ်စခန်းတို့ကို လေကြောင်းသုံးပြီးအပြင်းအထန်ကာကွယ်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး KNG ကိုပြောပါတယ်။

အခုလောလောဆယ် မြို့ထဲကရိက္ခာကုန်းထဲမှာနည်းနည်းကျန်သေးတယ်။ ပြီးတော့ ဂျပန်လိုင်ဂူထဲမှာလည်း ကျန်နေသေးတယ် စစ်သားတွေကနည်းနည်းပဲကျန်နေတော့တာ။ ဒါပေမယ့်သူတို့လေယာဥ်နဲ့နေ့တိုင်းလာကြဲနေတော့ဒီဘက်ကဝင်မရဘူး တစ်ရက်ကို နှစ်ကြိမ်တစ်ခါတလေးတစ်ကြိမ်အမြဲလာကျဲတယ်လို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်က အင်းတော်မြို့ဧရီယာကိုဗုံးကြဲတာအပြင်  ဒရုန်းနဲ့ပုံမှန်ကင်းထောက်နေတာတွေကြောင့် တော်လှန်ရေးတပ်တွေဘက်က မြို့သိမ်းနိုင်ဖို့ခက်ခဲနေပြီး စက်တင်ဘာလကုန်းပိုင်းကတည်းကတိုက်ပွဲတစ်ဖြတ်ရပ်နားထားရတယ်လို့ သိရပါတယ်။

အခုလိုလေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် အင်းတော်မြို့ထဲမှာ ထိခိုက်ပျက်စီးမှုတွေရှိသလိုမြို့နဲ့နီးတဲ့အနီးပတ်ဝန်းကျင် ကျေးရွာပေါင်း  ရွာထက်မနည်းထိခိုက်ပျက်စီးမှုတွေများတယ်လို့ သိရပါတယ်။

မြို့သိမ်းလာပြီဆိုကတည်းကသိတဲ့အတိုင်းပဲစကစကတော့မြို့ပျက်အောင်လုပ်မှာပဲလေ။  မြို့နဲ့နီးတဲ့နားနောင်တို့ ကျော်ရွာတို့ နန့်ကင်ရွာတို့ ဘက်တွေလည်းဗုံးသီးကျလို့လူနေအိမ်ပျက်စီးတာတွေရှိတယ်လို့ အင်ပင်ကျေးရွာဒေသခံအမျိုးသမီးတစ်ဦး ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်ကအခုလိုနေယာဥ်နဲ့ဗုံးကြဲနေတဲ့အပြင် ရိက္ခာကုန်းကနေလည်း ညတိုင်းလက်နက်ကြီးပစ်ခတ်တာတွေရှိနေပြီး မြို့ဝင်မြို့ထွက်ကိုလည်းတင်းကြပ်ထားတယ်လို့ သိရပါတယ်။

အင်းတော်မြို့ခံတွေဟာ အင်းတော်မြို့မှာတိုက်ပွဲတွေစဖြစ်လာတဲ့ သြဂုတ်လကတည်းက မဲဇာရွာ၊မော်လူးနဲ့ မော်တိတ်ဒေသဘက်တွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။

အရင်ကတော့ ကျွန်မတို့ အင်ပင်တို့နန့်သာတို့ဆိုတာပြေးနေရတဲ့ရွာတွေအခုကအေးအေးဆေးဆေးဖြစ်နေပြီအားလုံးပြန်ကြပြီ။ အခုမြို့ထဲကလူတွေပဲကျွန်မတို့ရွာတွေထဲပြေးနေရတာ တစ်ပတ်တစ်ခါလောက်မြို့ထဲအိမ်ကြည့်ဘာကြည့်တော့သွားလာလို့ရတယ်ပြန်လို့တော့မရကြသေးဘူးလို့ အထက်မှာဖော်ပြခဲ့တဲ့အင်ပင်ရွာခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

လက်ရှိမှာတော့စစ်ကောင်စီက အင်းတော်မြို့နယ်တစ်ခုလုံးကိုဖုန်းလိုင်းဖြတ်တောက်ထားပြီး လေကြောင်းနဲ့နေ့တိုင်းဗုံးကြဲနေသလို အင်းတော်မြို့ကိုလည်းစစ်ကောင်စီတပ်ကထိန်းသိမ်းထားဆဲဖြစ်တာကြောင့် စစ်ရှောင်နေရတဲ့အင်းတော်မြို့ခံတွေနဲ့ ကျေးရွာနေပြည်သူတွေ နေရပ်ပြန်နိုင်ဖို့ မလွယ်ကူသေးဘူးလို့ အင်းတော်ဒေသခံတွေပြောပါတယ်။

အင်းတော်မြို့ရဲစခန်းကို KIAABSDF နဲ့အင်းတော် PDFLPDF ပူးပေါင်းတပ်တွေ ပြီးခဲ့တဲ့ သြဂုတ်လ လဆန်းပိုင်းမှာသိမ်းပိုက်ခဲ့ပြီး လက်ရှိမြို့ကိုသိမ်းဖို့ကျန်ရှိနေသေးတာကြောင့်နှစ်ဖက်စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။

အင်းတော်မြို့ဟာ ကသာခရိုင်အလယ်ပိုင်းကျသော မြို့နယ်ဖြစ်ပြီး စစ်ကိုင်း– ကချင်အစပ်၊ မြစ်ကြီးနား– မန္တလေးပြည်ထောင်စုလမ်းမပေါ်မှာတည်ရှိပါတယ်။ 

By – Zaw Zaw

Show More

Related Articles

Back to top button