ဖမ်းဆီးခံရတဲ့ သတင်းသမား ၂ ဦးပြန်လည်လွတ်မြောက်

ကချင်လွတ်လပ်ရေးတပ်မတော် KIA ဖမ်းဆီးခံထားရတဲ့ ဖားကန့်မြို့ နယ်ခံသတင်းထောက်  ဦး ပြန်လည်လွှတ်မြောက်လာပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ  ၂၉ ရက်နေ့၊ ၃၀ ရက် ဖားကန့်နယ်ခံသတင်းထောက်  ဦးဖြစ်တဲ့ ကိုတာလင်းမောင်နဲ့ ကိုနှောင်ရိုးကို KIA ဘက်က ဖမ်းဆီးသွားပြီးနောက် အောက်တိုဘာလ ၂၈ ရက်နေ့ ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။

လွတ်လာပြီ အထဲမှာ ၂၈ ရက်ကြာခဲ့တယ် ”လို့ အလွတ်တန်းသတင်းထောက် ကိုတာလင်းမောင်က ပြောပါတယ်။

ပြန်လည်လွှတ်မြောက်လာတဲ့သတင်းထောက်တွေရဲ့ ပြောဆိုချက်အရ KIA ဘက်က ဖမ်းဆီးထားချိန် ဖားကန့်မြို့နယ် မြေပြင်မှာဖြစ်နေတဲ့အခြေနေနဲ့ပတ်သက်တဲ့သတင်းတွေကို ရေးသားရာမှာ နားလည်မှုလွှဲတာတွေရှိနေတဲ့အတွက် ခေါ်ယူမေးမြန်းတာမျိုးဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖမ်းဆီးထားချိန်မှာလည်း ကိုယ်ထိလက်ရောက်ရိုက်နှက်တာမျိုးမရှိဘဲ ကောင်းကောင်းမွန်မွန်သာ ဆက်ဆံကြောင်း ပြောပါတယ်။

ဟုတ်တယ်ဗျ အောက်တိုဘာလ ၂၈ ရက်နေ့မှာလွတ်လာပါပြီ။ ဟုတ် ကျနော်တို့ကို ကောင်းမွန်စွာဆက်ဆံပါတယ်။သတင်းကိစ္စနဲ့ပတ်သက်ပြီး ခေါ်မေးတာမျိုးပါလို့ အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးက ပြောပါတယ်။

သတင်းထောက်နှစ်ဦးထဲက အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးဟာ အာဏာသိမ်းခါစ ကာလဖြစ်တဲ့ ၂၀၂၁ ခုနှစ် မတ်လ  ရက်နေ့မှာ စစ်ကောင်စီရဲ့ဖမ်းဆီးခံရပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အောက်တိုဘာလ  ရက်နေ့မှာပြန်လည်လွတ်မြောက်လာသူဖြစ်ပြီး သတင်းထောက်ကိုတာလင်းမောင်ကအာဏာမသိမ်းခင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ပြန်/ဆက်)မှာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အာဏာသိမ်းပြီးနောက် CDM ဝင်ထားကာ Red News Agency သတင်းဌာနက သတင်းထောက်ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့်အတွက် ဒုတိယအဆိုးဆုံးနိုင်ငံဖြစ်ပြီး အနည်းဆုံး သတင်းထောက် ၄၃ ဦးအကျဥ်းချခံထားရတယ်လို့ CPJ ရဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ  ရက်နေ့က ထုတ်ပြန် ချက်အရသိရပါတယ်။

By – Zami

Show More
Back to top button